အပိုင်း[၆]

849 44 0
                                    

[Unicode]

"ဉာဏ်လင်း.."

"မင်းစျေးဝယ်လာထွက်တာလား၊ဒီလူက...."
သူတို့နှစ်ယောက် ကိုင်ထားတဲ့ လက်ကိုကြည့်ပြီး သူ့ကို အလိုမကျစွာကြည့်လာသော ဉာဏ်လင်းဆိုတဲ့ ဒီကောင်ကို ကြည့်မရ။မွေးကတည်းက မျက်နှာမြင် ရိုက်ချင်စိတ်ပေါက်လာမယ့် ဆုတောင်းရခဲ့ပုံပဲ။

"ဒါက အကိုဝိုင်ဇက်တဲ့၊ဦးလေးကြီး သူက ဉာဏ်လင်း"
သူတို့ရဲ့ ဆက်ဆံရေးကို ထုတ်မပြောတဲ့ ကောင်လေးကို သူနားလည်တယ်၊အခုချိန်ထိ ကောင်လေးနဲ့သူက သေချာတဲ့ ဆက်ဆံရေးမှ မရှိသေးတာ။

"အော် တွေ့ရတာဝမ်းသာပါတယ်"
ဉာဏ်လင်းက လက်ကမ်းပြီး နှုတ်ဆက်သော်လည်း ဝိုင်ဇက်က တုပ်တုပ်မလှုပ်။တစ်ဖက်က ကောင်လေးလက်ကို ကိုင်ထားပြီး တစ်ဖက်က အထုတ်တွေကို သယ်ထားတဲ့အတွက် သူ့လက်နှစ်ဖက်လုံးကို မြှောက်ပြရင်း

"တွေ့ရတာဝမ်းသာပါတယ်၊လက်မအားတော့လို့ ဆောရီးကွာ"
တကယ်ဆို ကောင်လေးလက်ကို ဖြုတ်လို့ရပေမယ့် သူမလုပ်ချင်၊အထူးသဖြင့် ဉာဏ်လင်းဆိုတဲ့အကောင်ရှေ့မှာ ပိုဆိုးတယ်။မြွေမြွေချင်း ခြေမြင်သလို ဉာဏ်လင်းဆိုတဲ့ကောင်က ကောင်လေးကို ကြိုက်နေမှန်းသိသာတယ်။ဒါပေမယ့် သူကတော့ ကောင်လေးကို ကြိုက်နေတာ မဟုတ်ပါဘူးနော်!

"မအားဘူးဆိုလည်း ရပါတယ်၊လွန်းသာ နောက်မှ တွေ့ပြီးအေးဆေးပြောကြတာပေါ့"

"အင်း"
လွန်းသာနဲ့နှုတ်ဆက်ပြီး ထွက်သွားလိုက်သည်။ညကျမှ ကလပ်ကိုသွားပြီး လွန်းသာနဲ့ဟိုလူက ဘယ်လိုပတ်သက်လဲဆိုတာ သူမေးရမည်။

လွန်းသာလက်ကို ကိုင်ထားတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာတိုင်း အံကြိတ်မိတာအခါခါ။သူ လွန်းသာကို ကြိုက်နေသည်မှာ ၁နှစ်နီးပါးရှိတော့မယ်။

လွန်းသာက သူ့ကို မိတ်ဆွေအဆင့်ထက်မပို။သူငယ်ချင်းအဖြစ်တောင် သူ့ကို မသတ်မှတ်၊အကြောင်းအရင်းက သရဖီကြောင့်ဆိုတာ အသေအချာ။

သရဖီဆိုတာ သူ့ကိုကြိုက်နေတဲ့ ကောင်မလေးဖြစ်ပြီး ကလပ်ပိုင်ရှင်သမီးဖြစ်သည်။ကျောင်းမှာ Kingဖြစ်သူ သူ့ကိုလူကြိုက်များတာက ထုံးစံလိုပဲ။

The Love Of PartnerWhere stories live. Discover now