အပိုင်း[၃]

1K 53 3
                                    

[Unicode]

Silent Club နာမည်နဲ့ဆန့်ကျင်ဘက် တီးလုံးသံတွေနဲ့ ဆူညံ့နေသော ကလပ်ထဲသို့ ရိပ်လွန်းသာရောက်လာတယ်။ကလပ်အဆောက်အဦးက ၂ထပ်ရှိကာအပေါ်မှာ ခေါင်မိုးထပ်ရှိတယ်။

ပထမအထပ်မှာ လွတ်လွတ်လပ်လပ် တီးလုံးနဲ့ပျော်ရွှင်နိုင်ပြီး ဒုတိယအထပ်နဲ့ခေါင်းမိုးထပ်တွေ Barဖွင့်ထားသည်။ရှုပ်ရှက်ခပ်နေသော လူတွေကိုဖြတ်ကျော်ရင်း ဂျာကြီးရုံးခန်းထဲကို သွားလိုက်တယ်။ဂျာကြီးက အရေးကြီးပြဿနာဖြစ်မှသာ အပြင်ထွက်လာတတ်တယ်။

"လွန်းသာ ဘာလို့ဒီကိုရောက်နေတာလဲ၊မင်းဟိုမှာပဲ ရှိရမှာမဟုတ်ဘူးလား"

"ကျွန်တော် ဒီမှာလာကူတာ"

"ဟိုကိစ္စက ဘယ်လိုဖြစ်သွားလို့လဲပြောစမ်းပါအုန်း"

အကြောင်းစုံကို အကုန်ပြောပြလိုက်တော့ ဂျာကြီးက

"မင်းအလှည့်ကျမှ အဲ့လိုလူနဲ့တွေ့တာ ကံကောင်းတယ်လို့ ဆိုရမယ်"

"အဲ့လိုပြောလို့ရပါတယ်၊ဒါကြောင့် အခု ကျွန်တော်အားလို့ ဒီမှာလာကူညီပေးတာ၊မဟုတ်ရင်လည်း အိမ်မှာဒီတိုင်းနေနေရမှာ"

"အေး အေး၊ဒါဆိုလည်း အရက်စပ်တဲ့နေရာကိုသာ သွားတော့၊ဒီနေ့အဲ့က တစ်ယောက်ခွင့်တိုင်ထားတယ်"

"ဟုတ်ကဲ့၊ကျွန်တော်သွားလိုက်အုန်းမယ်"

ဂျာကြီးကို နှုတ်ဆက်ပြီး ယူနီဖောင်းလဲကာ အရက်စပ်တဲ့နေရာမှာ တာဝန်ယူလိုက်တယ်။

"ဟဲ့ ဟဲ့ ဟိုမှာ ဒီနေ့ လွန်းသာက အရက်စပ်မှာ"

ပုံမှန်လာနေကြ ဧည့်သည်တွေအတွက်က လွန်းသာကို သိနေကြသည်မှာ မထူးဆန်း၊မိန်းကလေးတွေမနာလိုလောက်အောင် ချောတဲ့အပြင် မြင်သူတိုင်းအေးချမ်းစေတဲ့ သူ့ရဲ့ရုပ်ရည်က လူတိုင်းကိုမှတ်မိစေတယ်။

ရိပ်လွန်းသာ တာဝန်ယူယုံတင်ပဲရှိသေး မှာလာတဲ့ ခွက်တွေကမနည်းပေ၊ဂျာကြီးကတော့ သဘောကျစွာ ရပ်ကြည့်နေပြီး ခဏနေတော့ အခန်းထဲကို ပြန်ဝင်သွားသည်။

"လွန်းသာ မင်းလာတာနဲ့ ရောင်းအားကကောင်းနေပြီ၊ဒါနဲ့ မင်းဒီမှာမနေတော့ဘူးဆို"
အကိုမင်းသူက လူပါးနေချိန် ဘေးနားကပ်ပြီး စကားလာပြောတယ်။အကိုမင်းသူဆိုတာက သူ့ကိုအရက်စပ်နည်းသင်ပေးတဲ့လူ။

The Love Of PartnerWhere stories live. Discover now