# uni
''ဝုန်း ''
အခန်းတံခါးကိုကြမ်းတမ်းစွာပိတ်လိုက်သောအသံပင်
'' သမီး ခန့်ခန့် ဖေဖေနဲ့စကားပြောရအောင်
အပြင်ထွက်ခဲ့ဦး ''
ဘာမှပြန်မထူးပင်
''ဖေဖေဝင်လာမှာနော် ''
ဦးစိုးမြင့်သည် သော့ဖြင့်ဖွင့်ပြီး ဝင်လာလိုက်သည် ဝန်းရံတာမှာခုံဖြင့်ထိုင်နေသောသူမ
'' ဖေဖေတောင်းပန်ပါတယ် ''
ခပ်အေးအေးလေသံဖြင့်
''မတောင်းပန်နဲ့မခွှင့်လွှတ်ဘူး အမေ့နေရာမှာဘယ်သူ့မှအစားမထိုးနိုင်ဘူး ''
ထိုအခါ ဦးစိုးမြင့်သည်
'' ဖေဖေ မင်းအပေါ မကောင်းခဲ့တာ ရှိလား
ဖေဖေမင်းအပေါ ရက်စက်ခဲ့တာကောရှိလား
ဖေဖေမေးတာဖြေ မင်း အတိတ်တွေထဲကရုန်းထွက်သင့်ပြီ မင်းအမေကသေ သွားခဲ့ပြီ ''
ခန့်ခန့် ရီလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်ကာ
'' ကြည်နူးရတာတွေကို မမေ့နိုင်လို့ အတိတ်
ဆိုတာဖြစ်လာတာ အဖေ့သဘောပဲ သမီးဘာမှဝင်ပြောတော့မှာမဟုတ်ဘူး ထွက်သွားတော့ ''
ရုပ်တည်တည်ဖြင့်သာ ပြောလိုက်သည် ဦးစိုးမြင့်
လည်း ထွက်လာခဲ့လိုက်သည်အရာရာကအရင်နဲ့မတူတော့တာအမှန်ပင်
ခန့်ခန့်သည် ဒီထက်ပိုပြီး စကားတွေနည်းသွားသည် စိတ်ပျက်သွားဟန်တူသည် လူတွေစိတ်ပျက်ရင် မုန်းတာထက်ပိုကြောက်ဖို့ ကောင်းသည်မလား
မနက်နေရောင်ခြည်သည်ခန့်ခန့်မျက်နှာ ပေါသို့
ကျနေသည် ခန့် နိုးနေသည် ထလိုက်ပြီး ကျောင်းသွားဖို့ရေမိုးချိုးလိုက်သည် ကျောင်းက private
ကျောင်းဆိုတော့ ဝတ်ရသည်မှာ ကျောင်းစိမ်း
မဟုတ်ပါ အနက်ရောင်ဘောင်းဘီရှည် အဖြူရောင်ကော်လံလက်ရှည် လည်စီးနှင့် အပေါထပ်
လက်ပြတ်ဆွယ်တာအနက်ရောင်ထပ်ဝတ်ရပြီး ခန့်သည် shoe white sneakerကိုဝတ်နေကျဖြစ်သည် ခန့််သည်အရပ်ရှည်သဖြင့် ကျောင်းဝတ်စုံဖြင့်တော်တော်လိုက်ဖက်သည်
ကျောင်းသို့ရောက်သော် ဆရာမက
'' ကဲ ထိုင်ကြ ဒီနေ့ကျောင်းသူအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် သမီးလာ''
ဟုတ်သည် အဲ့ မိန်ကလေးဝင်လာသည်
'' မြဝန်းလို့ခေါပါတယ် လိုအပ်တာရှိရင်လည်းကူညီပေးကြပါဦး''
အဲ့ကောင်မလေးက ခန့်နဲ့ယှဥ်ရင် အရပ်အရမ်းကွာသည် ခန့်ကအရပ်ရှည်ပြီး ဝန်းက အရပ်နည်းနည်းပုသည် ပြီးနောက် ဆရာမကခန့်ကိုခေါလိုက်သည်
'' ခန့် ဒီကိုခနလာပါဦး ''
ဆရာမကမိတ်ဆက်ပေးသည် ခန့်သည်အရယ်အပြုံးတစ်ချက်မှမရှိပါ မြဝန်း ရိပ်မိပါသည်
'' မြဝန်း ခန့်က စီနီယာ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သလို အတန်းခေါင်းဆောင်လည်းဖြစ်တယ် လိုအပ်တာရှိရင် သူ့ကိုကူညီခိုင်းလို့ရတယ်နော် ''
မြဝန်းလည်း သူမကိုကြည့်ပြီး
''ဟုတ်ကဲ့ ဆရာမ''
'' သူ့ရဲ့ရှေ့ခုံမှာဝင်ထိုင်လိုက်နော်''
ခန့်သည် ခုံမှာဝင်ထိုင်လိုက်သည် ယောင်လို့တောင် သူမကိုမကြည့်ခဲ့ပါ မုန့်သားကျောင်းဆင်း
ချိန်သို့ရောက်သော် ခန့် စာရေးခုံမှာထိုင်ပြီး စာရေးနေသည် ဝန်း လှမ်းပြီး ပြောလိုက်သည်
'' ဟို... ခန့်...... ''
တည်တည်ကြည်ကြည်ပင်
''ပြော''
'' အိမ်သာဘယ်နားမှာလဲ ပြောပြပါလား ''
'' ဒီကနေထွက်ရက်တည့်တည့်သွားပြီး ဘယ်ချိုးလိုက် ''
ဝန်းလည်းထွက်သွားသည်
ကျောင်းပြန်ချိန်သို့ရောက်သော်
ဦး စိုးမြင့်သည် ကျောင်းရှေ့တွင်လာကြိုသည်
ထိုစဥ် မြဝန်းနဲ့ပါတွေ့သည် ဦးမြင့်စိုးသည်
'' သမီးမြဝန်း သမီးအမေကဦးတို့အိမ်မှာ တူတူပြန်ကြမယ်လေ''
....................
KAMU SEDANG MEMBACA
My Stepsister