နှစ်ယောက်သား ပျော်ရွှင်စွာလျှောက်လည်ပီးသကာလ ....
“Di Di , Ge လေ တခုလောက်တောင်းဆိုချင်တယ်”
“အင်း.. ပြောလေ Ge ရဲ့ ဘာပြောဖို့လဲ”
“တကယ်တော့ ဒီနေ့က Ge မွေးနေ့ပေမယ့် မနက်ဖြန်က....”
“မနက်ဖြန်ကဘာဖြစ်လို့လဲ Ge ”
“ဟို.....ဟို.... Ge ရဲ့ မား နှစ်ပတ်လည်နေ့..”
“ဗျာ...”
“ဟို .... အဲ့ဒါကြောင့်လေ မနက်ဖြန်ကို Ge နဲ့အတူ မားဆီကို ခနလောက်လိုက်ခဲ့လို့ ရမလား"
“ရတာပေါ့ Ge ရယ် Ge အတွက်ဆို ကျနော်က အသင့်ရှိပါတယ်ဗျ။”
“အဲ့ဒါဆို မနက်ဖြန် မနက်ပိုင်းလောက်တွေ့ကြမယ် Di Di ဒီနေ့တော့ မင်း အိမ်ပြန်လိုက်တော့""
“ဟင်... ကျနော် အိမ်ပြန်လို့ရလို့လားဗျ တော်ကြာ ဟိုတခေါက်ကလိုဖြစ်နေဦးမယ်"
“ရပါတယ်ကွာ ငါအဆင်ပြေမှာပါ ငါတယောက်တည်းနေချင်လို့ပါ"
“အင်းပါ Xiao Ge သဘောဘဲ ဒါဆို အိမ်ပြန်ပီနော် ”
ဒီလိုနဲ့ အသီးသီး အိမ်ပြန်သွားကြလေရဲ့။**မနက်ရောက်တော့**
တီတီတီ..........
Xiao Ge ရဲ့အိမ်ရှေ့မှာ ကားတစ်စီးက အချက်ပေးတော့ Ge ကလည်း.....
“လာပါပီဗျ...'”
အဝတ်အစားလဲပီးထွက်လာတဲ့ Xiao Ge တယောက် ကားကိုမြင်တော့အနည်းငယ်လန့်သွားတယ်။ပီးတော့ ပါးစပ်ကနေ တိုးတိုးလေးရေရွတ်လိုက်တယ်။“ပါး.......”
သူ့ပါးကလည်း Ge ကိုရီပြပီး
“ဘာလုပ်နေတာလဲ သားလေး လာလေ”ဆိုပီး ကားပေါ်ခေါ်တင်သွားတယ်။
**ကားပေါ်တွင်**
“သားလေး ပါးက မားနှစ်ပတ်လည်နေ့ကိုမေ့နေတယ်လို့ထင်နေတာလား,”
“မထင်ပါဘူးဗျ" တိုတိုလေးသာဖြေပီး ကားမှန်တံခါးကနေ အပြင်ဘက်ရှုခင်းကိုကြည့်နေတယ်။
“ပါးတောင်းပန်ပါတယ်ကွာ မနေ့က မင်းမွေးနေ့ကို မေ့သွားလို့ ”Ge ကလည်း
ရီသာရီပြပီး ဘာမှဆက်မပြောတော့ပေ။
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanfictionXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"