The Mistake Of Love ( ချစ်ခြင်းရဲ့အမှား ) Ep 5
Yi Di လေး ဆေးရုံထဲကထွက်လာတော့ Ge ကို စိတ်ပူပြီး ဘာကိုမှမမြင်နိုင်ဘဲ တွေ့သမျှဝင်တိုက် နေတော့တယ်။ Yi Di လေး တယောက်စိတ်မကြည်မလင်နဲ့ လျှောက်လာစဉ် အဝေးတနေရာကနေ ခေါ်သံသဲ့သဲ့ ကြားလိုက်ရတယ်။
“ Yi Di သား .... သားလေး ..... " ခေါ်သံကြားတော့ Yi Di တယောက် နောက်လှည့်ကြည့်လိုက်တယ် ။
“ အော် ဦး ပါလားဗျ ဟုတ်ဦး ပြောပါဗျ "
“ အင်း သားလေး ပြောစရာလေးရှိလို့ "
“ ဟုတ်ဦး ပြောပါဗျ "
“ လာလိုက်ခဲ့ "
“ ဟုတ်ဦး " Yi Di လေးလည်း Xiao Ge အဖေ ခေါ်သွားတဲ့ နေရာကို လိုက်သွားတယ်။ဟိုရောက်တော့ ......
“ သားလေး ဦးပြောမှာက သားရဲ့ အကိုကြီး Xiao Ge အကြောင်းဘဲ "
“ ဟင် Ge အကြောင်း "
“ ဟုတ်တယ် သား ဦးတို့မိသားစုက အရင်က အရမ်းပျော်စရာကောင်းခဲ့တာ။ အဲ့အချိန်မတိုင်ခင်အထိ "..............
#####လွန်ခဲ့သော၁၉နှစ်ခန့်က #####
“ ဟေးးးး ဟူးးး .... ပျော်လိုက်တာ ဒီလိုမျိုး ပင်လယ်မလာရတာကြာပီ ရေး...... ပါး မား တ်ို့ရော ပျော်လား ဟင် "
“ ပျော်တာပေါ့သားရဲ့ အရမ်းပျော်တာ "
“ သားလေး Xiao Ge သားကို ပါး ကတိတည်တယ်နော် "
“ ဟုတ်ကဲ့ပါးပါး အဲ့ဒါကြောင့်ပါပါးကိုချစ်တာ "
“ ဒါနဲ့ သား Xiao Ge သားကြီးလာရင်ဘာလုပ်ချင်လဲ "
“ သားကြီး လာရင် ဟုတ်လား ပါပါး "
“ အင်း သားလေး "
“ အင်း....... အွန်....... ဟိုဟာလေ....... ပါပါးရဲ့ ကုမ္ပဏီ ကို ဦးစီးမယ် "
“ ဟာ ...... ငါ့သား တယ်ဟုတ်လှချည်လား ကောင်းတယ် အဲ့လိုစိတ်ကူးမျိုးလေးရှိတာ "
“ ဟုတ်ပါပါး "
“ အင်း သားလေး " Xiao Ge ပုစိလေးရဲ့ ခေါင်းလေး ကို သူ့ပါးကကိုင်လိုက်ပီး သူတို့ သုံးယောက် ကမ်းခြေကိုကြည့်နေလိုက်တယ်။
ညနေရောက်တော့ ........
“ ကဲ သား Xiao Ge ၊ မိန်းမ လာ ထမင်းစားကြမယ် "
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanfictionXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"