Yi Di လေးလည်း ရုတ်တရက် ရင်ခုန်သံတွေမြန်လာပီး Xiao Ge ကိုသေချာကြည့်နေတယ်။အဲ့အချိန်မှာ Xiao Ge ရဲ့ အဖေက ရုံးခန်းထဲကထွက်လာတယ်။ ပြုတ်ကျနေတဲ့ သူ့သားကိုမြင်တော့ .....
“ သား ... ” လို့ခေါ်လိုက်တယ်။
ခေါ်သံလေးကြားတော့ မြေကြီးပေါ်ကနေထလာပီး ဖုန်ခါလိုက်တယ်။Yi Di လေးလည်း အင်္ကျီတွေပါတွေခါပီး ဦးညွှတ်ပီး ထွက်သွားတယ်။အုတ်နရံနောက်ကနေ ချောင်းကြည့်လိုက်တယ်။“ပါး ...”
“သားလေး ဘာကိစ္စရှိလို့လာတာလဲ”
“ဒီနေ့ဘာနေ့လဲ မသိတော့ဘူးလား”
“ဒီနေ့ဘာနေ့မို့လို့လဲ သားလေးရဲ့”
“ပါး တကယ်မေ့နေတာလား သားကိုစနေတာလား ”
“ဟေ ..... ပါးမစပါဘူး သားရယ် အတည်ပြောနေတာ ”
ပါးစကားကိုကြားတော့ Xiao Ge တယောက် မျက်ရည်လေးတွေ အိခနဲ ဝဲသွားတယ်။“ပါး တကယ်မသိတာလား ဒီနေ့ဘာနေ့လဲဆိုတာ”
“ အော် ဒီသားတယောက်နဲ့တော့ ခက်ပီ။ ဒီနေ့ဘာနေ့မှန်းပါးမသိပါဘူးဆိုမှ ”
Xiao Ge တယောက် မျက်ရည်မဆည်နိုင်ဘဲ မို့မောက်နေတဲ့ ပါးပြင်ထက်ကို မျက်ရည်တွေ အလိုအလျှောက် စီးကျလာတယ်။“ ဒီနေ့ .....ဒီနေ့.....” စကားဆက်မပြောတော့ဘဲနဲ့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ မျက်ရည်များကို သုတ်ပီး ငိုနေရှာတယ်။
Yi Di လေးက မြင်တော့...( ဒီနေ့ဘာနေ့မို့လို့လဲ ဧကန္တ Xiao Ge မွေးနေ့များလား) ဆိုပီး Yi Di တယောက်စဉ်းစားနေတယ်။
“ပါး တကယ်မသိတာလား ပါး”
“ဟုတ်တယ်လေ သားရဲ့ ဒီနေ့ဘာနေ့မို့လို့လဲ ပီးတော့ သားကရော ဘာကြောင့်ဒီလောက်ထိငိုနေရတာလဲ”
“ ပါး ရက်စက်တယ် ပါး သားကိုဂရုမစိုက်ဘူး ပါးကို သားမုန်းတယ် ”
လို့ပြောပီး ပြေးထွက်သွားတယ်။
Yi Di လေးကလည်း သူ့ကော ပြေးထွက်သွားတာမြင်တော့သူလည်း နောက်ကလိုက်တယ်။ Hotel Garden ရဲ့ ထောင့်လေးတနေရာမှာ ငိုနေတယ်။Yi Di လေးလည်း သူ့ Ge ငိုနေတဲ့ ထောင့်လေးကိုသွားလိုက်ပီးတော့ .........“ရော့ ... အရမ်းမငိုနဲ့တော့ ခေါင်းကိုင်လိမ့်မယ် Ge ” ဆိုပီး သူ့လက်ထဲကလအချိုရည် ဘူးကို လှမ်းပေးလိုက်တယ်။
Ge လည်း မျက်ရည်တွေသုတ်ပစ်ပီး Yi Di လေးပေးတဲ့ အချိုရည် ဘူးကို လှမ်းယူပီးသောက်လိုက်တယ်။“ Ge တခုမေးမယ်နော် ”
“ အင်း မေး ”
“ဒီနေ့ Ge မွေးနေ့လားဟင်”
“အင်း ဟုတ်တယ် ဒီနေ့ ငါ့မွေးနေ့ ဒါပေမယ့် ငါ့ပါးက မေ့နေတယ်” လို့ပြောပီး ငိုပါလေရော။ Yi Di လေးလည်း......
“Ge မငိုနဲ့တော့ ဒီနေ့ ကျနော်နဲ့ လိုက်မလား တနေရာကိုသွားမယ်လေ” ဆိုပီး ငိုနေတဲ့ မျက်လုံးလေးတွေကို Yi Di လေးရဲ့ လက်လေးနဲ့ မျက်ရည်တွေကို အသာအယာ သုတ်ပေးပီးမေးလိုက်တယ်။
“ ဘယ်သွားမလို့လဲ ”
“အဲ့ဒါကတော့ လျှို့ဝှက်ချက် ဟိုရောက်မှ သိတာပိုကောင်းမယ်”
“အင်း ဒါဆိုလည်း လိုက်မယ်လေ ”
“ OK ဒါဆို ကျနော် ရုံးဆင်းရင် Hotel ရဲ့ အနောက်မှာစောင့်နေနော် ”
“အင်း စောင့်နေမယ်”
“ပီးတော့ မငိုနဲ့တော့ ငိုနေရင် ခေါင်းတွေကိုက်လိမ့်မယ် ”
“ အင်း မငိုတော့ဘူး ” Yi Di လေးကလည်း ပြုံးပီးတော့.....
“ဒါဆို ကျနော်သွားတော့မယ်”
“အင်း”
Yi Di လေးထွက်သွားတာကို နောက်ကနေကြည့်ပီး ပြုံးပြုံးလေးကြည့်ပီးကျန်ခဲ့တယ်။
ဒီလိုနဲ့ ........အပိုင်း ၉ မျှော်
#ကောင်းရဲ့လားဟင် 🤧🤧
#မupတာကြာသွားတာသွေ့ပုချီပါနော် 😁
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanficXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"