[Unicode]
ရုပ်ရှင်ကားနာမည်က Last Christmas ရုပ်ရှင်ကြောင့် သူလည်း ခရစ်စမတ်ရောက်လာတော့မယ်ဆိုတာ သူသတိရလိုက်သည်။
ကောင်လေးထက်အရင် ဦးစွာ ပေါက်ပေါက်ဆုပ်၊Colaတို့ကို ဝယ်လိုက်တယ်၊ပစ္စည်းဝယ်ဖို့က သကြားဖေဖေတွေးဲ့ အလုပ်မလား။သူ့အတွေးနဲ့သူသဘောကျနေပြီး ဘေးက လွန်းသာက သူ့လုပ်သမျှကို ကြည့်နေတာသတိမထားမိ။
ဆိုင်တွေထဲ ဝင်မစောင့်ချင်ပဲ ရုံအပြင်ခုံမှာပဲထိုင်စောင့်ချင်တယ်ဆိုလို့ ဝိုင်ဇက်လည်း သူနဲ့အတူတူထိုင်စောင့်နေသည်။
ကျောင်းသားဘဝတုန်းကပဲ ရုပ်ရှင်ရုံကိုလာဖြစ်တယ်၊အလုပ်လုပ်ကတည်းက ဒီဘက်ကို ခြေဦးမလှည့်ဖြစ်၊အရင် သူငယ်ချင်းတွေနဲ့ဆို အခုက ကောင်လေးနဲ့။
အင်း...ကောင်လေးနဲ့ အတူတူရုပ်ရှင်ကြည့်ရတာပိုကောင်းတယ်။
ရုံထဲဝင်လို့ရပြီဖြစ်ကြောင်း ကြေညာတော့ လက်မှတ်ဖြတ်ရင်း ကိုယ်ထိုင်ရမယ့်ခုံကို အစောင့်ကပြောပြတယ်။ကောင်လေးဝယ်ထားတာက Coupleထိုင်စုံဖြစ်တဲ့အပြင် အပေါ်ဆုံးရဲ့ထောင့်ဆုံးနေရာဖြစ်လို့ ဘယ်သူမှသတိထားမိမှာမဟုတ်။
သူတို့တစ်ခုခုလုပ်ရင်....တစ်ခုခု...တစ်ခုခုဖြစ်လာနိုင်လား။ဝိုင်ဇက်တွေးနေလို့မပြီးခင်မှာပဲ သူတို့ထိုင်ခုံဆီကိုရောက်သွားတယ်။
ကောင်လေးကို နံရံဘေးမှာထိုင်စေပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။တစ်ယောက်နဲ့တစ်ယောက် ဘာမှမပြောကြပဲ အအေးကို လက်ရန်းမှာထား လက်တစ်ဖက်က ပေါင်ပေါ်တင်ထားတဲ့ မုန့်ထုတ်ကိုကိုင်ထားရင်း ကျန်လက်တစ်ဖက်က ကောင်လေးလက်ကို ကိုင်ထားတယ်။
မကြာမီအချိန်တွင်းမှာပဲ တစ်ရုံလုံး အမှောင်ကျသွားပြီး ရုပ်ရှင်စပြသည်။အစက ဒီတိုင်းကြည့်နေပေမယ့် တစ်ခဏအကြာမှာ ဘေးကစုံတွဲခုံကနေ ပြွတ်ပြွတ်တွေ ညည်းသံတွေထွက်လာသည်။
ရုပ်ရှင်ကားက ဘာတွေပြနေမှန်းသူမသိတော့၊ဘေးက အသံတွေကို ကြားနေရင်း အဲ့နေရာမှာ သူနဲ့ကောင်လေးသာဆိုရင်.....
အတွေးရိုင်းတွေဝင်လာလို့ လူကပူထူလာသလိုခံစားရပြီး အအေးသောက်ဖို့ လက်လှမ်းလိုက်တယ်။သူ့အအေးက ကုန်သွားပြီ။
YOU ARE READING
The Love Of Partner
Romantizmအသက်၃၀ပြည့်ခံနီး လူတစ်ယောက်ဟာ Sexမလုပ်ဖူးပါဘူးတဲ့။သူငယ်ချင်းတွေနဲ့ အမေရဲ့ ကောင်းမှုကြောင့် Sex Partnerကောင်လေးတစ်ယောက် ရလာတဲ့အခါ....