အပိုင်း[၄]

935 53 8
                                    

[Unicode]

အချိန်အားဖြင့် ၂ပတ်ကျော်လွန်လာပြီ၊၁ပတ်အတွင်းမှာ ဝိုင်ဇက် ဒီကောင်လေးအကြောင်း နည်းနည်းသိလာတယ်။

(၁)အချက် ကောင်လေးက ညတိုင်း အလုပ်ကို သွားနေတုန်းပေ၊ပိုက်ဆံမက်လိုလား ဆိုလည်းမဟုတ်၊သူပေးထားတဲ့ ကတ်ထဲမှ ငွေတွေ မသုံးထားဘူး။

(၂)အချက် ကောင်လေးက ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ်၊အမြဲလိုလို သူပြန်လာတိုင်း ဖုန်းနဲ့ ကာတွန်းကား ကြည့်နေတတ်တယ်၊သူပြောတာတော့ 'Anime'တဲ့။

(၃)အချက် ကောင်လေးရဲ့ ဟင်းချက်လက်ရာက အမေ့လက်ရာထက်ကောင်းလွန်းတယ်၊နေ့လည်စာ အတွက် ထမင်းချိူင့်ပါယူချင်သော်လည်း သူမာနကခွင့်မပြု။မနက်တိုင်းလိုလို မနက်စာပြီး ထမင်းချိူင့်ပေးလိမ့်မလားလို့ မျှော်နေရတယ်။ညစာအတွက် အိမ်စောစောပြန်လာတာတော့ မပြောလိုတော့။

(၄)အချက် ကောင်လေးက သူ့အလုပ်ကို အရမ်းတာဝန်ကျေချင်လွန်းတယ်၊ညတိုင်းလိုလို သူ့အခန်းတံခါးကို ခေါက်ပြီး ဝန်ဆောင်မှုလိုလား လိုလားနဲ့ ကောင်လေးအစား သူ့မှာအရှက်ပိုရမြဲ။

(၅)အချက် အင်း...ကောင်လေးက ဆွဲဆောင်မှုရှိတယ်၊ငေးပြီးရင်းငေး အကြိမ်ကြိမ်ငေးလည်း မငြီးငွေ့နိုင်။ငေးသည်ဆိုတိုင်း ကောင်လေးကိုကြိုက်တာမဟုတ်၊ကောင်လေးက ဒီတိုင်း...ဒီတိုင်း အလှပန်းအိုးလို သူသဘောထားတာ၊ဒီလိုအတွေးနဲ့ နေလာတာ နေ့တိုင်းလိုလိုပေ။

အမြဲတစေလိုက်ကြည့်နေတဲ့ သူ့ကို ကောင်လေးက အနေခက်မခက်မပြောတတ်၊ကောင်လေးက သူလုပ်စရာတာလုပ်သည်၊ပြီးရင် အခန်းထဲဝင်နေတတ်တယ်။သူ့ရဲ့တစ်နေ့တာက အလုပ်နဲ့ကောင်လေးကိုစောင့်ကြည့်ဖို့ ဖြစ်နေတတ်တယ်။

ဒေါက်!ဒေါက်!

တံခါးခေါက်သံကြောင့် တွေးနေတဲ့အတွေးတို့ပျောက်သွားတယ်။ရိပ်လွန်းသာက အကြောင်းမရှိပဲ သူ့အပေါ်ထပ်ကို မတက်ဘူး။

"လွန်းသာ ဘာဖြစ်လို့လဲ"
ရိပ်လွန်းသာက စိမ်းကားလွန်းတယ်ထင်တာကြောင့် လွန်းသာလို့ပြောင်းခေါ်ခဲ့တာ

"အောက်မှာ ဧည့်သည်သုံးယောက် ရောက်နေတယ်၊ဦးလေးကြီးကိုတွေ့ချင်လို့တဲ့"
ဦးလေးကြီးလို့ အခေါ်ခံရပါများတော့ နားယဉ်သွားတယ်၊တွေ့တွေ့ချင်းတုန်းကလောက် စောဒကမတက်ချင်တော့၊ဦးလေးကြီးလို့ ခေါ်တဲ့လူနဲ့ဆိုင်လောက်ပါတယ်။

The Love Of PartnerWhere stories live. Discover now