Chapter 5

2.9K 497 233
                                    

/ Unicode /

" ထယ်ယောင်း "

အသံလာရာကို လှမ်းကြည့်လိုက်တော့ သစ်သား
တိုင်တွေကြားကနေ မင်းသားနမ်ဂျွန်းကို တွေ့လိုက်
ရသည် ။ မင်းသားနမ်ဂျွန်းကို မြင်တာနဲ့ ဂျီမင်ကိုပါ
တွေးမိသွားတာမို့ ထယ်ယောင်း ချက်ချင်း အကြည့်
လွှဲပြီး နံရံကိုသာစိုက်ကြည့်နေလိုက်တယ် ။

" အစ်ကို့ကိုကြည့် ထယ်ယောင်း ။ စိတ်အေးအေး
ထားပြီးတော့ အစ်ကိုပြောတာ သေချာနားထောင် "

အလောသုံးဆယ်ဖြစ်နေတာကို ထိန်းချုပ်ထားဟန်
ရှိတဲ့ မင်းသားနမ်ဂျွန်းက သူထင်မထားတဲ့စကားကို
ပြောလာသည် ။

" အစ်ကို မင်းတို့ကို သစ္စာဖောက်တာ မဟုတ်ဘူး
ထယ်ယောင်း ။ အခြေအနေအရမို့လို့ အဲ့ဒီ့လိုလုပ်
လိုက်ရတာ "

" အော် အခြေအနေအရ~~~ ဂျီမင်ကိုသတ်ပြီး
တော့လား "  

သူ့စကားအဆုံးမှာ တည်တင်းသွားတဲ့ မျက်နှာ
ကြောင့် ၊ ထယ်ယောင်း * ဟက် * ခနဲ ရယ်ချပစ်
လိုက်တယ် ။

" ဘာလို့ အဲ့လိုလုပ်တာလဲ! ဘာလို့လဲ! ကျွန်တော့်
သူငယ်ချင်းက မင်းသားကို ဘယ်လောက်ချစ်လဲ
ဘယ်လောက် ယုံကြည်လဲ ဆိုတာ သိရဲ့သားနဲ့ကို
အဲ့ဒါကိုတောင်မှ မင်းသားက~~~ "

" ကင်ထယ်ယောင်း!! "

ဖြတ်အော်ချလိုက်တဲ့ အသံက နောက်ဆက်တွဲ
သက်ပြင်းအရှည်ကြီးနဲ့အတူ အဆုံးသတ်သွား
သည် ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဂျီမင်
ကိုတော့ ရအောင်ကယ်လိမ့်မယ်လို့ တွေးထားတဲ့
အတွက် ဖြစ်ပျက်သွားတဲ့ ကိစ္စတွေနဲ့ပက်သတ်ပြီး ၊
ထယ်ယောင်းလက်မခံနိုင်ပဲ အရမ်းသွေးပူနေတယ် ။

" မင်းနဲ့ဂျီမင်နဲ့က အရွယ်ရောက်မှ သိကြတာ ၊
ခင်ကြတာ ထယ်ယောင်း ။ ငါက ဂျီမင်ကို သူမွေး
ကတည်းက အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်
ခဲ့ ၊ ချစ်ခဲ့ရတာ ။ မင်းအခု ငါ့ကို မုန်းနေသလိုမျိုး
ငါလည်း ငါ့ကိုယ်ငါ မုန်းနေတယ် ။ သူနဲ့ Syriam ကို
ကာကွယ်ချင်လို့ အလျှင်စလို ဆုံးဖြတ်ချလိုက်
ပေမယ့် ၊ ငါမှားသွားပြီ ထင်တယ် ။ အခု ငါ့ညီလေး
ဒုက္ခရောက်နေပြီ "

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now