Chapter 8 ( Final )

3.9K 514 157
                                    

/ Unicode /

ခပ်လှမ်းလှမ်းကလာနေတဲ့ သင်္ဘောက တဖြည်း
ဖြည်းနဲ့ နီးကပ်လာတဲ့အခါ သူ့မျက်နှာက အပြုံးတွေ
ကလည်း ပိုပီပြင်လာခဲ့သည် ။ ဘုရင်ဟာရွန် ဒီကို
လာမယ်ဆိုတာကို မနေ့ကတည်းက စာနဲ့ ကြိုတင်
အကြောင်းကြားပြီးကတည်းက သူ ရှေ့ရေးအတွက်
စိတ်ချလက်ချဖြစ်ခဲ့ရတာ ။ သူ့ဘက်က စာပို့စရာ
မလိုပဲ Fora က စပြီးဆက်သွယ်လာတယ် ဆိုတာက
တကယ်ကို ဝမ်းသာစရာကိစ္စပဲ ။ အရင်ကတည်းက
မဟာမိတ်ဖြစ်ခဲ့ဖူးသားမို့ Fora အနေနဲ့ Syriam
နဲ့ပဲ မဟာမိတ်ပြုမှာသိပေမယ့် သူက ထီးနန်းမတက်
ရသေးလို့ တံဆိပ်တုံးထုမယ့်သူ မရှိတဲ့အတွက်
ဒီကိစ္စကို ခဏအနောက်ပို့ထားရတာ ။ ပြီးတော့
သူသာ ထီးနန်းတက်ရင် ဘုရင်ဟာရွန် ဘယ်လို
တုံ့ပြန်မလဲဆိုတာကိုလည်း သိချင်မိတယ် ။ ဒါပေ
မယ့် Fora ဆီက စာကိုလက်ခံရရှိတဲ့ အချိန်မှာတော့
ဘုရင်ဟာရွန် အနေနဲ့ Syriam က ဘယ်သူပဲ ထီးနန်း
တက်တက် လက်ခံလိမ့်မယ် လို့ သူတွေးမိတယ် ။
သူ့ရဲ့ အဲ့ဒီ့ အတွေးကို မင်းသားနမ်ဂျွန်းကလည်း
ထောက်ခံ တာကြောင့် သူ တကယ်ကို စိတ်ချမ်းသာ
ရတယ် ။

သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာပဲ ဆိပ်ကမ်းဆီ
ဆိုက်ကပ်လာတဲ့ သင်္ဘောနားကို  သူရော မင်းသား
နမ်ဂျွန်းပါလျှောက်သွားလိုက်တယ် ။ သင်္ဘော
လှေကားကနေတစ်ဆင့်ဆင်းလာတဲ့ ဘုရင်ဟာရွန်
က  သူတို့ရှေ့ကို ရောက်တဲ့အခါမှာ အသာအယာ
ပြုံးပြတာကြောင့် သူတို့လည်း ခေါင်းညွှတ်ပြီး
နှုတ်ဆက်လိုက်တယ် ။

" ခရီးပန်းလာမှာဆိုတော့ ခဏလောက်နားလိုက်
ပါဦး အရှင်မင်းကြီး " 

" မနားတော့ပါဘူး စစ်ဦးစီးချုပ် ။ ဒီကိစ္စက အရေး
ကြီးကိစ္စဆိုတော့ အချိန်မယူလေ ကောင်းလေပဲ
မဟုတ်လား "

ဘုရင်ဟာရွန်ဆီက စကားက သူ့ကိုအနည်းငယ်တော့
အံ့သြသွားစေတယ် ။ Fora နဲ့ Syriam နဲ့ ခရီးက
နေ့တစ်ဝက်လောက်ကြာတာမို့ ကျိန်းသေပေါက်
အနားယူမှာပဲလို့ သူတွေးထားတာ ။ ဘာပဲဖြစ်ဖြစ်
အခုလို ချက်ချင်းစာချုပ်ချုပ်မယ်ဆိုရင်တော့
အကောင်းဆုံးပဲပေါ့လေ ။

" အဲ့ဒါဆိုရင်လည်း နန်းဆောင်ထဲကို ကြွပါ "

ကိုယ်ရံတော် ၅ ယောက်နဲ့ ဘုရင်ဟာရွန်ကို
နန်းဆောင်ဆီခေါ်လာရင်း သူ မင်းသားနမ်ဂျွန်းကို
တစ်ချက်ကြည့်မိတော့ သူ့ကို ပြန်ကြည့်တဲ့
မင်းသားနမ်ဂျွန်းက နှုတ်ခမ်းတွေကို ကွေးညွတ်ရင်း
ခေါင်းကို အသာလေးညွှတ်ပြတယ် ။ အဲ့ဒီ့အပြုအမူ
ကြောင့် သူလည်းသဘောကျစွာနဲ့ ဟန်မဆောင်နိုင်
အောင် ပြုံးမိတော့တယ် ။ ကိုယ့် အောင်မြင်မှုကို
မျှဝေလို့ရမယ့်လူတစ်ယောက်ရှိတာ ဘယ်လောက်
သဘောကျစရာကောင်းလိုက်သလဲ ။

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Kde žijí příběhy. Začni objevovat