# uni
အိမ်သို့ပြန်ရောက်သော် ကြီးလေးသည်
'' ဝန်းရယ် ဘယ်တွေသွားနေတာလဲ ကြီးလေးကစိတ်ပူနေတာ မိုးတွေလဲ စိုရွဲနေတာပဲ ''
ဝန်းပြုံးလိုက်ကာ
'' ဝန်းက ဆေးသွားဝယ်တာပါ ကြီးလေး ''
ကြီးလေးကဆေးဘူးကိုကြည့်လိုက်သော်
'' ဝန်း သမီး ပန်းနာရင်ကြပ်ရှိတာလား အဲ့ဒါတွေက အငွေ့တွေ့ကိုရှောင်နော် အသက်အနရာယ်
ထိခိုက်နိုင်တယ် ဝန်း ''
''ဟုတ် ဝန်းသိပါတယ် ကြီးလေး ''
ထို့နောက်ကြီးလေးက စ သော မျက်နှာဖြင့် ခန့်ကို မတိတထိ ပြောသည်
'' စိတ်မပူတတ်တဲ့လူတွေက စိတ်ပူတတ်လာပြီထင်ပါတယ်လေ ''
ဝန်းကကြောင်ကြည့်ကာ ခန့်ကမျက်နှာတွေရဲတက်လာပြီး
''ဘယ်သူကစိတ်ပူတာလဲ မိုးရေထဲမှာ သေ သွားရင် ခန့်ကိုအမှုပတ်မှာလေ ပြီးတော့ အခြား
လူပျောက်လည်း သွားမှာပဲ ''
ကြီးလေးကရီလိုက်တာ
'' အမလေးတော့ ဒေါ ခန့်ခန့်ရေ ကျမရှင့်နာမည်လည်းတပ်ပြီး မပြောမိပါဘူး ရှင့်ဘာသာသူ အိုးတွေမလုံနေတာလေ ''
ဝန်းကိုခန့်ကြည့်လိုက်သော် ရှက်သွားပြီး
အပေါ ပြေးတက်သွားသည် အခန်းထဲတွင်
'' ဟာတကယ်ပဲ ကြီးလေးကတော့''
ည သို့ရောက်သော် ညစာစားဖို့ ခန့် ဝန်းအခန်းတံခြားကိုခေါက်နေသည် ပြန် မပြောတာမို့
အခန်းထဲသို့ စိတ်ပူစွာ ဝင်သွားခဲ့သည်
အိပ်ယာပေါမှာ ဟိုဘက်လှည့်အိပ်နေသော သူမ
စောင်ကိုလည်း ခေါင်းမူးခြုံထားသည်
'' ဝန်း ထမင်းစားရအောင်လေ ''
ထိုအခါမှ မျက်လုံးလေးဖွင့်လာပြီး အသံတိုးတိုး
လေးဖြင့်
''ဟင် ''
လျင်မြန်စွာ ဝန်း နဖူးကိုထိလိုက်သော် ကိုယ်တွေက ပူကျပ်နေပြီဖြစ်သည်
'' ကိုယ်တွေကပူနေတာပဲ ဖျားနေပီ အာ့ကြောင့် တစ်ယောက်တည်းတွေထွက်ထွက်သွားပြီး ငါ့ကိုပြောရင် ငါဝယ်ပေးမှာပေါ့ ကျစ် ''
ခန့်စိတ်တိုတိုဖြင့်ပြောလိုက်ပြီး
''ခနစောင့် ''
အောက်ကိုအလောကြီးပြေးလာကာ
''ကြီးမေ ဟိုတယောက်ဖျားနေပီ ဆန်ပြုတ် မြန်မြန်လေးလုပ်ပေးပါ ''
''ဟောတော် အဲ့ကလေးမလေးကတော့ ခန့်ကဘယ်သွားမလို့လဲ ''
စကားေတာင်ပြန်မဖြေတော့ပါ အပြင်သို့ပြေးသွားသည် ညကလည်း နက်နေပီ ရှစ်ခွဲလောက်ရှိနေပီ ကံကောင်းတယ်လို့ပြောကပေမည်
ဆေးဆိုင်ကပိတ်မလို့လုပ်သေးတုန်းပဲရှိသေးသည် အလောကြီးဖြင့်
'' ဆရာမ ဖျားနေလို့ လူတစ်ယောက် ဆေးလေးပေးပါဦး ''
ဆရာမက ခန့်ကိုဒီလိုအလောတကြီးနဲ့မမြင်ဘူးပါ
'' အော်ခန့် ညကြီး အလေးတကြီးနဲ့ဖျားနေတယ်ဆို ဒီဆေးလုပ်ပေးလိုက်မယ် ''
ဆရာမကလုပ်ပေးပြီးသော်
'' ခု ညရယ် နောက်နေ့ မနက်ရယ် နေ့လည်ရယ် ညရယ် မသက်သာရင် လူပါခေါလာလိုက်နော်''
ခန့်ကအလိုမကျသောပုံစံဖြင့်
'' ဆရာမ အားဆေးတွေဘာလေးတွေမရှိဘူးလား ''
'' အင်း vitamin c ဘူးတစ်ဘူး ယူသွားလိုက်လေ ''
ခန့်ဆရာပေးတာတွေကိုယူပြီး အိမ်သို့ ပြန်လာခဲ့သည်
'' ခန့် ဆန်ပြုတ်ရပီ ယူသွားလိုက်တော့နော် ''
ကြီးလေးတစ်သက်နဲ့တကိုးမမြင်ဘူးပါ ခန့်ဒီလိုဖြစ်နေသည့်ပုံကို သူ့မိဘကလွဲ၍အခြားသူအပေါ
အဲ့လိုမဖြစ်ခဲ့ဘူးပါ အခန်းထဲဝင်သွားကာ
''ဝန်းရေ ထလိုက်ဦး ဆန်ပြုတ်သောက်မယ်လေ'
ဝန်းကနေမကောင်းနေတော့ဂျီကျသည်
''ဟင့်အင်း မသောက်ချင်ဘူး အိပ်ချင်နေပီ ''
ခန့်ကလည်း ချော့မော့ကာ
'' ဝန်းရယ် ဆေးသောက်မှ သက်သာမှာလေ ဆေးမသောက်ခင်အစာဝင်ကမယ်လေခန့်
ခွန့်ကျွေးမယ်လေ ''
ထိုအခါ ကလေးငယ်လေးတစ်ယောက်လိုခေါင်းငြိမ့်ပြီး ခန့်သည် ဆန်ပြုတ်ပါးကန်ကိုယူ၍ ဇွန်းဖြင့်ခပ်လိုက်ကာ မှုတ်ပေးပြီး သူမကိုကျွေးစေသည်
'' အာ.... ပူလား ''
''ဟင့်အင်း''
စားပြီးသွားသော် ဆေးသောက်ခိုင်းလိုက်သည်
ထို့နောက် ခန့်အခန်းထဲထွက်မည်အလုပ်
'' ဟင့်အင်း မထွက်သွားနဲ့ ဒီမှာပဲနေလေနော် ''
YOU ARE READING
My Stepsister