The Mistake Of Love (ချစ်ခြင်းရဲ့အမှား) Ep 9

64 3 1
                                        

   Yi Di လေး အလုပ်ဆင်းတော့ Xiao Ge က ပြောခဲ့တဲ့နေရာမှာစောင့်နေတယ်။Yi Di လေးကို Xiao Ge မြင်တော့ လက်လေးလှမ်းပြလိုက်တယ်။ Yi Di လေးလည်း Xiao Ge ရှိတဲ့ နေရာကိုသွားပီး.......

“လာ သွားကြစို့ Ge Ge ”

“အင်း သွားကြမယ် ကားပေါ်တက်”
Xiao Ge ရဲ့ ကားပေါ်ကို Yi Di တက်ပီးတော့  သူသွားမယ့်နေရာကို မောင်းတယ်။ သွားမယ့်နေရာ ရောက်တော့......

“Ge ဆင်းလို့ရပီနော်”

“အင်း... ဟင် ဒီနေရာက ... ကစားကွင်း”
နားမလည်တဲ့ အမူအယာနဲ့ မေးလိုက်တယ်။Yi Di လေးလည်း ရီပြပီးတော့.....

“ဟုတ်တယ်လေ Ge ရဲ့ကျနော်ကတော့ စိတ်မကြည်ရင် ဒီကိုဘဲလာတာ”

“ဟင် ငါက ကလေးမှမဟုတ်တာ”

“အော် Ge ရယ် ကလေးဖြစ်မှ ဆော့လို့ရတာမှမဟုတ်တာ လူကြီးတွေလည်း ဆော့လို့ရပါတယ် ကဲ... လာပါ Ge ရာ ကြာတယ် မြန်မြန် မြန်မြန်...”
Xiao Ge ရဲ့ လက်လေးကို လှမ်းဆွဲပီး ခေါ်သွားတယ်။
ကစားကွင်းထဲရောက်တော့......

“Ge ဟို က Rollercoaster လေးစီးကြရအောင်လေ”

“ဟာ .... ငါ....ငါ ...ကြောက်တယ်”

“ဟားးးး မကြောက်ပါနဲ့ ကောရယ် ကျနော်ရှိတာဘဲ လာပါ စီးရအောင်”

“ဟာ....”
Xiao Ge ရဲ့ စကားမဆုံးခင်မှာ Yi Di တယောက်  Xiao Ge ရဲ့ လက်ကို ဆွဲပီး Rollercoaster ပေါ်တက်သွားတယ်။

Rollercoaster ပေါ်ရောက်တော့.....

“Di Di Ge Ge ကြောက်တယ်နော်”

“ဟာ Ge ကလည်း Di Di တယောက်လုံးရှိတာဘဲလေ မကြောက်နဲ့ ကြောက်ရင် ရှေ့က တန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထား ဟုတ်ပီလား”

“အင်း ဟုတ်ပီ” Xiao Ge လည်း Yi Di ပြောသလို ရှေ့က တန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပီး မျက်လုံးစုံမှိတ်ထားတယ်။Yi Di လေးလည်း Xiao Ge ကိုကြည့်ပီးရီတော့တာဘဲ။Xiao Ge က...

“ဘာရီတာလဲ ဟွန့် Di Di စုတ်”

“ဘာမှမရီပါဘူးဗျ ကြောက်နေတာလေးက ချစ်ဖို့ကောင်းလို့ပါဗျ”

“ဘာ!!!ဘာပြောတယ်”

“အော် ဘာ..ဘာမှမဟုတ်ပါဘူးဗျ ဟီး”
Rollercoaster လည်း စမောင်းရော Xiao Ge လည်း စအော်ပါလေရော။Xiao Ge အော်တာကိုကြည့်ပီး Yi Di တယောက် အူလှိုက်သည်းလှိုက် ရီပါလေရော။Xiao Ge  က ​​အော် Yi Di က ရီနဲ့ နှစ်ယောက်သား ပျော်မြူးနေကြတာပေါ့။
Rollercoaster စီးပီးဆင်းလာတော့Xiao Ge  ထိုးအန်တော့တာဘဲ။Yi Di လေးကလည်း နောက်ကနေ Xiao Ge ကျောကိုဖိပေးတာပေါ့။(ကျောနော် တခြားဟာတွေ မစဉ်းစားနဲ့ 🌚🌚)

The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )Where stories live. Discover now