#uni
အချစ် ဟုတ်လား အချစ်ကဘာလဲ အချစ်ဆိုတာနှလုံးသားထဲမှာတခါမှမဖြစ်တည်ဖူးဘူး အချစ်ကကော သန့်မှတ်ချက်တွေနဲ့လား ချုပ်နှောင်ခြင်းတွေနဲ့လား ကိုးကွယ်တဲ့ ဘာသာရပ်တရပ်လား
လူတွေ တော်တော်များများ မေးခွန်းတွေထုတ်ဖူးကြမှာပါ အချစ်ဆိုတာကို ခန့်အတွက်ကတော့ အချစ်ဆိုတာ ဘာမှရှည်ရှည်ဝေးဝေး မတွေစချင်ပါဘူး အချစ်ဆိုတာ ဘာလဲဆို သူမပဲ
မနက်အိပ်ယာနိုးသော် ဝန်းတံခါးလာခေါက်သည် ခန့်အိပ်ချင်မူးတူးဖြင့်ထဖွင့်လိုက်ပြီး
'' ခန့်ဒီနေ့ဘာနေ့လဲသိလား ''
ခန့်က ခေါင်းကုတ်လိုက်ကာ
'' ဒီနေ့ငါ့မွေးနေ့ ''
'' အာဟုတ်လား ဘယ်သွားချင်လဲ လိုက်ပို့ပေးမယ် လေ ''
ဝန်းပြုံးလိုက်ပြီး ပြန်ဖြေသည်
'' ငါဘုရားသွားချင်တာ ''
ခန့်ပြုံးတုံးတုံးနဲ့
'' အွန်း တူတူသွားမယ် မိနစ်နှစ်ဆယ်စောင့်
အောက်ဆင်းလာခဲ့မယ် ''
ဝန်းသည်မြန်မာဆန်ဆန်လေးပဲ ဝတ်ထားသည် ရင်ဖုံးနှင့်ထမိန်ပင် ခနကြာသော် ခန့်ဆင်းလာသည် အပြာရောင်အေးသော ပါတိတ်လေးနဲ့
ဗြောင် ဖဲသားရင်ဖုံး လက်ရှည်အကျပ်ကိုဝတ်ထားသည် ပုံမှန်ဆိုဝတ်နေကျမဟုတ်ပေမဲ့
ဝန်းမွေးနေ့ဆိုတော့ ဝတ်လာလိုက်သည် ဝန်းမျက်တောင်ပင်မခတ် ကြည့်နေသည် ဆံပင်
ဂုတ်ဝဲ ခါးသေးသေးနဲ့ လှနေသည်မှာ အသက်ရူပင်မှားလောက်သည် ခန့်မေးကာမှ ဝန်း သတိရသွားသည်
'' အွန်း ဘာတွေအဲ့လောက်ကြည့်နေတာလဲ
တစ်ခုခုဖြစ်လို့လား အကျီက ''
'' အာ ဟိုမဟုတ်ပါဘူး ဝတ်တာမမြင်ဘူးလို့ပါ'
ခန့်ပြုံးလိုက်ကာ
'' အင်း နောက်ဆို ဝန်းကြိုက်ရင်ဝတ်မယ်လေ''
ထိုအခါ ဦးစိုးမြင့်တို့ဆင်းလာပြီး
'' ဟေ ဒီကလေးနှစ်ယောက်ဘယ်သွားမလို့လဲ''
ဝန်းက ပြန်ပြောလိုက်သည်
'' ဒီနေ့ ဝန်းမွေးနေ့လေ ဘုရား တူတူသွားကြမလို့''
ဒေါဆွေတင့်ကပါဝင်ပြောသည်
'' အေးကောင်းတာပေါ့ သမီးတို့တည့်နေတာမြင်ရ
တော့ ''
ထိုအခါ ဦးစိုးမြင်က ကားဒါရိုက်ဘာကိုသေချာမှာသည်
''သွားချင်တဲ့နေရာကိုသေချာလိုက်ပို့ပေးလိုက်ပါ
သူတို့ကိုဂရုစိုက်ပါ ''
'' ဦးလေး မနလေးတောင် အရင်သွားရအောင်နော်''
''ဟုတ်ကဲ့ မမလေး ''
ထိုနေ့သည်မေ့လို့ရမည့်နေတော့မဟုတ်ခဲ့ပါ
အရာရာလှပလာတာသူမကြောင့်ပဲမလား
'' မမတို့ ဘုရားပန်းလေးဝယ်သွားကြပါလား ''
ချစ်စရာကောင်းသောကလေးလေးတစ်ယောက်ပင် ပါးကွပ်လေးလိမ်းထားပြီး ပုဆိုးလေးလည်းဝတ်ထားသည် ကလေးကငယ်သေးဟန်တူသည်
ခန့်လည်း စောင့်ကြောင့်လေးထိုင်လိုက်ပြီး
'' သားမေမေကလာရောင်းခိုင်းတာလား''
ထိုအခါကလေးလေးကရီပီး.
