Part- 15 the end uni-zawgyi

3.3K 169 4
                                    

#uni

   ''ဆေးလိပ်သောက်နေတာလား သေချင်လိူ့လား''
ဆေးလိပ်ကို ချိုးလိုက်ကာ ဆူပုတ်စွာပြောနေသောသူမ ထိုသို့ဆိုလျှင်လည်း ချစ်ဖို့ကောင်းနေပြန်သည် လူတစ်ယောက်ကိုချစ်မိရင် ပျော်ရွှင်မှုရဲ့အခြားတစ်ဖက် နာကျင်ခြင်းတွေလည်း ရှိမည်မဟုတ်လား
  ''အာ ဒီတိိုင်းပါပဲ''
ဝန်း သူ့ဘေးနားမှာထိုင်လိုက်ကာ
''စိုးရိမ်နေတာလား တစ်ခုခုကို ''
ချောင်းတချက်ဆိုးလိုက်ကာ
''မဟုတ်ပါဘူး ''
''ဘာကိုမဟုတ်တာလဲ အန်ကယ်က ဝန်းတို့ကိုသဘောတူမှာပါ ဝန်းတို့ပြောကြည့်ကြမလား''
ဝမ်းနည်းနေသောအကြည့်ဖြင့်ဝန်းကိုကြည့်လိုက်ပီး
'' ဝန်းခန့်ကိုတနေ့ကျထားသွားမှာမလား ''
​ဝန်းတစ်ချက်ပြုံးလိုက်ပြီး
'' ဝန်းမထားသွားပါဘူး ကျိန်ဆိုတယ် မဟုတ်ဘူး
ဒီပင်လယ် ဒီကမ်းစပ် ရေနေတေဝါတွေ ဟိုးမှာရှိတဲ့ကျောက်ဆောင်တွေကို တိုင်တည်ပီး ကျိန်ဆိုတယ် ''
ထိုညကတော့အတောက်ပဆုံးညတစ်ညဖြစ်ခဲ့သည် နှစ်ရက်အကြာတွင် အိမ်ပြန်လာခဲ့ကြသည်
'' ဘာလို့လဲ တစ်ခုခုဖြစ်လို့လား ခန့် မျက်နှာမကောင်းသလိုပဲ ''
ဦးစိုးခန့်၏မေးသည့်အသံကိုကြားလိုက်သည့်နောက်
''မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး''
အိမ်သို့ပြန်ရောက်သော်
''ခနနေကြပါဦး ဝန်းအားလုံးကိုပြောစရာရှိတယ်''
ဧည့်ခန်းထဲမှာ လေးယောက်သားထိုင်နေသည်
''ဝန်း ပြောလေ သမီး ဘာဖြစ်လို့လဲ ''
'' အာ ခန့်နဲ့သမီး ချစ်နေတာကြာပီ ''
ဒေါဆွေတင့်ကတော့ကြိုသိနေလို့ဘာမှမဖြစ်ပေမဲ့
" တကယ်လို့ သဘောမတူဘူးဆိုရင်ကော
ဘာဆက်လုပ်ကြမှာလဲ ''
ဦးစိုးမြင့်လည်းတည်တည်ငြိမ်ငြိမ်ပဲပြန်တုံပြန်သည်
'' အဝေးဆုံးကိုထွက်သွားမယ်''
ခန့်၏ပြောသံပင်
''အရာအားလုံးဖေဖေ သဘောကြီးပဲ စိတ်ပျက်လာပီ ''
ထို့နောက် ခန့်ထသွားမည်အလုပ်
'' ဆယ်တန်း နှစ်ယောက်လုံးအမှတ်ကောက်းရင် ခွင့်ပြုပေးမယ် ပြီးရင် ဖေဖေကုမဏီမှာခန့်ဝင်လုပ်ကမယ် ''
ဟုတ်သည် ဦးစိုးမြင့်သည်တအားကြီး မချုပ်ချယ်ချင်တော့ပါ ချုပ်ချယ်လျင် အဆိုးဆုံးတွေထိ ရောက်သွားမည် မဟုတ်လား
ဆယ်တန်း အောင်စရင်းထွက်မည့်နေ့တွင်
နှစ်ယောက်လုံးရင်တွေခုန်နေခဲ့ကြသည် ဖုန်းထဲတွင်ဖွင့်ပြီး ခုံနံပါတ်ကိုရိုက်ထည့်လိုက်သည်
''yes.... 531 ခန့်ကော ''
ခန့်ကပြုံးပြီး ဖုန်းကိုထောင်ပြလိုက်သည်
''540 ''
ဝန်း ခန့်အပေါကိုပြေးခွလိုက်သည် အရမ်းပျော်နေသည့်ပုံပင်

5years ago

ခန့်သည် လူကောင်လည်းပိုထွားလာပီး ဆံပင်တွေလည်းရှည်လာသည် ဦးစိုးမြင့် ကုမဏီကို
လည်း သူကပင်ဦးဆောင်ခဲ့သည် ဝန်းကတော့
ဆရာဝန်မလေးတစ်ယောက်ဖြစ်လာခဲ့သည်
အစတည်းကသူ့အိမ်မက်မလား နှစ်ယောက်လုံး အချိန်မအားကျပေမဲ့ တစ်ယောက်ကိုတစ်ယောက်တော့အချိန်ပေးဖြစ်သည်
'' ခန့် ငါတို့စတွေ့တဲ့အချိန်ကိုမှတ်မိသေးလား''
ဒန်းပေါတွင် ထိုင်နေသောဝန်း၏အသံပင်
''ဆူပုတ်ပုတ်နဲ့လေ ''
''ဟ ဟ ''
ခန့်ရယ်လိုက်ပြီး
''အဲ့တုန်းက တော်တော်ကလေးဆန်ခဲ့တာပဲ ''
'' ဝန်းတို့ အကြာကြီး ဒီလိုလေးပဲနေရအောင်
အိမ်မက်မဖြစ်ချင်ဘူး ''
ဝန်းပြောပြီးသောအခါ လက်ကိုကိုင်လိုက်ကာ

'' အိမ်မက်တစ်ခုဆိုလည်း ငါတို့က နိုးထလို့ မရတဲ့ အိမ်မက်လေးတစ်ခုပဲ ''

# This is a story Happy ending isn't exist
in real life.. 💔

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 24, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

My Stepsister Tempat cerita menjadi hidup. Temukan sekarang