Part-1( uni- zawgyi)

5.6K 206 3
                                    

# uni

  '' ဒေါက်ဒေါက်ဒေါက်''
ဦးစိုးမြင့် ကသူ့သမီးကိုလှမ်းပြောသည်
'' သမီးရေ မထသေးဘူးလား ဖေဖေဝင်လာပီနော်''
အိပ်ယာထဲတွင်တုပ်တုပ်မျှမလှုပ်ပဲအိပ်နေသော
ခန့်ခန့် 
   ''ခန့်လေးရေ ထတော့လေ ''
ထိုအခါမှ စိတ်တိုတဲ့ပုံစံနဲ့ပြန်ဖြေသည်
'' အဖေကဘာဖြစ်နေတာလဲ ဒီနေ့ ကျောင်းပိတ်
ရက်မလား အေးဆေးလေးနေလို့မရဘူးလား ''
  ဟုတ်သည် ခန့်ခန့်သည် အပေါင်းသင်းမရှိ အေးဆေးနေပြီး ဂျစ်ကန်ကန်ခေါင်းမာသော မိန်ကလေး တစ်ယောက်ဖြစ်သည် ဆံပင်ဂုတ်ဝဲလောက်သာရှိပြီး မိန်ကလေးမဆန်သော မိန်းကလေးတစ်ယောက် ဟုဆိုလည်း မမှားပေ
ထိုအခါ ဖခင်မှ
  '' ဖေဖေရဲ့ မိတ်ဆွေတစ်ယောက်နဲ့ နေ့လည်စာ
စားဖို့ချိန်းထားတယ် သမီးကောတူတူစားရမှာ ''
    စိတ်တိုနေသောအသံဖြင့်
'' အဲ့ဒါအဖေ့မိတ်ဆွေလေ သမီးမိတ်ဆွေလား''
ထိုအခါ ဖခင်မှကြံရလေသည်
'' သမီး ဘာလိုချင်လဲ ကြိုက်တာပြော ဖေဖေ
ဝယ်ပေးမယ် ''
    ထိုအခါ ခန့်လေး ငြိမ်သက်သွားပြီး
  '' ဟင့်အင်း နောက်ပါတ်ဆို မေမေရဲ့ နှစ်ပတ်လည်နေ့ အုတ်ဂူကိုတူတူသွားမယ် ''
ဖခင်သည်ပြုံးလိုက်ပြီး
  '' ဒါပေါ့ သမီးမပြောရင်တောင်သွားဖို့လုပ်ထားတာ တူတူသွားမယ်လေ သွား 11နာရီတောင်ထိုး
နေပြီ ရေသွားချိုးတော့ ''
ပြီးနောက် ဖခင်သည်အခန်းထဲမှထွက်သွားလေသည် ခန့်လေးဖေဖေသည် ခန့်လေးကိုအရမ်း
ချစ်သည် အလိုလိုက်ထားတော့ ဆိုးနေခြင်းဖြစ်သည် 
  ''ကြီးလေး ဘာတွေချက်နေတာလဲ ''
အိမ်က အိမ်အကူဆိုလည်းဟုတ် အမေဆိုလည်းဟုတ်သည် ခန့်လေးငယ်ငယ်ထဲက စောင့်ရှောက်လာသော ကြီးလေးသည် ခန့်ခန့် အကြိုက်တွေကို
အမြဲသိနေတတ်သည်
   ကြီးလေးမှ
  '' နေ့လည်စာ သူများတွေလာစားမှာမလား
လိမ်လိမ်မာမာနေ အပြောအဆို.... ရင်..''
ထိုအခါ ခန့်လေးက ဟင်းကိုနှိုက်စားလိုက်ပြီး
   ''ဒါလေးကောင်းတယ် ''
'' ဟွန်းခန့်လေးကတော့ ဘယ်တော့မှစကားနားမထောင်ဘူး ''
ရှောင်ထွက်ပြီး ဝန်းရံတာမှာ သွားထိုင်နေပြီး နာကြပ်တပ်ထားလိုက်လေသည် ခနကြာတော့
ဧည့်သည်တွေရောက်လာပြီး ထိုအခါ ဦးစိုးမြင့်
သည်  ''ကြီးလေး ခန့်ခန့်ကော တစ်ချက်လောက်
သွားခေါ ပေးပါလား ''
  ခန့်ခန့် တည်တည်ကြည်ကြည်နဲ့ ဝင်ထိုင်သည်   ခန့်လေးသည်ပါးနပ်သော မိန်းကလေးတစ်ယောက်ပင် သူ့အဖေလာပြောထဲက. အကြောင်းအရင်းတွေကိုသိနေခဲ့သည်
   ''ခန့်လေး လာထိုင်''
ဖေဖေက ကောင်းကောင်းမွန်မွန်မိတ်ဆက်ပေးသည်
'' ခန့်ခန့် ဒါကအန်တီဆွေတင့် ဒါကတော့ သူ့သမီး
မြဝန်းတဲ့ ဝန်းလို့သူ့ကိုခေါလို့ရတယ်''
ခန့်အဲ့မိန်းကလေးကိုကြည့်လိုက်သည်စိတ်ထဲမှ''သူကဘာလို့အဲ့လောက် ငါ့ကိုကြည့်နေတာလဲ သူကဘာဖြစ်ချင်နေတာလဲ ငါ့နေရာကိုဝင်ချင်နေတာလား ''
    ထိုအခါ ခန့်ခန့်စိတ်ပျက်စွာဖြင့်
''အဖေခေါတာ နေ့လည်စားစားဖို့လား အရေးမပါတာတွေ ပြောနေဖို့လား ''
   အဖေကမျက်နှာပူစွာဖြင့်
''ခန့်လေးအဲ့လိုမပြောကဘူးလေ လူကြီးတွေကို''
  ဟိုဘက်က​ဒေါဆွေတင့်ကဝင်ပြောသည်
  '' ရပါတယ် ကိုစိုးမြင့်ရယ် ကလေးပဲရှိသေးတာကို ဖြစ်တတ်ပါတယ် မဆူပါနဲ့ ''
  အဲ့ကောင်မလေးကြည့်ရတာ ခက်အေးအေးပဲ
ဘာကိုမှဝင်မပြောဘဲ ခန့်ကိုသာကြည့်နေသည်
ဦးစိုးမြင့်က
  '' အဲ့ဒါဆို နေ့လည်စာစားကြအောင်လေ
ကလေးတွေလည်းဆာနေရောပေါ့  လာလာ
သွာစားကြမယ် ''
    ဦးစိုးမြင့်သည် မြဝန်းကိုခေါပြီး ထမင်းစားခန်းထဲဝင်သွားသည် ထိုအခါ ခန့်သည် ​ဒေါဆွေတင့်နားကိုကပ်ပြီး
     '' ခင်ဗျားကဘာလို့ချင်တာလဲ စည်းစိမ်လား
ခင်ဗျားက အဲ့လိုပဲလုပ်စားနေတာလား တခါတည်းပြောထားမယ် ကိုယ့်စည်းနဲ့ကိုယ်နေပါ ''
    ဒေါ ဆွေသည်သဘောထားကြီးသောမိန်းမတစ်ယောက် အမှန်ဆိုလျှင် ဦးစိုးမြင့်ထက်တောင်
​ပိုပြီးချမ်းသာသေးသည် ဒီလိုဖြစ်လာမယ်ဆိုတာကိုလည်း သူသိနေခဲ့သည် စိတ်ထဲမှ
    '' သမီး နားလည်လာမှာပါလေ ''

My Stepsister Where stories live. Discover now