''မဟုတ်ပါဘူး မမရဲ့ သားကမေမေ့ကိုကူညီချင်လိူ့ မေမေတစ်ယောက်တည်းလုပ်နေရတာ ပင်ပန်းမှာစိုးလို့ ''
ခန့်ပြုံးလိုက်ကာ ကလေးရဲ့ခေါင်းလေးကိုကိုင်လိုက်ပြီး
'' မမ အများကြီးဝယ်မယ်လေ သားသား ကျောင်းကိုပြီးအောင်တက်ကမယ်နော် ''
''ဟုတ် မမ''
ဝန်းလည်း ခန့်ကိုကြည့်ပြီးသာ ရင်ထဲကပီတိလေးဖြစ်နေခဲ့သည်
ဘုရားမရောက်ခင်လှေကားတက်ရသေးသည်
'' လာ သွားရအောင်''
ခန့်လက်သွယ်သွယ်လေးတွေဖြင့် သူ့မလက်ကိုကိုင်ပြီး တက်သွားသည် အပေါရောက်သော်
ဝယ်လာသည့် ဘုရားပန်းကို အိုးတွင်ခန့်သွားထည့်လိုက်သည် သို့သော် ဝန်းသည်အကြာကြီး ဘာတွေဆုတောင်းနေလဲတော့မသိပါ
ထို့နောက်ရင်ပြင်ကိုထွက်လာပြီး
'' ဝန်း ဘာတွေဆုတောင်းနေတာလဲ ''
'' ချစ်ရတဲ့သူတွေနဲ့ တစ်သက်လုံးတူတူ နေချင်တယ်လို့ ''
ခန့် ကနှုတ်ခမ်းလေးထော်လိုက်ပီး
'' အဲ့ဒါဆုတောင်းတာအဲ့လောက်ကြာလား''
'' ဟင့်အင်း ကျန်တာတွေရှိသေးတယ် ''
လေလေးတွေကတိုက်နေပြီး ရူခင်းသည်လည်း အရမ်းလှသည် ပြီးနောက် သူမရဲ့အလှရောပင်
ခန့်သည်ဝန်းကိုလှမ်းမေးလိုက်သည်
'' ဝန်းမှာ ချစ်ရတဲ့သူရှိလား ''
ဝန်းသည်ခန့်မျက်လုံးတွေကိုစိုက်ကြည့်ပြီး
''အင်းရှိတယ် ''
ဝန်းရဲ့အဖြေကို ကောင်းကောင်းကြီးခန့်နားလည်ပါတယ်
'' ဒါပြီးရင် ခန့်တို့ ဦးပိန်တံခါးသွားကြမလား ''
''အင်း သွားမယ်လေ ''
ရောက်သော် နေသည်လည်းအရမ်းကြီးပူမနေခဲ့ပါ ပွဲတော်အခါအလမ်းတွေလည်းမရှိသဖြင့် လူတွေသည်နည်းနည်းတော့ခြောက်ကပ်နေခဲ့သည်
လက်တွေကိုသာခိုင်ခိုင်တွဲပီး အဆုံးထိ တံတားကိုဖြတ်လျောက်လာခဲ့သည်
''လှတယ်နော် ခန့် ''
ခန့် ဝန်းကိုကြည့်ကာ
'' အင်း အရမ်းလှတယ် ''
''ဝန်းက ရှုခင်းကိုပြောတာ ''
မျက်လုံးလေးကိုစိုက်ကြည့်ကာ
'' ခန့်လည်းရှုခင်းကိုပြောတာပါ ''
'' ခန့်တို့ပြန်ကြမလား ''
ဝန်းလည်းခေါင်းလေးကိုညိတ်လိုက်ပြီး
'' ပြန်မယ်လေ ''
'' ဒါနဲ့ဝန်းသိလား ဒီတံတားအဆုံးထိတူတူ
လျောက်ရင် ဘယ်တော့မှ မခွဲရတော့ဘူးတဲ့''
'' ဝန်းတို့က ခွဲစရာလိုသေးလို့လား ''
အရာရာ တောက်ပနေခဲ့သည် ဟုတ်သည် အချစ် အချစ် သူမပင်..... တစ်ဦးတည်းသော အချစ်ဆိုတာကို သိခြင်းက သူမပင်
BINABASA MO ANG
My Stepsister