Chapter 7

2.8K 463 175
                                    

/ Unicode /

ရေမျက်နှာပြင်ရဲ့ သိသိသာသာ လှုပ်ခတ်သံကြောင့်
ဂျီမင် အလိုလိုနားစွင့်မိလျက်သား ။ တဖြည်းဖြည်း
နီးကပ်လာတဲ့ ထိုအသံက လှော်တတ်နဲ့ ရေကိုခတ်
နေတဲ့ အသံလိုလို ။ မနက်ဝေလီဝေလင်း ၊ နေရောင်
တောင်မမြင်ရသေးတဲ့အချိန်မှာ ပတ်ဝန်းကျင်က
တိတ်ဆိတ်နေတဲ့အတွက် ၊ တစ်ခုတည်း ထွက်ပေါ်
နေတဲ့ အဲ့ဒီ့အသံက သူ့ကို နည်းနည်းတော့ ခြောက်
ခြားစေတယ် ။

" ဂျီမင်လေး "

ရင်းနှီးနေတဲ့ အသံကို ပီပီပြင်ပြင်ကြားတဲ့အခါ
ကြောက်စိတ်တွေ အားလုံးပျောက်သွားပြီး ၊ သူ
ထခုန်မိမတတ် ဝမ်းသာသွားသည် ။

" ကိုကို! "

အချိန်ကိုက်ကို ကျောက်ဂူရှေ့ရောက်လာတဲ့ လှေ
ဦးပိုင်းက ၊ ဆက်လာလို့မရအောင် ကျောက်ကမူစွန်း
နဲ့ ခံနေတဲ့အတွက် ၊ အလျင်လိုနေတဲ့ အစ်ကိုနမ်ဂျွန်း
ကပဲ သူရှိရာကို ခုန်ကူးလာတယ် ။ အစ်ကိုနမ်ဂျွန်း
သူ့ဆီလာလိမ့်မယ်ဆိုတာ သိပေမယ့် ၊ ​ဒီလောက်
မြန်မြန်ကြီးလာမယ်လို့တော့ မထင်တဲ့အတွက် ၊
ဂျီမင် အံ့သြဝမ်းသာဖြစ်နေရတယ် ။

" ဂျီမင်လေး "

သူ့ကို ချက်ချင်းဆွဲဖက်လိုက်တဲ့ အစ်ကိုနမ်ဂျွန်းက
စိတ်မကောင်းသလို လေသံနဲ့ ခပ်တိုးတိုးချော့
သည် ။

" တကယ်တောင်းပန်ပါတယ် ။ ကိုကို့မှာ တခြား
ရွေးချယ်စရာမရှိလို့ပါ ။ ကိုကို့ကို စိတ်ဆိုးနေလား "

" ဟင့်အင်း ။ ကိုကို့မှာ အကြောင်းအရင်းတစ်ခုခု
ရှိမယ်ဆိုတာ ကျွန်တော်သိပြီးသား "

ဂျီမင်ဆီက ချစ်စဖွယ်အသံလေးကို ကြားတဲ့အခါ
နမ်ဂျွန်းရဲ့စိုးရိမ်မှုတွေဟာလည်း ၊ ရေနဲ့ထိတဲ့မီးလို
အကုန်ငြိမ်းအေးသွားတော့သည် ။ မနေ့ကတည်းက
သိသိချင်း လာခဲ့ချင်ပေမယ့် ချက်ချင်းထွက်လာဖို့
အဆင်မပြေတဲ့အတွက် ၊ အခုလို မနက်ဝေလီ
ဝေလင်းမှာ ထ လာခဲ့တာ ။ အကယ်၍ သူသာ
​အကြောင်းအမျိုးမျိုးကြောင့် Syriam ကို ပြန်ဖို့
နောက်ကျခဲ့မယ် ဆိုရင်လည်း ၊ နန်းတော်ကို ရောက်
တာနဲ့ သူ့ဆီတန်းလာတတ်တဲ့ စစ်ဦးစီးချုပ်ကို
အစ်ကိုယွန်းဂီက အချိန်ဆွဲထားပေးလိမ့်မှာမို့လို့
သိပ်စိတ်ပူစရာတော့မရှိဘူး ။

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Tempat cerita menjadi hidup. Temukan sekarang