The Mistake Of Love (ချစ်ခြင်းရဲ့အမှား) Ep 11

23 1 0
                                    

ဒီနေ့ဟာ Xiao Ge အတွက် အရမ်းစိုးရိမ်ထိပ်လန့်မိနေတယ့်နေ့လေးပေါ့။ဘာလို့လဲဆိုတော့ ဒီနေ့ဟာ သူ့အဖေရဲ့ Hotel မှာ ဒါရိုက်တာအဖြစ်စတင်တာဝန်ထမ်းဆောင်ရတဲ့နေ့လေး။အကောင်းဆုံးလုပ်ရမယ်ဆိုတဲ့စိတ်ကို သွင်းပီးအရင်အဖြစ်အပျက်တွေကိုမေ့နိုင်အောင်လုပ်နေရပီ။ဒါပေမယ့် သူ့အတွက်ထင်သလောက်မလွယ်ပါဘူး။စိတ်စွဲနေတဲ့အရာကိုဘယ်အရာကမှမဖျောက်ဖျက်နိုင်တာကြောင့်ပေါ့။

နံနက်စောစော 7 နာရီလောက် alarm မြည်လို့ထပိတ်လိုက်တယ်။တကိုယ်ရေသန့်ရှင်းရေးလုပ်ပီး suti အပြည့်အစုံနဲ့ Xiao Ge တယောက် ဒီနေ့ရဲ့ စိန်ခေါ်မှုအတွက်အသင့်ဖြစ်လို့နေတယ်။တံခါးခေါက်သံကြားလိုက်တော့သွားဖွင့်ပေးလိုက်တယ်။Xiao Ge ကအံ့ဩတကြီးနဲ့......

"Di Di က ဒီကိုဘာလာလုပ်တာလဲ"

"အာ..ဦးလေးက ကျွန်တော့်ကို Xiao Ge ကိုခေါ်လာဖို့ပြောလို့ပါဗျ"

"အော်...အဖေကလည်း ဒီလိုအလုပ်ရှုပ်နေတဲ့သူကို လာခေါ်ခိုင်းရတယ်လို့"

"ရပါတယ်ဗျာ ကျွန်တော်က Ge အတွက်ဆို အဆင်ပြေပါတယ်" (ကိုယ့်ဟာကိုရေးပီးအူတွေယားနေ 🤣)

"အေးပါကွာ ဒါဆို ငါတို့သွားရအောင်လေ...."

"ဟုတ် Ge...."

#Hotel သို့ရောက်သောအခါ....#

လှပတဲ့ကော်ဇောနီကြီးတွေကို အခန်းပြည့်ခင်းထားတယ်။လူတွေအများကြီးတက်ရောက်တဲ့ Xiao Ge ကို ဒါရိုက်တာ ရာထူးခန့်အပ်ပွဲအခန်းအနားလေးပေါ့။Xiao Ge တယောက် စိုးရိမ်စိတ်တွေက ဒီအခန်းထဲဝင်လာတဲ့အချိန်မှာ အားလုံးနီးပါးပျောက်သွားခဲ့တယ်။လူတွေနဲ့ ပထမဆုံးအနီးကပ်ဆက်ဆံဖူးတဲ့ Xiao Ge တယောက် အရမ်းတွေပျော်နေမိတယ်။သူသတိမထားမိတော့တဲ့အရာက ဒီ Hotel ထဲမှာ သူလုပ်ခဲ့တဲ့ သူ့လုပ်ရက်ဘဲ။

"ဒီနေ့ အခမ်းအနားလေးကတော့ The Great Hotel ရဲ့ ဒါရိုက်တာ ခန့်အပ်ပွဲလေးပါဘဲခင်ဗျ။ကြွရောက်လာကြသော လူကြီးမင်းအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။အခမ်းအနားအစီအစဉ်မကြာခင်မှာစတင်တော့မှာပါခင်ဗျ။အစီအစဉ်မစတင်ခင်မှာ ဒီနေ့ရဲ့ အထူးဇာတ်လိုက်ဖြစ်တဲ့ Hotel ရဲ့ ဒါရိုက်တာ Xiao Ge ရဲ့ငယ်ဘဝ နဲ့ မိတ်ဆက်ပေးပါရစေဗျ။

The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )Where stories live. Discover now