The Mistake Of Love ( ချစ်ခြင်းရဲ့အမှား ) Ep 3

124 7 0
                                    

အမှတ်မထင်နမ်းလိုက်ပေမယ့် Yi Di လေးရဲ့ စိတ်ထဲမှာ သူ့ဘဝထဲကို တစုံတယောက်ဝင်လာတော့မယ်လို့ခံစားသွားရတယ်။ ဒီ ခံစားချက်​လေးကို ကြည်နူးနေတုန်း ......

“ Di Di အဆင်ပြေရဲ့လား  Ge တောင်းပန်ပါတယ် " တောင်းပန်စကားဆိုနေတဲ့ ကောရဲ့စကားတောင်မကြားနိုင်ဘဲ YiDi လေးတစ်ယောက်.....

“ ချောလိုက်တာ ကောက " ဆိုပီး နှုတ်ခမ်းလေးထဲကမထင်မှတ်ဘဲ အဲ့စကားလေးထွက်သွားတော့ Xiao Ge က.......

“ Di Di ဘာတွေပြောနေတာလဲဟင် "  Yi Di လေးတယောက်အသိစိတ်ဝင်လာပီး....

“ အော် ဘာ... ဘာမှမဟုတ်ပါဘူး Ge "

“ ဒါနဲ့ Di Di ခုနက ဘာလို့အော်ပီးထွက်ပြေးတာလဲ "

“ အော် အဲ့ဒါက နောက်က တယောက်ယောက်လိုက်လာသလိုခံစားရလို့
Ge ရဲ့ရုတ်တရက်ဆိုတော့ ကြောက်ပီးအော်ပြေးတာပါ "

“ ဟင်...... ခုနက Geက Di Di နောက်ကိုလိုက်တာလေ Ge အဖေခေါ်ခိုင်းလို့ လာခေါ်တာ Di Di ကအော်ပြေးတော့ "

“ ဟင် Ge က Di Di နောက်ကလိုက်လာတာလား "

“ အင်း ဟုတ်တယ်လေ "

“ ခုနက Ge က ပြန်တော့မယ်ဆို "

“ အော် လမ်းမှာ Ge အဖေနဲ့တွေ့တော့  Ge ကို  Di Di ကိုလာခေါ်ခိုင်းတာ အဲ့ဒါကြောင့်ပြန်လှည့်ပီး Di Di ဆီလာတာ "

“ အော် "

“ ဒါဆို ဟိုဟာကြီးမဟုတ်ဘူးပေါ့ ဟူး.... တော်ပါသေးရဲ့ ငါ့အမြင်မှားတာ "

“ ဟင်.. ဘာကြီးလဲ Di Di "

“ အော် ဘာမှမဟုတ်ပါဘူး လာသွားမယ် Ge သူဌေးဆီကို "

“ အင်း Di Di "
သူဌေးရုံးခန်းရောက်တော့ .........
ဒေါက် ဒေါက် ဒေါက် ( တံခါးခေါက်သံ )

“ ဝင်ခဲ့ပါ "

“ အဖေ ဒီမှာအဖေခေါ်ခိုင်းတဲ့ တယောက် "

“ မင်္ဂလာပါ သူဌေး ကျနော့် နာမည် Yi Di လို့ခေါ်ပါတယ် "

“ အော်အေးသား မင်းက Yi Yan ရဲ့သားလားကွ"  ( Yi Yan = Yi Di father )

“ ဟုတ်ပါတယ် သူဌေး "

“ အော်  မင်းအဖေရော ဘာအလုပ်လုပ်နေလဲ မိသားစုတွေရောအဆင်ပြေကြလား နေရောကောင်းကြရဲ့လား ကွ "

The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )Where stories live. Discover now