Xiao Ge ရဲ့ဆန္ဒကို ဖြည့်ဆည်းပီးသကာလ Yi Di လေး တစ်ယောက် Ge ရဲ့ မွေ့ယာပေါ်ကို အမောတကောနဲ့ လဲချလိုက်တယ်။Xiao Ge က Yi Di လေးဘေးနားကို ကပ်ပီး .......“ မင်း ငါ့ကို ဘာတွေလုပ်လိုက်တာလဲ ငါက စိတ်ဖြေတာလေ ဟို ...... ဟိုဟာ မပါဘူးလေ"
“ Ge ကလည်း စိတ်ဖြေတာပါဆို "
“ ဟာ ..... မင်းကလည်းကွာ ငါပြောတာ မင်းစိတ်ဖြေပေးတာရတယ် ဒါမဲ့ ဟို.... ဟိုဟာကြီးပါတော့ ငါနာတယ်ဟ" ( ကောတို့ဘာသဘောကြီးလည်း🙂🙂🌚🌚 )
“ အော် အဲ့ဒါလား ဟိဟိ😁😁 ကျနော် ထန်သွားလို့ပါ သွေ့ပုချီ Ge "
“ သွေ့ပုချီတာ နောက်ထား ငါနာတယ်ဟ 😒😒 "
“ အင်းပါ Ge ရယ် နောက်ဆို အဲ့လိုမလုပ်တော့ဘူး "
“ ဘာ!!!!!!!!! နောက်ဆို ဆိုတော့ အဲ့ဒါလုပ်နေတဲ့အချိန် ထပ်လာမယ်ဆိုတဲ့ သဘောလား 😒😒 "
“ မဟုတ်..... မဟုတ်ပါဘူး Ge ရယ် ဒီတိုင်းပြောလိုက်တာပါ 😑 "
“ အေး ကြည့်နေ မင်း အလုပ်ပြုတ်မယ် "
“ ဟုတ် Ge "
“ ဒါနဲ့ဒီကို မင်းဘာလာလုပ်တာလဲ "
“ အော် သူဌေးက လာခိုင်းလို့ဗျ "
“ ဘာကိစ္စရှိလို့လဲ "
“ သူဌေးက အလုပ်ကိစ္စနဲ့ ခရီးထွက်မလို့တဲ့ ဗျ။ Ge တယောက်တည်း နေခဲ့ရမှာ စိတ်မချလို့ ကျနော့်ကို လာနေခိုင်းတာပါ ဗျ။ "
“ အော် အေး ဒါဆို မင်းဟိုဘက်ကအခန်းမှာသွားနေ လိုအပ်တာရှိရင် ငါလှမ်းခေါ်လိုက်မယ် "
“ ဟုတ်ကဲ့ Ge "
Yi Di လေးကို အခန်းထဲကမောင်းထုတ်ပီး Xiao Ge တယောက် အိပ်ယာပေါ် ပက်လက်လှန်ပီး တခုခုကိုအတွေရောက်နေလေရော။Yi Di လေးလည်း Ge အခန်းကို ကြည့်ပီး.......“ ငါရူးနေတာဘဲ ငါဘာတွေလုပ်မိတာလဲဟ ယောက်ျားအချင်းချင်းကို " ဆိုပီး အသံတိုးတိုးနဲ့ ကိုယ့်ခေါင်းကိုယ်ခေါက်ပီး စိတ်ညစ်နေတယ်။ပီးတော့ သူနေရမယ့် အခန်းလေးထဲကို ဝင်သွားတယ်။
Xiao Ge တယောက်ကတော့ သူရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်ကို တစတစ ပြန်ပြန်ပီး သတိရလာတော့ အရမ်းကြောက်သွားပီး ရှိသမျှပစ္စည်းတွေကို နံရံကို ပစ်ပေါက်ပီး ပါးစပ်ကနေ .......“ မလာနဲ့ မလာနဲ့!!!!!!! သွား! သွား !!!!!!! ဝေးဝေးသွား ငါ့ဆီမလာနဲ့ အားးးးး !!!!!!! " အလန့်တကြားအော်သံကို Yi Di လေးက ရုတ်တရက်ကြားတော့ Yi Di လေး ရေချိုးရင်း အပြေးအလွှား Ge ရဲ့ အခန်းဆီ ပြေးသွားတယ်။ Ge အခန်းထဲရောက်တော့ Ge က Yi Di လေးကို ပြေးဖက်ပီး အနောက်ကိုနည်းနည်းစီလှည့်ကြည့်ရင်း......
