part 8 uni-zawgyi

1.8K 137 0
                                    

# uni

   '' ခန့်တို့ဝန်းတို့ လာကြဟေ့ တူတူထမင်းစားကြမယ်''
  ဦးစိုးမြင့်ရဲ့ခေါသံပင် ထမင်းစားတွင် ဝင်ထိုင်လိုက်သည် ကြီးလေးက တမင်းခူးပေးပြီး
ဘေးမှာရပ်နေသည် ထိုအခါခန့်သည်
ဘေးမှာ လွတ်နေသော ခုံကို နောက်သို့ရွေ့ပီး
ထိုင်လေဆိုသည့်ပုံစံဖြင့် ပြောပြီးနောက်
ကြီးလေးအတွက်ထမင်း ခူးပေးလိုက်သည်
  ''တူတူစားမယ်လေ ''
ဒေါ ဆွေတင့်သည်
''ဟုတ်တာပေါ့ တူတူစားမယ်လေ ''
ကြီးလေးသည်ပြုံးနေခဲ့သည် ဦးစိုးမြင့်သည်
'' ကျောင်းတွေတောင် ပြီးတော့မယ်နော် နောက်နှစ်ကျရင် ဘယ်တကသိုလ် တက်ဖို့စဥ်းစားထာစလဲ သမီးတို့ ခန့် ဖေဖေ ကုမဏီမှာ ဝင်လုပ်ချင်
လား ''
ခန့်ကရေသောက်လက်စဖြင့် ပြန်ပြောလိုက်သည်
   '' သမီးက ဆေးကျောင်း တက်မှာပါ ''
ဒေါဆွေတင့်က '' ဟေ ဟုတ်လား ဝန်းလေးလည်း
အဲ့ဒါပဲ လုပ်ချင်တာတဲ့ ''
  '' ဟေ သမီးနှစ်ယောက်နဲ့တော့ ဖေဖေ အခန့်သားထိုင်စားနေရတော့မှာပဲ ''
ဆိုပြီး ရီကြလေသည် ထိုနေ့ညက အရာရာလှပလွန်းနေသည့် ညလေးတည ဖြစ်ခဲ့တာတော့ အမှန်ပင်
နောက်တစ်နေ့ကျောင်းရောက်သော် ဆရာမက
'' ကျောင်းသားသစ်ဖြစ်ပြီးတော့ ကျောင်းပျက်နေတာ အတန်းနာမည်ပျက်အောင်မလုပ်နဲ့ ဒီနေ့
baseball လေ့ကျင်ရမှာနော် ပြီးရင် ကျောင်းချင်းပြိုင်ရမှာ အနိုင်ဆိုတာပဲကာသချင်တယ်နော် ကြားလား အခြားသူတွေကောပဲ ''

