Chapter 3

2.9K 475 77
                                    

/ Unicode /

မနက်ခင်း နေရောင်ဖျော့ဖျော့လေးက ဆိပ်ကမ်း
တစ်ဝိုက်ကို လှလှပပ ဖြန့်ကျက်ထားသည် ။
ဆိပ်ကမ်းမှာ ရောက်နေတဲ့ လူတစ်စုကတော့
နေရောင်ခြည်ရဲ့ အလှအပကို မခံစားနိုင်ပဲ ၊
ဆိုက်ကပ်လာတဲ့သင်္ဘောကို စုစုရုံးရုံးနဲ့ တိုးကာ
ဝှေ့ကာ ကြည့်ရှုနေကြတယ် ။ သင်္ဘောပေါ်ကလူတွေ
နဲ့ အတူပါလာတဲ့ ထမ်းစင်ကို မြင်တဲ့အခါ ၊ အကုန်
လုံးဆီက စကားသံတွေ ဆူညံစွာထွက်ပေါ်လာ
တယ် ။

" ဟယ်တော် ။ အဲ့ဒါ ဂျင်ဝူးတို့ အဖေ မဟုတ်လား "

" ဘုရားရေ ။ သူ့ မိန်းမတော့ ရင်ကျိုးပါပြီ "

" အဲ့ဒါဆို ဆုတောင်းပွဲက ထပ်လုပ်ရဦးမှာပေါ့ "

" ကြည့်ရတာ နတ်ဘုရားတွေက စိတ်ဆိုးမပြေ
သေးဘူးထင်တယ် ။ ခက်တာပဲ "

တစ်ယောက်တစ်ပေါက်ထွက်ပေါ်နေတဲ့ စကားသံ
တွေ နောက်ကွယ်မှာ ၊ တစ်ချို့က စိတ်ပျက်ခြင်း
တွေ ပါဝင်ပြီး ၊ တစ်ချို့က ဝမ်းနည်းခြင်းတွေနဲ့ ။
ဒါပေမယ့် အားလုံးတူညီတာ တစ်ခုကတော့
Syriam နိုင်ငံမှာ ဖြစ်နေတဲ့ လူသေမှုကြီးကို
အမြန်ဆုံး ပျောက်သွားစေချင်တာပင်ဖြစ်သည် ။

~~~

" ကပ္ပတိန်ကင် ရောက်ရှိကြောင်းပါ အရှင်မင်းကြီး "

" ဝင်လာခဲ့ခိုင်းလိုက် "

ခမည်းတော်ဆီက အမိန့်ကိုရတာနဲ့ ချက်ချင်း အထဲ
ဝင်လာတဲ့ ထယ်ယောင်းက ၊ ကိုယ်ကိုကိုင်းညွှတ်ပြီး
အရိုအသေပြုတယ် ။

" အလောင်းကို အတည်ပြုပြီးပါပြီ အရှင်မင်းကြီး ။
အရင်တုန်းက လူသေမှုတွေလိုပဲ ၊ တစ်ကိုယ်လုံး
အနီအကွက်တွေရှိနေပါတယ် "

ထယ်ယောင်းရဲ့ စကားအဆုံး အစည်းအဝေး ခန်းမ
ထဲမှာ သက်ပြင်းချသံတွေနဲ့ ဖုံးလွှမ်းသွားတယ် ။

" သေဆုံးသူမှာ မိသားစုဘယ်နှစ်ယောက်ကျန်ခဲ့လဲ "

" အမျိုးသမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်ပါ
အရှင်မင်းကြီး "

" အဲ့ဒါဆိုရင် ကျန်ခဲ့တဲ့ မိသားစုအတွက် အရင်းအနှီး
တစ်ခုထုတ်ပေးလိုက်ပါ ကပ္ပတိန်ကင် ။ အခုလို
ဖြစ်သွားတဲ့အတွက် ထပ်တူထပ်မျှ ဝမ်းနည်း
ကြောင်းလည်း ၊ သေသေချာချာ ပြောလိုက်ပါ "

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now