#uni
ငါရင်တွေခုန်နေတာလား မဖြစ်နိုင်ပါဘူး
'' ပန်းကန်သွားထားလိုက်ဦးမယ်နော် ''
အသံညောင်နာနာလေးဖြင့်
'' မြန်မြန် ပြန်လာခဲ့နော် ''
ခန့်လည်း အောက်ကိုမြန်မြန်ဆင်းသွားခဲ့သည်
ပြန်တက်လာသော် စောင်ထဲမှာအိပ်ပျော်နေပီဖြစ်သည် ခန့်သူ့အနားကို သွားပြီး စောင်လေးအပေါတင်ပေးလိုက်သည် ထို့နောက် နဖူးကိုကိုင်ကြည့်သော် ကိုယ်တွေကပူနေတုန်းပဲရှိသည်
ထိုအခါ တံဘက်တစ်ခုကိုရေစွတ်ပြီး နဖူးပေါသို့
တင်ပေးလိုက်သည် .....
ထိုအခါ ဝန်းသည် ခန့်ရင်ပေါသို့တိုးလာသည်
ထိုအခါ ခန့်လှဲလိုက်ရလေသည်
'' ဒီကလေးမက တစ်ကယ်မလွယ်ပါလား''
မနက်သို့ရောက်သော် ဝန်းလဲ အဖျားကျသွား
လေပြီဖြစ်သည့် ခန့်ကိုလည်းမတွေ့ပါ ဝန်း သွားတိုက်ရင်ရေချိုးခန်းထဲသို့ဝင်လိုက်သည် ထိုအခါ
တွေ့လိုက်သည်
'' မနေ့ က ငါဒီအကျီ ဝတ်ထားတာမဟုတ်ပါဘူး
ဟာ ရှက်လိုက်တာ သေတော့မှာပဲ ''
အောက်ရောက်သော် ခန့်မနက်စာစားနေသည်
ဝန်းဆင်းလာသော် ကြီးလေးက ဝန်းနဖူးကိုလာစမ်းသည်
'' ဝန်း သက်သာသွားပြီလား တော်ပါသေးတယ်''
'' အာဟုတ်သက်သာသွားပါပြီ ''
ထိုအခါ ကြီးလေးသည်
''ဒီနေ့ကျောင်းတက်နိုင်ရဲ့လား နားလိုက်လေ ''
'' ဟုတ်တယ် ဒီနေ့နားလိုက်တော့ ''
ခန့်ကရုပ်တည်တည်ဖြင့်ဝင်ပြောသည် ဝန်းလဲပြန်ပြောလိုက်သည်
''စာတွေနောက်ကျသွားလိမ့်မယ် ''
''ဘာမှမဖြစ်ဘူး အိမ်ရောက်ရင် ငါရှင်းပြမယ် ''
ထို့နောက်ခန့်ထသွားလေသည်
ကျောင်းတွင်........ဆရာမက
'' ခန့် ဝန်းမလာဘူးလားမင်းတို့ကတအိမ်တည်းနေကြတာဆို''
အခြားသူတွေလည်း အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ပြီး
'' နေမကောင်းလို့ပါ ''
ခန့် သန့်စင်ခန်းထဲမှထွက်မည်အလုပ် ကောင်မလေးတစ်သိုက် ပြောတဲ့အသံတွေကိုကြားခဲ့သည်
'' ဟဲ့ နင်တို့ကြားပြီးပြီလား မြဝန်း အမေက
ပိုင်းလုံးလုပ်ထားတာတဲ့ ရွံစရာကြီးနော် အမေကော သမီးကော ပြီးတော့ ငါ့ခန့်လေးကိုပါယူတော့မှာ ငါတော့အပိုင်သိမ်းထားမှဖြစ်တော့မှာ ''
'' ကောင်မရေ နင်လည်းပိုတာ ''
နောက်တစ်ယောက်ကဝင်ပြောသည် ခန့်သန့်စင်ခန်းထဲကထွက်လာလိုက်သည် ခပ်တည်တည်ဖြင့်
လက်ဆေးနေသည်
'' ဟဲ့ ပြောလိုက်လေ ''
ကောင်မလေးတစ်ယောက်သည် ခန့်ကိုပြောလိုက်သည်
'' ခန့် ငါနင့်ကိုချစ်တယ် ငါတို့တွဲရအောင်''
ခန့်မျက်လုံးချင်း ကြည့်လိုက်ပြီး
'' ငါကတော့ နင့်လိုလူမျိုးတွေကို ရွံတယ် ''
ပြောပြီး ခန့်ထွက်သွားသည် ထိုမိန်းကလေးလည်း စိတ်တိုသွားပြီး အခြားကောင်မလေးတွေကဝင်ပြောသည်
'' ဘာလဲ အချစ်ရှုံး သမားကြီးဖြစ်သွားပီလား''
'' နင်တို့ကြည့်နေလိုက်ပါ ''
YOU ARE READING
My Stepsister