ညဉ့်နက်နေတဲ့အချိန်မှာ Yi Di တစ်ယောက် အလုပ်ကပြန်လာနေတယ်။ညဉ့်နက်ဆိုတော့ လမ်းမှာလူတစ်ယောက်မှမရှိဘူး။ဒါပေမယ့် Yi Di ရဲ့ နောက်က တစ်ယောက်ယောက်လိုက်လာတယ်ဆိုပီး YiDi ခံစားနေရတယ်။ နောက်လှည့်ကြည့်တော့လည်းဘာမှမရှိဘူး။Yi Di လည်းကြောက်ကြောက်နဲ့ ပြေးလေရော။အိမ်ရောက်တော့......
“သားခုမှပြန်လာတာလား"
“ အား........... အော် မား " ကြောက်လန့်တကြားနဲ့ Yi Di အော်တော့ Yi Di မားက ...
“သားYiဘာဖြစ်လာတာလဲ မားကိုပြောပါဦး မားစိတ်ပူလို့။ မဟုတ်မှလွဲရော သားကိုလိုက်သတ်နေတာလား ဒါမှမဟုတ် သားရဲ့ပိုက်ဆံအိတ်ကို လုနေလို့လား။ မားကိုပြောပါဦးသားရယ်။မားစိတ်ပူနေလို့ " အလန့်တကြားအော်တဲ့ သားလေးကို မားက ငိုမဲ့မဲ့ စိတ်ပူပုံနဲ့ကြည့်ပီးမေးလိုက်တော့......
“အော် မားရယ်.....သားဘာမှမဖြစ်ပါဘူး။ဒီတိုင်းလန့်သွားတာပါ " ဆိုပီး Yi Di လေးက သူ့မားစိတ်ပိုပူမှာဆိုးလို့ပြောလိုက်တယ်။တကယ်တော့ Yi Di လေးရဲ့နောက်ကို လိုက်နေတဲ့ အရိပ်မဲကတကယ်ရှိတယ်။Yi Di လေး သတိထားမိတာကြာပီ။ အနည်းဆုံးတော့ ၃ နှစ်လောက်ရှိပီ။ဒါမဲ့အဲ့အရိပ်က ဘာကြောင့်သူ့နောက်လိုက်တာလဲ သူမသိဘူး။ Yi Di လေး ခြေလက်ဆေးပီး အိပ်တော့တာပေါ့။သူအိပ်တဲ့အချိန်ဟာ ၁၂ နာရီ ၃၀ မိနစ်လောက်ရှိပီ။အဲ့မှာစတော့တာဘဲ။အိမ်မက်ထဲတွင်.....
“ မင်း.....မင်း......မင်း......ငါ့ဆီမလာနဲ့ ငါ့ဆီမလာနဲ့........ ထွက်သွား ထွက်သွား.....ရှေ့တိုးမလာနဲ့ မင်းဘာလိုချင်လည်းပြော ငါပေးမယ် ငါပေးမယ်....."နောက်ကိုတရွတ်တိုက် ရွှေ့ပီး မျက်ဝန်းထဲမှာ မျက်ရည်စက်များနဲ့ အလန့်တကြားပြောနေတဲ့ Yi Di လေးကို.....
“ငါမင်းကိုဘာမှမလုပ်ပါဘူးကွာ။ ငါ့ကိုကူညီနိုင်တာ မင်းတစ်ယောက်ထဲဘဲရှိတာ။ ငါ့ကိုမကြောက်ပါနဲ့။" ဆိုပီး Yi Di လေးကိုကြည့်ပီး လူတစ်ယောက်က စကားပြောလိုက်တယ်။ဒါကြောင့် Yi Di လေးက အဲ့လူကို သေချာကြည့်ဖို့ဆုံးဖြတ်လိုက်ပီး.....
“ဒါဆို ကျနော် ခဗျား မျက်နှာကို ကြည့်လို့ရမလား "
“အင်းကြည့်လို့ရတယ် " ပြောပီးတာနဲ့ အဲ့အရိပ်က ကိုယ်ယောင်ကို Yi Di လေးကို ပြလိုက်တယ်။အဲ့အချ်ိန်မှာ.....
