အပိုင်း[၉]

749 49 3
                                    

[Unicode]

"အကိုတို့က နေ့လည်စာတောင် စားတော့မလို့လား၊နဒီနဲ့ပဲ အပြင်မှာ တူတူသွားစားရအောင်လေ"
လွန်းသာက နေ့လည်စာစားဖို့ ပြင်ဆင်ပေးနေတုန်းမှာ ရုံးခန်းထဲကို ဝင်လာတဲ့ နဒီဝင့်။

သူမက ဦးလေးကြီးအသိမိတ်ဆွေရဲ့ သမီး၊ကုမ္ပဏီမှာ အလုပ်ဆင်းတာ ၁လလောက်ပဲရှိသေးတယ်။

သူမက သူမအဖေရဲ့မျက်နှာနဲ့ ဦးလေးကြီးနား ခဏခဏရောက်လာတယ်၊လွန်းသာ သဘောမကျပေမယ့် ဘာမှဝင်မပြော။သူမကလည်း သူ့ကို အမြဲလိုလို သဘောမကျတဲ့ အကြည့်မျိူးနဲ့ကြည့်သည်။

"မစားတော့ပါဘူး မနဒီ၊နောက်တစ်ခါ ရုံခန်းထဲ ဝင်လာရင် တံခါးခေါက်ပါ"
ရုံးစားပွဲခုံမှ ထိုင်ရာကနေထပြီး လွန်းသာပြင်ပေးထားတဲ့ ထမင်းစားဖို့ ခုံမှာဝင်ထိုင်လိုက်တယ်။

"နဒီက အကို့ကို ခေါ်ချင်ဇောနဲ့ မခေါက်မိတာပါ၊နောက်တစ်ခါ ဆင်ခြင်ပါမယ်"

မျက်နှာငယ်နဲ့ သူမက ဆိုလာတော့ ဝိုင်ဇက်ဘာမှမပြောချင်တော့ဘူး၊သူမအဖေ ဦးမိုးကောင်းက သူ့ကိုအကူညီတောင်းထားသည်မလား။

"အ့ဆို ထွက်သွားနိုင်ပါပြီ၊ကျွန်တော်လည်း ထမင်းစားတော့မယ်၊လွန်းသာ စားရအောင်လေ"

"အကိုကလည်း အိမ်ထမင်းဟင်းတွေပဲ စားတာ မငြီးငွေ့ဘူးလား၊တစ်ခါတစ်လေကျ အပြင်စာတွေက ပိုကောင်းပါနော်"
လက်မလျှော့စွာ သူမက သူ့ဆီလျှောက်လာပြီး အနှောင့်အသွားမလွတ် စကားကိုဆိုလာတော့

"မလိုပါဘူး၊အိမ်ထမင်းဟင်းတွေက ကျန်းမာရေးပိုကောင်းတယ်၊အပြင်စာတွေ စားလို့ကောင်းတာ ဘာမှမရှိဘူး၊တစ်ခြားတစ်ယောက်ပဲ ခေါ်သွားပါတော့"
လွန်းသာ အထင်မလွဲစေဖို့ သူမကို ရောဂါပိုးတစ်ခုလို ရှောင်ဖယ်ရင်း ပြောလိုက်သည်။

"ဟွန့်"
ခြေဆောင့်ပြီး ထွက်သွားတဲ့ နဒီဆိုတဲ့ မိန်းမကို သူနားမလည်နိုင်၊သူနဲ့လွန်းသာက ဘယ်လိုမျိူးဆိုတာ မပြောပြရင်တောင် တစ်ရုံးလုံးနီးပါးက အတွဲလို့သတ်မှတ်ပြီးသားပေ။

ဒီမိန်းမက သူ့ကိုလာလာကပ်နေတာက ကော်ထပ်ပိုဆိုးတယ်၊လွန်းသာက ဘာသိဘာသာနေသလိုမျိူး လုပ်ပြပေမယ့် မကျေနပ်မှန်းသူသိတယ်။

The Love Of PartnerWhere stories live. Discover now