Xiao Ge ရဲ့ ငယ်ဘဝအကြောင်းကို ကြားသိရတဲ့ Yi Di လေးက ဘာမှပြန်မပြောနိုင်ဘဲ Xiao Ge ရဲ့ ပါပါးကိုသာကြောင်ကြည့်နေမိတယ်။Xiao Ge ရဲ့ ပါးကလည်း ....
“အားလုံးကငါ့အမှားတွေပါကွာ ငါအဲ့လိုမလုပ်သင့်ဘူး”
မျက်ရည်များစီးကျကာကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိတယ်။
Yi Di လေးလည်း သူ့ Ge ရဲ့ပါပါးငိုနေတာကိုသာကြည့်ပီးဘာမှမပြောနိုင်တော့ပေ။အဲ့အချိန်မှာ Xiao Ge တယောက် သူ့ပါး ရုံးခန်းအရှေ့မှာသူတို့တွေပြောနေတဲ့အကြောင်းနားထောင်ပီး ရုံးခန်းတံခါးကိုမခေါက်ဘဲနဲ့ ထွက်သွားတယ်။သူ့ပါးငိုနေတာကို သူ့ရင်ထဲမကောင်းပေမယ့် သူ့မားသေရတာသူ့ပါးကြောင့်ဆိုပီး အမြဲတမ်းမှတ်ယူထားတယ်။
Yi Di လေးလည်း.....“ ဦးရယ် ဒါဆိုလည်း ဦးသားကိုတောင်းပန်လိုက်ပါလား ”
“ တောင်းပန်ပီးပါပီသားရယ် သူကဦးကိုခွင့်မလွှတ်နိုင်တာ ဟုတ်ပါတယ်လေ သူ့မားသေတာ ဦးကြောင့်ဘဲလေ ”
“ ဟင် ဦးကြောင့်သူ့မားသေတာ ဘာဖြစ်လို့လဲ ဦးရဲ့ ”
“ အော် ဒီလို သားရဲ့ သူ့မားက အစတည်းက နှလုံးရောဂါရှိတယ် ဒါကို ဦးက သူ့ကို စိတ်ဆင်းရဲအောင်လုပ်မိလိုက်တယ် သူ့မားသေရတာက နှလုံးဖောက်ပီးသေရတော့ ဦးအပြစ်မဟုတ်ဘူးလား ”
“အော် ဒါကြောင့် Ge က ဦးကိုမုန်းတာ ဒါမဲ့သူ့ကြည့် ရတာ ဦးကိုမမုန်းသလိုဘဲနော်”
“ဟုတ်တယ် သူက သူ့စိတ်ခံစားမှုက်ို အပြင်ကိုထုတ်မပြဘူး သူ့စိတ်ထဲမှာဘဲ ခံစားတာ သားစဉ်းစားကြည့် သူ့စိတ်ထဲမှာ ဦးကိုဘာ်လောက်နာကျင်မုန်းတီးနေမလဲ”
“ အင်း.....”
Yi Di လေးလည်း Ge ရဲ့နေရာကနေ စဉ်းစားမိတော့ တော်တော်ကြီးကို စိတ်မကောင်းဖြစ်နေမိတယ်။“ သားလည်း သားရဲ့ Ge အကြောင်းကိုသိပီးပီဆိုတော့ သွားအလုပ်သွားလုပ်တော့ ”
“ ဟုတ်ဦး ဒါနဲ့ Ge လာမှာလားဗျ ကုမ္ပဏီကို”
“ မသိဘူးကွာ ဦးလည်း သူက စိတ်ရှိမှ ကုမ္ပဏီကိုလာတာ ”
“ အော် ဟုတ်ဦး ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်ဗျ ”
“ အေးသား သွားသွား ”
Yi Di လေး ရုံးခန်းထဲက ထွက်လာပီး သူ့အလုပ်နေရာကို သွားတဲ့ လမ်းမှာ ရုတ်တရက် ......
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanfictionXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"