/ Unicode /
" အစ်ကိုဆော့ဂျင် ၊ ဘာဆက်လုပ်မယ်လို့ စဥ်းစား
ထားလဲ "အိမ်ထဲရောက်တာနဲ့ ကြိမ်ကုလားထိုင်မှာ ဝင်ထိုင်
လိုက်တဲ့ ဟိုဆော့က လိုရင်းကို တန်းမေးတာမို့ ၊
ဆော့ဂျင် သက်ပြင်းချရင်း ခေါင်းခါပြလိုက်သည် ။
သူတို့ အခုမှ နန်းတော်ကနေ ပြန်ရောက်တာ ။
အိမ်တော်က သခင်ကြီးတွေဖြစ်တဲ့ သူတို့တွေ
အပါအဝင် အရာရှိတွေအားလုံးကို ခေါ်ကာ ၊ ထီးနန်း
သိမ်းပြီဖြစ်ကြောင်း တရားဝင်ထပ်အသိပေးတဲ့ ၊
စစ်ဦးစီးချုပ်ရဲ့ စကားတွေကို နားထောင်ပြီး ပြန်လာ
တာဆို ပိုမှန်လိမ့်မည်။ အကြောင်းကြားစာရောက်
ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ၊ ချက်ချင်း ဖြစ်ပျက်
သွားတာ ဖြစ်တဲ့အတွက် ၊ ကြိုတင်စီစဥ်ထားတာ
မရှိတဲ့ သူတို့အားလုံးဟာ ဘာအပိုစကားမှ မဆိုနိုင်
ခဲ့ကြဘူး ။" မင်းရော ဘာစဥ်းစားထားတာရှိလဲ "
" ကျွန်တော့်မှာ ရှိနေမှတော့ ၊ အစ်ကို့ကို ပြောလိုက်
ပြီးပြီပေါ့ "အကြံဗလာဖြစ်နေတဲ့ နှစ်ယောက်သား ပြိုင်တူ
သက်ပြင်းချမိကြသည် ။ သက်ပြင်းတစ်ခါချတိုင်း
အသက်တစ်ရက်တိုရရင်ဖြင့် ၊ တစ်ညနေခင်းတင်ပဲ
တစ်နှစ်စာလောက် သက်တမ်းတိုသွားနိုင်တယ် ။" မင်းသားနမ်ဂျွန်း ငါတို့ကို သစ္စာဖောက်တယ်
ဆိုတာ ၊ ငါ မယုံနိုင်သေးဘူး "မျက်ခုံးတွေကို စုပစ်လိုက်တော့ ဟိုဆော့က စိုးရိမ်
တကြီးနဲ့ ဖြန်ဖြေပေးလာသည် ။" မင်းသား နမ်ဂျွန်းမှာ အကြောင်းအရင်းတစ်ခုခု
ရှိမှာ အစ်ကို ။ သူ့ကို အထင်မလွဲပါနဲ့ဦး ။ သူ စီစဥ်
ထားတာ တစ်ခုခုရှိနေမှာ "" ဘာအစီအစဥ်မျိုးမို့လို့ ၊ မင်းသားဂျီမင်ကိုသတ်ပြီး
ငါ့ညီနဲ့ ယွန်းဂီကိုပါ အကျဥ်းချတဲ့အထိ လုပ်ရ
တာလဲ "" အစ်ကိုယွန်းဂီကတော့ စစ်ဦးစီးချုပ်က အကျယ်
ချုပ်ထားဖို့ အမိန့်ပေးတာ ။ မင်းသားနမ်ဂျွန်း
လုပ်တာမဟုတ်ဘူးလေ "" သူတားလို့ ရရဲ့သားနဲ့ မတားတာလေ "
မကျေနပ်ခြင်းတွေ ပြည့်နှက်နေတဲ့ သူ့စကားကို
ဟိုဆော့က ဘာမှပြန်မပြောပဲ ငြိမ်သက်နေတယ် ။
အတူရှိလာခဲ့တဲ့ နှစ်တွေအရ ၊ မင်းသားနမ်ဂျွန်း အဲ့ဒီ့
လို လွယ်လွယ်နဲ့ သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ
သူ သိနေပေမယ့်လည်း ၊ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေ
ဟာ ထိုယုံကြည်ချက်ကို အနည်းနဲ့အများတော့
ထိခိုက်စေသည် ။
YOU ARE READING
𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆
ParanormalThe Prince and His Little Merman Started Date : 9.10.20 ( Fri ) Ended Date : 26.11.20 (Thu )