အပိုင်း[၁၃]

1.4K 58 13
                                    

[Unicode]

မိသားစုထမင်းဝိုင်းကနေ တစ်ဆင့်ပြောင်းလဲလာတာ အမေရောအဖေရော ကောင်လေးကို သဲသဲလှုပ်၊လိမ္မာရေးခြားရှိပြီး ဟင်းချက်တော်တော့ သဲသဲလှုပ်တာ မဆန်း။

သူကတော့ မနာလိုတဲ့အပြင် ပိုတောင်သဘောကျသေးသည်။ကောင်လေးက သူ့မိသားစုထဲ ဝင်လာပြီမလား။

ဒီနေ့တော့ သူပျော်နေပြီ၊ဒီနေ့က အမေတို့ထွက်သွားမယ့် နေ့မလား...

"ဝိုင်ဇက်"

"ဗျာ"

"သားလေး လွန်းသာကို သေချာ ဂရုစိုက်နော်၊ကလေးကို တစ်ယောက်တည်း ပစ်မထားနဲ့"

"သားသိပါတယ်"

"သိရင် ပြီးတာနဲ့၊ကလေးက ပြန်တိုင်ရင် နင့်ဘဝကိုနင်တွေးထား"

"....."
မာတာမိခင်က လွန်သွားပြီလို့တောင် သူခံစားရတယ်။

"လွန်းသာ သား အန်ကယ်တို့သွားတော့မယ်၊တစ်ခုခု လိုရင် ဖုန်းဆက်လိုက်နော်၊နောက်မှ လက်ဆောင်တွေ ပေးလိုက်မယ်"

"ဟုတ်၊ကျန်းမာရေးဂရုစိုက်ပါ"

"အင်း၊နောက်မှ လာတော့မယ်"
အမေတို့ကို ပျော်ပျော်ကြီး နှုတ်ဆက်ရင်း ကောင်လေးနဲ့ နှစ်ယောက်တည်း ရှေ့ဆက်ရမယ့် အကြောင်းကို တွေးမိပြီး သဘောကျမိသည်။

ခြံတံခါးကို ပိတ်ရင်း ကောင်လေးရဲ့ ပုခုံးကိုဖက်ကာ အထဲဝင်ဖို့ကြံကာမှ

"ဟေ့ကောင် ဝိုင်ဇက် တံခါးဖွင့်စမ်းပါ၊ငါတို့ လာတယ်"

"အန်တီတို့ကို ကားနဲ့တွေ့လိုက်သေးတယ်၊ပြန်ရောက်လာတာတောင် မသိလိုက်ဘူး"
ခြံတံခါးရှေ့မှာ ရပ်နေတဲ့ သာပိုင်တို့ သုံးယောက်။အရှုပ်ထုတ်တွေကို မမြင်မကြားသလိုမျိူး ကောင်လေးနဲ့ အထဲဝင်ဖို့ကြံပေမယ့်

"အမ တံခွန်တို့ ရောက်လာတယ်၊တံခါးမဖွင့်ဘူးလား"
မဖွင့်ပေးချင်ပေမယ့် ကောင်လေးရဲ့ စကားကို မငြင်းချင်။

"အရှုပ်ထုတ်ကောင်တွေ!!!"
တိုးတိုးလေးကျိန်ဆဲရင်း အရှုပ်ထုတ်တွေကို အိမ်ထဲခေါ်ထည့်ရတော့တယ်။

လာတဲ့အကြောင်းရင်းက ရေရေရာရာမရှိပဲ အိမ်မှာ လာသောက်စားတာပင်၊အရင်က ဒီလိုလာနေကြဖြစ်ပေမယ့် အခုချိန်မှာ သူတို့နဲ့ မတွေ့ချင်ဘူး!!

You've reached the end of published parts.

⏰ Last updated: Oct 20, 2021 ⏰

Add this story to your Library to get notified about new parts!

The Love Of PartnerWhere stories live. Discover now