Chapter 1

11.3K 710 80
                                    

/ Unicode /

ညနေစောင်းလို့ နေမင်းကြီးတောင် ပျောက်ကွယ်
တော့မည် ။

Syriam နိုင်ငံမှာရှိတဲ့ မြို့သူ မြို့သားတွေဟာ
နန်းတော်ရဲ့ အရှေ့ဘက် ဂိတ်တံခါးဆီ ဦးတည်သွား
နေကြတယ် ။ လူကုံထံတွေနဲ့ တစ်ချို့ပိုက်ဆံရှိတဲ့
လူလတ်တန်းစားတွေက မြင်းလှည်းတွေနဲ့ သွားကြ
သလို ၊ အခြေခံလူတန်းစားတွေကတော့ ​စကားစ
မြည်ပြောရင်း ​ဖြည်းဖြည်းမှန်မှန် ခြေလှမ်းနဲ့သာ ။
ပွဲတော်ရက်ဖြစ်တဲ့အတွက် စုဆောင်းတာလေးတွေ
ထုတ်ဝတ်ပြီး အပြန်အလှန်ကြွားနေကြတာမို့ ၊
ရယ်သံတွေ စကားပြောသံတွေ အပြည့်နဲ့ ၊
လမ်းမကြီးက အသက်ဝင်နေခဲ့တယ် ။

" ဟိုကောင်မလေးကွာ ကြည့်စမ်း "

မြင်းလှည်းပေါ်က ဆင်းလာတဲ့ အမျိုးသမီးငယ်လေး
ကို ကြည့်ရင်း ၊ လူပျိုတစ်စုက အချင်းချင်း လက်တို့
ကြသည် ။ မျက်နှာချေမှုန့် ခပ်ပါးပါးနဲ့ ပန်းနုရောင်
နှုတ်ခမ်းဆိုးဆေးကို လိမ်းခြယ်ထားတဲ့ အမျိုးသမီး
လေးက ၊ ဖြူစင်တဲ့ အသားအရည်နဲ့ အတော်လေး
ကိုလှပလွန်းတယ် ။ အဲ့ဒါအပြင် ဝတ်ထားတဲ့
ပိုးဂါဝန် အပြာဖျော့ဖျော့နဲ့ လိုက်ဖက်စွာ
ရှုးဖိနပ် အပြာရောင်လေးရယ် ၊ ခေါင်းပေါ်က
မေးသိုင်းကြိုးပါတဲ့ အပြာရောင် ဦးထုပ်အဝိုင်းကြီး
ရယ်နဲ့ ၊ ရင်ဘတ်နားမှာ တစ်ဖျတ်ဖျတ်လှုပ်နေတဲ့
အပြာရောင် ယပ်တောင်လေးရယ်က ၊ အမျိုးသမီး
ငယ်လေးကို အပြာရောင်လိပ်ပြာလေးအသွင်နဲ့
တူနေစေတယ် ။

" အေးကွာ လှလိုက်တာ ၊ ဒီကောင်မလေးမျိုးကိုသာ
အမျိုးသမီးတော်လိုက်ရရင် "

တစ်ယောက်ရဲ့ ကြိတ်မနိုင်ခဲမရ အသံက အနည်း
ငယ် ကျယ်သွားတဲ့အတွက် ၊ အမျိုးသမီးငယ်က
ကြားသွားပြီး နှာခေါင်းကို ဟန်ပါပါရှုံ့ကာ ၊ မျက်နှာ
ကို ယပ်တောင်နဲ့ ကွယ်ရင်း အဖော်တွေရှိနေရာကို
ထွက်သွားတော့သည် ။

" ဘယ်နှယ့်လဲ ကိုယ့်လူ ။ မမှီတဲ့ပန်းကို မော့တောင်
မကြည့်ပါနဲ့လို့ ငါမပြောဘူးလား "

ကျန်ခဲ့တဲ့ လူပျိုတစ်စုကတော့ ထိုတစ်ယောက်ကို
ဝိုင်းလှောင်နေသလို ၊ ထိုကောင်လေးကလည်း
ရှက်ရယ်သာ ရယ်နေရတော့တယ် ။ ကောင်မလေး
နှာခေါင်းရှုံ့လည်း ရှုံ့ချင်စရာ ။ ပွဲတော်ရက်မို့လို့
ထုတ်ဝတ်လာတဲ့ အင်္ကျီအဖြူက အရောင်အဆင်း
မရှိတော့တဲ့အပြင် ၊ ရှေ့ဘက်မှာရှိတဲ့ အတွန့်အခက်
နေရာတွေကလည်း အပေါက်ငယ်တွေတောင်
ဟိုတစ်ပေါက် ဒီပေါက်ဖြစ်နေပြီ ။ ဘောင်းဘီရှည်နဲ့
ရှူးဖိနပ်ကရော ဘာထူးလဲ ။ အနက်ရောင်ဘောင်းဘီ
က အရောင်လွင့်လို့ အဖြူတွေ တောင်ရောနေပြီး
တော့ ၊ ဖိနပ်ကလည်း တစ်ရက်လောက် အချိန်ပေး
ပြီးတိုက်ထားတာတောင်မှ တစ်ချို့နေရာတွေက
မြေဂျိုးတွေ တင်ကျန်နေတုန်းပဲ ။

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now