“အား............................" Yi Di တစ်ယောက် အသက်ပျောက်မတတ်ဘဲ။အဲ့အရိပ်ရဲ့ ကိုယ်ယောင်က အရမ်းကြောက်ဖို့ကောင်းတယ်။ မျက်နှာတစ်ခြမ်းက အနာတွေအပြည့်မျက်လုံး ၁ လုံးက အောက်နည်းနည်းကျ နောက် ၁ သွေးတွေအပြည့် မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေပီး အငြိုးကြောင့်မကျွတ်မလွတ်ဘဝ ကိုရောက်နေတဲ့ မိန်းကလေးတစ်ဦးပါ။Yi Di လည်း မျက်နှာကို ခနလေးဘဲကြည့်ပီး ချက်ချင်းလှည့်လိုက်တယ်။ဒါပေမယ့် အဲ့သရဲမက Yi Di ရဲ့မျက်နှာရှေ့ကိုရောက်ရောက်လာတော့ Yi Di လည်းတွေရာကို ကိုင်ပီး ကောက်ပေါက်မယ်အကြံ.....
“ အား..........." Yi Di တစ်ယောက်အိပ်ယာပေါ်ကနေ အသံကုန်ခြစ်အော်လိုက်တယ်။မားနဲ့ပါးလည်း အော်သံကြောင့်နိုးပီး Yi Di အိပ်ယာဆီပြေးသွားလေရော။Yi Di လေးကတော့တော်တော်ကြောက်သွားတော့ မားနဲ့ပါးကို ပြေးဖက်လိုက်ပီး.......
“မား ပါး ကျနော်ကြောက်တယ် ကျနော်ကြောက်တယ် ကျနော်နောက်မှာအရိပ်မဲကြီး အရိပ်မဲကြီး အဲ့အရိပ်မဲကြီးရဲ့ပုံစံက ကြောက်စရာကြီး ကြောက်စရာကြီး ကျနော်ကြောက်တယ် ကျနော်ကြောက်တယ် မား ပါး ကျနော်ကို ဖက်ထားကျနော်ကို ဖတ်ထား " ချွေးစေးလေးတွေပြန်ပီး အရမ်းကြောက်နေတဲ့ Yi Di လေးကို သူ့မားက ........
“ သား Yi......သား Yi .......စိတ်ငြိမ်ငြိမ်ထားစိတ်ငြိမ်ငြိမ်ထား သားဘေးမှာ မားရော ပါးရောရှိတယ် မကြောက်နဲ့ " သူ့မားရဲ့ ငိုပီးပြောတဲ့ အသံလေးကိုတောင်သူမကြားနိုင်တော့ဘူး။
အရမ်းကြောက်နေတယ်။( ကလေးအရမ်းကြောက်နေတာ ကို ထပ်ပီးပေးတွေ့ခိုင်းဦးမှာ အကျင့်မကောင်းဘူးလေ တို့က 🤧🤧🙂🙂🙂 )
Yi Di လေး စိတ်ငြိမ်တော့ သူ့ပါးက.........
“သား Yi သားအရိပ်မဲကြီးကို ဘယ်ချိန်ကစတွေ့တာလဲ။"
“ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပါ ပါး "
“ ဟာ....အဲ့လောက်တောင်ကြာပီ ကို ဘာလို့ ပါးတို့ကိုမပြောရတာလဲ "
“ အရင်က လိုက်ရုံလိုက်တာ အိမ်မက်တွေဘာတွေမမက်ဘူး ဒီနေ့မှ အိမ်မက်မက်တာ။"
“ သား မင်းသူ့နာမည်ကိုသိလား။"
“မသိဘူး ပါး ဒါမဲ့ သူက မိန်းကလေး ပါး"
“ ဒါဆို သား သူ့အကြောင်းသိချင်လား"
“ ဟင်....ဟုတ်ပါး သား.....သား သိချင်တယ်။"
“ ဒါဆို သား မနက်ကြရင် ပါးရဲ့ သူငယ်ချင်း စိတ်ပညာရှင်နဲ့ ဆွေးနွေးကြည့်ပီး သူ့ရဲ့ နောက်ကြောင်းကို ကြည့်ကြတာပေါ့ သူက ဘာလို့သေတာလဲ သူ့ကို ဘယ်သူက သတ်တာလဲ ဆိုတာကိုပေါ့ "