ကျောင်းရှိ အကျီလဲသော အခန်းတွင် အကျီလဲ
ပြီး ခန့်ထွက်လာခဲ့သည် ကံစိုးစွာဖြင့် ဝန်းကျသည့် အဖွဲ့မှာ ခန့်နဲ့မတူပဲ မနေ့ကခန့်ပြောလိုက်သော
ကောင်မလေးနဲ့ အဖွဲ့တူနေသည်
  ''ပီ......''
စရန် အချက်ပေးသောအသံ  ဟိုဘက်ဒီဘက်ပုတ်နေရင်းပင် ဟိုကောင်မလေးသည်ဝန်းကို
အသက်လွတ်ကြီးတွန်းလိုက်သည်ဝန်းလှဲပါလှဲသွားရလေသည်  ခန့်ဆီကိုဘောလုံးရောက်လာသော်လည်း ခန့်လက်ထဲကကလွှတ်ချလိုက်ကာ
ဘေးနားရှိ ခန့်ကျောပိုးအိတ်ကိုယူလိုက်သည်
ထို့နောက်ဝန်းရှိရာသို့လာပြီး ဝန်းလက်ကိုဆွဲကာ
ဟိုဘက်သို့ထွက်သွားသည် ထိုအခါ ခန့်သူငယ်ချင်းက
'' ဟေ့ ခန့် ကစားတာမပြီးသေးဘူးလေ ဆရာမဆူခံရလိမ့်မယ်နော် ခန့်.. ''
ဝန်းလည်းကြောက်တောင်တောင်နဲ့ သူ့ခေါ ရာနောက်သို့ပါသွားလေသည် အသုံးမလိုတဲ့ခုံတွေစားပွဲတွေထားသောနေရာပင် ဝန်းကိုထိုင်စေလိုက်ပြီး လက်ကို hand gel ​ဖြင့်ဆေးလိုက်ပြီး ဒူးထောင်လိုက်် တယ် ဒူးခေါင်းတွင်သွေးထွက်နေသောဒဏ်ရာပင်
  '' နာနေလား '' အရမ်းတော့ဝန်းမနာပေမဲ့ ချွဲစိန်လေးက
'' အင်း နာတယ် ''
ပြီးနောက် ဂွမ်းကိုအရက်ပြန်ယူပြီး အနာကိုသုတ်ပေးလိုက်သည်
  '' အာ့ အ. စပ်တယ် ''
'' အင်းခနပဲ '' ပြီးနောက်ဆေးထည့်ပြီး အနာကပ်ပလာစတာအကြီးကိုကပ်ပေးလိုက်သည်
  '' နောက် သူနဲ့ဝေးဝေးနေ အနာတရ မဖြစ်စေနဲ့ ''
အတန်းထဲပြန်ရောက်သော်
'' ခန့် ရှေ့ထွက်ခဲ့ပါဦး ''
ခန့်လည်းထွက်လာကာ
'' ဘာလို့ကစားနေတဲ့အချိန် စည်းကမ်းဖောက်ပျက်တာလဲ မင်း စိတ်ကြိုက်လုပ်ရအောင်
မင်းဝယ်ထားတဲ့ ကိုယ်ပိုင်ကျောင်းမဟုတ်ဘူး
ပြီးတော့မင်းကို အတန်းခေါင်းဆောင်ဖြုတ်လိုက်ပြီ ခြူးကိုပေးလိုက်ပီ မှတ်ထားကြပါ စည်းကမ်းကစည်းကမ်းပါပဲ ''
ခြူးဆိုသည်မှာ ဝန်းကိုတွန်းလိုက်သည့် ကောင်မလေးပင်ဖြစ်သည် ကျောင်းဆင်းချိန်ရောက်သော်
  '' ခန့်တောင်းပန်ပါတယ် ငါ့ကြောင့်နဲ့ ''
ခန့်ကပြုံးပြီး
'' ဘာမှမဖြစ်ပါဘူး အတန်းခေါင်းဆောင်မဖြစ်တော့ စည်းကမ်းလိုက်နာစရာမလိုတော့ဘူးပေါ့''
'' ဒါမဲ့ ငါ့ကြောင့်ဆူခံလိုက်ရတယ်လေ ''
မျက်နှာငယ်လေးဖြင့် လာပြောသော်
'' ထားလိုက်ပါငါတို့ဒီနားလေးက မြစ်ဘေးနားကို
လမ်းလျောက်ကြမလား ''
မြစ်ကမ်းဘေးတွင်ရှိသော မျက်ခင်းစိမ်းစိမ်းလေးပေါ တွင် အိပ်နေသည့် လူနှစ်ယောက်
နေကအရမ်းကြီး မသာတော့ ညနေစောင်းနေပြီဖြစ်သောကြောင့် ငှက်တွေသည် စီစီယီယီ ပျံသန်းနေကြသည်
  '' ဝန်း ငှက်တွေကအရမ်းကောင်းတာပဲနော်
သူတို့ပြန်ချင်တဲ့နေရာပြန်သန်းလို့ရတယ် ''
  ဝန်းက သူ့ကိိုဘေးစောင်းပြီး ကြည့်လိုက်ကာ
'' ညနေ အိပ်တမ်းတက်ရင် တစ်ကောင်တဲ့ပျံတဲ့ငှက်ကိုတွေ့ဖူးလို့လား ''
'' နင့်အဖေက ပြန်မလာတော့ဘူးလား ဝန်း ''
မျက်နှာပျက်သွားပြီး
'' ငါ့အဖေအကြောက်းပြောရင် ငါခံနိုင်ရည်မရှိဘူး  သူကဘယ်တော့မှ လာတော့မှာမဟုတ်ဘူး''
ခန့်လည်းစိတ်မကောင်းစွာဖြင့်
''ငါတောင်းပန်ပါတယ် ''
ထို့နောက် ခန့် ဝန်းရဲ့လက်ကိုကိုင်လိုက်သည်
ပြီးနောက်သွားပေါအောင်ကိုပြုံးနေမိသည်
ဝန်း သဘောကျသည် အဲ့အပြုံးတွေကို
'' နင်အဲ့လိုပြုံးတာ ခုမှတွေ့ဖူးတာ ''
'' ဒါပေါ့ ငါ့ဘဝကအဓိပါယ်ရှိလာပြီပဲကို ''

My Stepsister Where stories live. Discover now