အပိုင်း[၁၁]

826 53 10
                                    

[Unicode]

အိမ်ပြန်ရောက်တော့ ခြံတံခါးကို မြန်မြန်ဆန်ဆန်ပိတ်ပြီး အလင်းလိုအနှုန်းနဲ့ ကောင်လေးကို ဧည့်ခန်းထဲထိ ဆွဲခေါ်သွားတယ်။

ဧည့်ခန်းထဲက ဆိုဖာမှာပဲ ကောင်လေးကို ထိုင်ခိုင်းပြီး အနမ်းတို့ကို ပြန်စတင်သည်။ပိုတယ်ပဲပြောပြော သူအချိန်ကြာကြာ နမ်းနေရလည်း နမ်းလို့မဝ။

အနမ်းကနေ တစ်ဆင့် ကောင်လေးကို ဆိုဖာပေါ် လှဲချပြီးလက်တို့က ခန္ဓာကိုယ်အနှံ့ကို ပွတ်သပ်လာတယ်၊နောက်ထပ်တစ်ဆင့် ဆက်တက်မယ်ဆိုရင်ပဲ ကောင်လေးရဲ့ အင်္ကျီတို့ကို ချွတ်ဖို့ ရွယ်လိုက်တယ်။

"ငါပြန်လာတာ စောသွားလား"
ကြားဖူးနေကြ အသံတစ်သံကို ကြားလိုက်ရတော့ ဆိုဖာပေါ်မှာ ပူးကပ်နေတဲ့ သူတို့နှစ်ယောက် ချက်ချင်း ခွါလိုက်တယ်။

ဘယ်သူရောက်လာလဲကြည့်လိုက်တော့ မာတာမိခင်။သူ့သားကို လူရည်ပျိူပျက်စေချင်တာလဲ အမေပဲ၊လူရည်ပျိူပျက်ပါတော့မယ်ဆိုမှ လာနှောင့်ယှက်တာလဲ အမေပဲ။

စိတ်မကြည်ဖြစ်သွားပေမယ့် ကောင်လေးရဲ့အင်္ကျီကို သေသေသပ်သပ်ပြန်ပြင်ပေးလိုက်ရင်း
"အဝတ်စားလဲပြီး ကိုယ်လက်သန့်စင်လိုက်အုန်း၊အမေနဲ့ စကားပြောလိုက်အုန်းမယ်"

"အင်း"
ကောင်လေးက အမေနဲ့ သူ့ကိုနှုတ်ဆက်ပြီး အခန်းထဲကို ပြန်ဝင်သွားသည်။

"ပြောပါအုန်း၊ခရီးတွေထွက်နေတာကို ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ"

"ဘယ်လိုဖြစ်ရမှာလဲ၊မင်းအဖေ ဦးအိပ်စ်ဝိုင်(XY)ပေါ့...ခရီးထွက်နေတုန်း ကိုဝင်းကို အဖေရဲ့ နာရေးကြောင့်ပြန်လှည့်လာရတာ၊ကိုဝင်းကိုအဖေကလည်း မင်းအဖေကို ငယ်ငယ်ကတည်းက စောင့်ရှောက်ပေးလာတာလေ"

"အ့ဆို အမေက ဒီကိုဘာလာလုပ်တာလဲ၊ကိုယ့်အိမ်ကိုယ်မပြန်နဲ့"

ဖြန်း!
ဒေါ်ပပလွင် ဒီလိုမွေးရကျိူးမနပ်တဲ့ သားကို ရိုက်ထည့်လိုက်သည်။

"မင်းကို လွမ်းလို့ လာတွေ့တာပေါ့၊ကောင်စုတ်လေး"

လွမ်းလို့ပဲ ကမ္ဘာလှည့်ခရီးထွက်ပြီး ဖုန်းတစ်ချက်တောင် မဆက်တာ ဘယ်သူလဲလို့ မေးချင်ပေမယ့် အမေ့လက်စာကို ကြောက်လို့ မမေးတော့။

The Love Of PartnerWhere stories live. Discover now