အပိုင်း[၁၂]

851 50 1
                                    

[Unicode]

အမေတို့ လာအိပ်တဲ့အမှုက ကောင်လေးကို နေရခက်စေပုံရတယ်၊အမေတို့ လာနေတော ၂ရက်ရှိပြီ။

အရင်လိုပုံမှန် အခန်းမပြင်တောင် မထွက်၊အမေကတော့ ခင်ခင်မင်မင်ရှိပေမယ့် အဖေက ကောင်လေးကို တွေ့တိုင်း မျက်နှာတင်းတင်းနဲ့ပဲ။

ကောင်လေးက အရင်လို ညဘက် ကလပ်လည်းမသွားတော့၊အမေတို့ ရှိလို့ အသွားအလာဆင်ခြင်နေတာ သူနားလည်တယ်။

သူ့အတွက် အဆိုးဆုံးက ကောင်လေးကို မပွေ့ဖက်ရတာပဲ၊အရင်လို သူအလုပ်သွားရင် နှုတ်ဆက်မယ့် ကောင်လေးက သူ့ကိုရှောင်နေပြီ။

ထမင်းစားရင်လည်း သူတို့နဲ့အတူတူမစား၊နေ့လည်စာ ထမင်းပင် လာမပို့၊ဒီနေ့တော့ ကောင်လေးကို အရင်လို ပြန်နေရန် ပြောမှဖြစ်တော့မည်။

ဒေါက် ဒေါက်
"လွန်းသာ"

ညနေဘက် အမေတို့ အပြင်ရောက်နေတုန်း ကောင်လေးအခန်းတံခါးကို ခေါက်လိုက်သည်။

"ဦးလေးကြီး ဘာလိုလို့လဲ"
တံခါးဖွင့်ပြီး မေးလာတော့ သူပဲအခန်းထဲကို ဝင်လိုက်ရင်း ကောင်လေးနဲ့အတူတူ ကုတင်ပေါ်မှာ ထိုင်စေတယ်။

"ဘာလို့ ကိုယ့်ကို နေ့လည်စာ ထမင်းလာမပို့တာလဲ"

"ဟို...ကျွန်တော် အန်တီတို့ရှိနေတော့ အနေအထိုင် ဆင်ခြင်သင့်တယ်ထင်လို့"
သူခန့်မှန်းထားသလိုပဲ...ကောင်လေးကို ဆွဲဖက်လိုက်ရင်း ကောင်လေးခေါင်းပေါ် မေးစေ့တင်လျက်

"ဘာမှ စိတ်ပူမနေနဲ့၊အမေတို့ ကိုယ်တိုင်ကခွင့်ပြုထားတာ၊မင်း လာမပို့နဲ့ နှစ်ရက်လုံး ကိုယ်နေ့လည်စာ မစားဖြစ်ဘူး"

"ဗျာ"

"မင်းမှ လာမပို့တာ၊ကိုယ့်ကို ဘယ်သူက နေ့လည်ကျွေးမှာလဲ"

"အပြင်မှာ စားလို့ရ.."

"မင်းက ငါ့ကို အပြင်စာတွေစားခိုင်းပြီး နေမကောင်းဖြစ်စေချင်တာလား"

"မဟုတ်ပါဘူး"

"အ့ဆို မနက်ဖြန်လာပို့မလား"

"ဟုတ် လာပို့ပါမယ်"
နာခံလွန်းလှတဲ့ ကောင်လေးကို အသည်းယားလွန်းပြီး ကောင်လေးရဲ့ နဖူးကိုအနမ်းချွေလိုက်သည်။

The Love Of PartnerWhere stories live. Discover now