အပိုင်း[၅]

874 45 0
                                    

[Unicode]

"နင်တို့ ပြောနှင့်ကြ၊ငါ သူနဲ့စကားပြောလိုက်အုန်းမယ်"
တံခွန် သူမရှေ့က သုံးယောက်ကို ပြောပြီး ရိပ်လွန်းသာနောက်ကို လိုက်သွားလိုက်တယ်။

"မောင်လေးလွန်းသာ"
မီးဖိုချောင်မှာအလုပ်ရှုပ်နေတဲ့ ကောင်လေးကို ခေါ်ပြီး ထမင်းစားပွဲမှာ လာထိုင်ဖို့အချက်ပြလိုက်တယ်။

"ကျွန်တော့်ကို ပြောစရာရှိလို့လား"

"ဘယ်လိုဖြစ်တာလဲ၊ဘာလို့ မောင်လေးဖြစ်နေတာလဲ၊အမစစကြားလိုက်တုန်းကဆို မယုံနိုင်ဘူး၊မောင်လေးက အဲ့လိုမဟုတ်တာကို အမတို့သိပြီးသားလေ"

တံခွန်ဆိုတာ ကလပ်ရဲ့ VIPဖောက်သည်တစ်ယောက်လိုပဲ၊ရိပ်လွန်းသာနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်လို့ ပြောနိုင်တယ်။

ကလပ်မှတစ်ဆင့် ပါတနာရှာလို့ရကြောင်းသိတော့ တံခွန်နဲ့ ကျန်တဲ့လူတွေ ပူးပေါင်းပြီး သူတို့လိုချင်တဲ့ စံညွှန်းကိုပြောပြီး လူရှာခိုင်းခဲ့တာ၊ရိပ်လွန်းသာဖြစ်နေမယ်လို့ သူမ မထင်ထားခဲ့တာအမှန်။

"ဒီလိုပါပဲ၊ကျွန်တော့် ဆန္ဒလည်းပါလို့ပါ"

"အမကြားတာက သရဖီက..."

"သူနဲ့ မဆိုင်ပါဘူး၊သူက ကျွန်တော့်ကို ရွေးချယ်ခွင့်ပေးပါတယ်၊ကျွန်တော်ကိုယ်တိုင်က ဆန္ဒရှိခဲ့တာ၊နောက်ပြီး ဦးလေးကြီးကလည်း ကျွန်တော့်အပေါ် ကောင်းပါတယ်"

"ဖွီ!ဦးလေးကြီးတဲ့လား"
ရိပ်လွန်းသာက သူမရယ်နေတာကို နားမလည်စွာကြည့်နေတယ်။

"ထားပါ၊အမ မင်းတို့အခြေအနေသိချင်လို့လာမေးတာ"

"ဘာမှမထူးခြားပါဘူး"

"ဟင်.....ဒုက္ခပါပဲ၊အန်တီကို သေချာပေါက်အလုပ်ဖြစ်စေရမယ်လို့ ပြောခဲ့တာ"

"ကျွန်တော်လည်း ညံ့တာပါမယ်"

"မဟုတ်တာ၊ဒါက ဟိုကောင်ဘက်ကအရင်စရမှာ၊အစကတော့ အမက အဲ့ငတုံးကောင်ကို မကောင်းတဲ့ပါတနာတွေ့မှာ စိတ်ပူနေတာ၊အခုက မောင်လေးကိုပြန်စိတ်ပူနေရပြီ၊ဒါပေမယ့်လည်း အလုပ်ကအလုပ်ပဲဆိုတော့၊အလုပ်ဖြစ်ဖို့လိုတယ်"
အလုပ်ချင်းထပ်နေတဲ့ တံခွန်က ဘာလုပ်သင့်လဲဆိုတာ စဉ်းစားရင်း

The Love Of PartnerWhere stories live. Discover now