“ ဟုတ်ပါး ...ဒါမဲ့ ကျနော်အလုပ်သွားရအုန်းမယ်လေ မနေ့ကမှ စလုပ်နေတဲ့အလုပ် ပါးရဲ့ "
“ ဟင် .... ဘာအလုပ်လဲသား "
“ Hotel မန်နေဂျာပါ ပါး "
“ ဘယ် Hotel လဲ သားရဲ့ "
“ The Great Hotel တဲ့ "
“ wow .... သား အဲ့ဒါ အချမ်းသာဆုံး နံပါတ် ၁၅ စာရင်းဝင် Hotel ဘဲဟ ငါ့သား အကောင်းဆုံး Hotel ထဲက တစ်ခုမှာ အလုပ်ရနေတာကို ပါးမသိပါလား အေးပါ သားရယ် ဒါဆိုလည်း အားတဲ့တနေ့နေ့ သွားပီး ဆွေးနွေးကြတာပေါ့ "
“ ဟုတ်ပါး "
“ အေး သား အိပ်တော့ ... စိတ်ငြိမ်ငြိမ်ထားပီးပြန်အိပ်နော် "
“ ဟုတ် ပါး "
“ မနက်ကျရင် မနက်စာလေးစားပီးမှသွားနော်သား သားကို ကြည့်ရတာ အားနည်းနေတဲ့ပုံပေါ်နေလို့ "
“ ဟုတ်မား သားအိပ်တော့မယ် "
“ အေး အေး အေး အိပ်တော့ လာ ယောက်ျား သွားရအောင် " Yi Di လေးရဲ့ မားနဲ့ပါးလည်းထွက်သွားရော သူလည်း ပြန်အိပ်တော့တယ်။
မနက်ရောက်တော့ ......
တီ တီ တီတီ ... ( နှိုးစက်မြည်သံ )Yi Di လေး အသံကိုကြားတော့ ပိတ်ပီး မျက်လုံးလေးကို လက်နဲ့အသာအယာပွတ်လိုက်ပီး အိပ်ယာပေါ်က ထလာတယ်။ မျက်နှာသစ် သွားတိုက် မနက်စာစားပီးတော့ ရေမိုးချိုး ရုံးသွားဖို့ပြင်ပီးတော့ ပါးက သူ့ကားနဲ့ Yi Di လေး အလုပ်လုပ်တဲ့ Hotel ဆီကိုပို့ပေးတယ်။Hotelရှေ့ရောက်တော့ မလှမ်းမကမ်းမှာ နေမကောင်းဖြစ်နေသလို ပုံစံမျိုးနဲ့ လူတစ်ယောက်ကိုတွေ့တော့.......
“ ဒီမှာဗျ ဒီမှာ..... Ge Ge ဗျ Ge Ge .....အဆင်ပြေရဲ့လား ကော.... အဆင်ပြေရဲ့လားဟင်"
Yi Di လေးရဲ့ နှုတ်ခမ်းလေးကို အဲ့လူကစိုက်ကြည့်နေပီး ရုတ်တရက် Yi Di လေးအပေါ် ပြုတ်ကြသွားပီး နှုတ်ခမ်းလေးကိုပါ နမ်းမိသွားတယ်။ Yi Di လေးလည်း အလိုက်သင့်လေး ဖက်ထားပီး ထိစပ်မတတ်ဖြစ်နေတဲ့ နှုတ်ခမ်းလေးကိုကြည့်ရင်းရင်တွေခုန်လာတယ်။ အဲ့နှုတ်ခမ်းလေးရဲ့ အောက်ကိုရုတ်တရက် ကြည့်လိုက်တော့ မှဲ့လေးတစ်လုံးကိုတွေ့လိုက်တယ်။ဒီလိုနဲ့ ...........
အပိုင်း ၂ မျှော်
# Vote လေးတွေ အလှုခံပါတယ်🤧🤧
YOU ARE READING
The Mistake Of Love ( ချစ်ခြင်းရဲ့အမှား )
FanfictionXaio Ge - ငါမှားခဲ့တယ် Yi Di - ဘယ်တော့မှ Xiao Ge ကိုမခွဲနိုင်ဘူး "ငါသာ နတ်သားတပါးဆိုရင် မင်းနေနေတဲ့လောကကြီးကို ပြောင်းလဲပေးနိုင်မှာ......"