“ မလာနဲ့ သွား ...... မလာနဲ့သွား ဝေးဝေးသွား ဝေးဝေးသွား " ဆိုပီး ရှိုက်ကြီးတငင်ငိုနေတော့ Yi Di လေးလည်း တင်းကျပ်စွာပြန်ဖက်ထားပီး ......
“ Ge မငိုနဲ့တော့ Ge ကျနော်ရှိတယ် Ge မငိုပါနဲ့တော့ Ge ကျနော် Ge ဘေးနားမှာရှိတယ် "
Xiao Ge ငိုနေတာလေးကြည့်ပီး Yi Di လေးလည်း မျက်ရည်စလေးများ ကျလာလေရော။
Yi Di လေး ဝမ်းနည်းနေချိန်မှာ Xiao Ge တယောက် အကြောက်လွန်ပီး Yi Di လေးရဲ့ ရင်ခွင်ထဲမှာ မေ့မျော သွားတယ်။ Yi Di လေး သတိထားမိတော့........“ Ge ခဗျ ...... Ge ခဗျ ....... Ge ခဗျ ...... Xiao Ge ခဗျ သတိထားပါဦး သတိထားပါဦး......... "
အာခေါင်ကွဲမတတ်အော်နေတဲ့ Yi Di လေးအသံကို ပင် မကြားနိုင်တော့ဘဲ သတိမေ့မျောသွား တော့ Yi Di လေးလည်း Xiao Ge ကို ပွေ့ချီပီး နီးစပ်ရာဆေးရုံကို အမြန်ပြေးသွားတယ်။ ဆေးရုံရောက်တော့.........
“ Hello သူဌေးလားဗျ "“ အော်အေး သားပြော "
“ ဦးရေ ဒီမှာဦးသားမေ့လဲသွားလို့ ဆေးရုံပို့ထားတယ် "
“ ဟင်........ ဆေးရုံရောက်နေတယ် ဟုတ်လား ဟာ ဒီကောင် ဖြစ်ပြန်ပီနဲ့တူတယ်။ သား ရေ ဦး ပြန်လှည့်လာခဲ့ မယ် ခနလေးတော့ စောင့်ပေးနော် ဦးသားကို "
“ ဟုတ်ကဲ့ ဦး ကျနော်စောင့်နေပါ့မယ် " Yi Di လေးလည်း Xiao Ge နားက တဖွားမှမခွာဘဲ Xiao Ge အဖေ လာတဲ့အထိ Xiao Ge ရဲ့ လက်လေးကို ကိုင်ပီး ထိုင်စောင့်ပေးနေတယ်။
ညနေရောက်တော့ Yi Di တယောက် အိပ်ငိုက်နေတဲ့ အချိန် ရုတ်တရက် အသံသဲ့သဲ့လေးကြားလိုက်ရတယ်။“ မား မား မား ရေ ကျနော်ဒီမှာလေ မား မား မား ဒီမှာ မား " အသံကြောင့် Yi Di လေးနိုးလာပီး Ge ရဲ့ လက်ကို ဆုပ်ကိုင်ပီး........
“ Ge Ge ကျနော်ရှိတယ်နော် " ပြောလိုက်တော့ အသံလေးရပ်သွားတယ်။ သိပ်မကြာခင်မှာဘဲ Xiao Ge အဖေရောက် လာပီး .........
“ သား ကျေးဇူးဘဲကွာ ဦးသားလေးရော အခြေအနေက "
“ မနက်ဖြန်ည လောက်ကို ဆင်းလို့ရပီတဲ့ ဦး မဆိုးပါဘူးတဲ့ အခြေအနေက "
“ အော် အင်းပါ သားကျေးဇူးပါကွာ မင်းပြန်ရင်လည်းပြန်တော့ရပီ "
“ ဟုတ်ကဲ့ပါဗျ ဒါဆို ကျနော် ပြန်တော့မယ် ဦး "
“ အေး သား "
ဒီလိုနဲ့ ............
××××××××××××××××××××××××××××
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
Fiksi PenggemarXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"