Yi Di လေးရဲ့ ကိုယ်ပေါ်မှာ မွှေးပျံ့နေတဲ့အနံ့တို့နဲ့ဆွဲဆောင်နေတယ့် မှဲ့ကိုယ်တော်လေးကို Yi Di လေးကြည့်ရင်းရင်ထဲမှာ တမျိုးကြီးခံစားနေတဲ့အချိန်မှာ......
" ဟာ Yi Di မင်းဘာလုပ်နေတာလဲကွ "
" အော် ကောရေ ဒီမှာ ကောတစ်ယောက်မေ့လဲနေလို့ ကျနော်ဖတ်ထားတာဗျ "
" ဟင် ဘယ်ကကောင်......ဟင်.....သူ....သူက ငါတို့ သူဌေးရဲ့သားဟ ......ဘာဖြစ်တာလဲသူက...." Yi Di လေးက လက်ပေါ်ကနေ ကောကို Yi Di ရဲ့ လုပ်ဖော်ကိုင်ဖက်က ဆွဲယူလိုက်တယ်။ Yi Di လေးလည်း ငေးနေရုံအပြင်မတတ်နိုင်ခဲ့ဘူးပေါ့။ ( ကလေးရဲ့ကောကို ချီစရာလား အပြင်မှာဆိုငါသွားသတ်တယ်🙂🙂🤧🤧 )
" Xiao Ge ခဗျ .......Xiao Ge...." အသံကြောင့် Xiao Ge တစ်ယောက်သတိရသွားတယ်။( ဘယ်လောက်အော်လိုက်လဲမသိဘူး 😆😆)
" ဟင်......ဒါ..... ဒါ ဘယ်နေရာလဲ "
" ဒါ Xiao Ge အဖေ Hotel ပါ။ အော် မဟုတ်ပါဘူး နောင် Xiao Ge ရဲ့ Hotel ဖြစ်လာမဲ့နေရာပါ"
" ဘာ!!!!!!!!!!!!!!!!"
" Hotel .........ဟုတ်...... ဟုတ်လား" Xiao Ge က ကြောက်လန့်တကြား အော်လိုက်တော့ Yi Di ကနားမလည်တဲ့ပုံစံနဲ့.......
" ဟိုလေ.... ကောဗျ ....ဒါကောရဲ့အဖေ Hotel လေ ဘာတွေတအားကြောက်နေရတာလဲ "
" ဘာ.....ဘာ.... ဘာမှမဖြစ်ဘူး " ငြင်းနေပေမယ့် Hotel ကိုကြည့်ပီး လန့်နေတဲ့ Xiao Ge ကို Yi Di လေးက သတိထားမိတယ်။Xiao Ge လည်း ကြောက်နေတဲ့အမူအယာကို ထိန်းပီး မြေပြင်ကနေထပီး ဖုန်တွေခါပီး.....
" ကျေးဇူးဘဲကွာ ငါ့ကို ကူညီကြတာ "
၂ ယောက်လုံးက...." ရပါတယ် Xiao Ge "
" ဒါနဲ့ မင်းကဘယ်သူလဲ " Yi Di လေးကို လက်ညှိုးထိုးပီးတော့မေးလိုက်တယ်။ ( အဲ့ဒါကနင့်ရဲ့ နောင်ဖြစ်လာမဲ့လင်ဟဲ့🙂🙂 )
" အော် ကျနော်လား ကျနော်က ဒီ Hotel ရဲ့ မန်နေဂျာအသစ်ပါဗျ တွေ့ရတာဝမ်းသာပါတယ် Xiao Ge ကျနော်နာမည် Yi Di လို့ခေါ်ပါတယ်။ " လက်လေးနှစ်ဖက် ယှက်ကာ ရိုရိုသေသေလေး ခေါင်းငုံ့ လိုက်တယ်။
"အော်ဟုတ်လား အေးအေး ဒါဆိုငါလည်းပြန်တော့မယ် အလုပ်ကောင်းကောင်း လုပ်ကြနော် " ဆိုပီး Yi Di လေးရဲ့ ပခုံးလေးကို သာသာလေးကိုင်လိုက်တယ်။ Yi Di လေးလည်း ခေါင်းလေးငုံ့ကာ Xiao Ge အပြင်ကို ထွက်သွားတာလေးကို သေသေချာချာ လေးကြည့်ရင်း အပြုံးပန်းလေးတွေပွင့် နေတဲ့.....
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanfictieXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"