/ Unicode /
ညနေခင်းနေရောင်က ကျောက်ဂူထဲတည့်တည့်
ကျရောက်နေတဲ့အတွက် ၊ အစ်ကိုက မျက်ခုံးတွေကို
တွန့်ချိုးရင်း နေရောင်လွတ်တဲ့ ကျောက်ဂူထောင့်
နားမှာ အသာလေးကပ်ထိုင်တယ် ။ အစက သိပ်
မသိသာပေမယ့် ၊ အစ်ကိုဂျီမင် ဆီကနေ * ပူလိုက်
တာ * ဆိုတဲ့ စကားကို မကြာခဏကြားနေရတဲ့အခါ
ဂျောင်ဂု မနေနိုင်တော့ပဲ နည်းလမ်းရှာရတော့တယ် ။" အစ်ကို အခု ပူသေးလား "
အစ်ကိုနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ သူမှီနေကျ
ကျောက်ကမူစွန်းပေါ် တက်ထိုင်ကာမေးတော့
အစ်ကိုက ခဏလောက်ငြိမ်နေပြီးမှ မြန်မြန်ဆန်ဆန်
ခေါင်းခါသည် ။" ဟင့်အင်းး ၊ မပူတော့ဘူး ။ hmmm! တော်သေး
တယ် ။ မင်းရှိနေလို့သာပဲ "သက်ပြင်းတစ်ချက်နဲ့ ချီးကျူးနေတဲ့ စကားမှာ
ဂျောင်ဂု မြောက်ကြွ မြောက်ကြွတောင် ဖြစ်ချင်
သွားတယ် ။ အစ်ကိုသာ အဆင်ပြေမယ်ဆိုရင်
ကျောပေါ်ကျနေတဲ့ နေရောင်စူးစူးကလည်း ဂရုစိုက်
စရာကို ဟုတ်မနေတော့တာ ။" နေကလည်း အရမ်းပူတယ်နော် ။ ဒီအချိန်ဆို
မင်းတို့ ရေအောက်ထဲမှာ အေးနေမှာပေါ့ "ခုနကလောက်နေရမခက်တော့တာမို့ ဂျီမင် စကား
ပြန်စဖို့ ကြိုးစားမိတယ် ။ ဂျွန်ဂျောင်ဂုလေးဟာ
ကျေးဇူးတင်စရာကောင်းစွာပဲ သူငြိမ်နေတဲ့ တစ်ချိန်
လုံးမှာ ၊ ဘာစကားမှမပြောပဲ တိတ်တိတ်လေး
နေပေးခဲ့တာ ။" အေးတာပေါ့ အစ်ကိုရဲ့ ။ ကျွန်တော်တို့နေရာက
ဒီရေမျက်နှာပြင်နဲ့ အဝေးကြီးပဲ "" အခု ဒီနေရာနဲ့ ဘယ်လောက်ဝေးလဲ "
" အင်းးးးး ၊ အရင်တုန်းက အစ်ကို့ဆီ လာတွေ့ရတဲ့
အချိန်ရဲ့ တစ်ဝက်လောက် "ဂျောင်ဂုရဲ့ စကားကြောင့် ဂျီမင် အချိန်တွေကို ပြန်
တွက်ရသည် ။ ဂျောင်ဂု စောစောတုန်းက ပြောခဲ့
တာက သူ့ဆီလာဖို့ အသွားအပြန်က ၄ နာရီလောက်
ကြာတယ်တဲ့ ။ ဒါဆို ပျမ်းမျှအားဖြင့် အသွားက
၂ နာရီလောက်ပေါ့ ။ အခု ဂျောင်ဂုအိမ်ကနေ ဒီကို
လာဖို့က အဲ့ဒါရဲ့တစ်ဝက်ဆိုတော့ ၁ နာရီ ။ ဒါဆိုရင်
ဒီနေရာနဲ့ Syriam ကလည်း ၁ နာရီစာလောက်
ဝေးတာပဲ ။
KAMU SEDANG MEMBACA
𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆
ParanormalThe Prince and His Little Merman Started Date : 9.10.20 ( Fri ) Ended Date : 26.11.20 (Thu )