Part-14 uni-zawgyi

1.7K 123 0
                                    

#uni

ဝန်းကားမှန်လေးကိုအသာလေးချလိုက်ကာ
သဘာဝလေလေးကို ခံစားနေသည် ဒီလိုနေ့သည်
ရင်ခုန်စရာပင်မလား ချစ်ရတဲ့လူ မိသားစု
အရာအာစလုံးကထပ်တူကျနေပီမဟုတ်လော
ခန့် ဝန်းကိုလှမ်းပြောလိုက်သည်
  '' ဝန်း ပိတ်လိုက်တော့လေမှန်ကို နေမကောင်းဖြစ်ဦးမယ် ''
ဝန်း ကြည့်လိုက်ကာ ပြုံးပြီး ခန့်ရဲ့ပေါက်လေးပေါ
လှဲလိုက်သည် ကားသည်အနည်းငယ်ကြီးသဖြင့် လှဲဖို့နေရာ အပြည့်ရသည်
'' ဝန်းရယ် ခန့်ကိုညောင်းအောင်လို့ ဒီတိုင်းအိပ်လေကွယ် ''
ဒေါဆွေတင့် ရဲ့အသံပင် ထို့နောက်ဝန်း ထမလို့လုပ်လိုက်သောအခါ ခန့်ပြန်ဆွဲစေပြီး
''ရပါတယ် အန်တီ ခန့်ဘာမှမဖြစ်ပါဘူး''
သူ့ပေါင်ပေါလှဲအိပ်နေသောဝန်းကို ခေါင်းမနာစေရန်လက်လေးဖြင့်ခံထားပေးသည် သူကောင်မလေးကိုကြည့်ပြီး အချစ်ပိုရပြန်သည် ဘယ်အချိန်ဖြစ်ဖြစ်လှနေသောသူမ လှရက်လွန်းသည် ခန့်ဘဝမှာ မိန်းကလေးတစ်ယောက်ကို ချစ်မိလိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ
တစ်ခနကြာသော် ဝန်း လက်လေးကိုအသာလေးကိုင်လိုက်ကာ
'' ဝန်းရေ ရောက်နေပီ ထတော့လေ ''
ဝန်းနိုးလာပြီး အိပ်ချင်မူးတူးဖြင့်  ခန်ကိုကြည့်သည် ခန့်ဆံပင်ပွနေသောနေရာများကို သပ်စေလိုက်ပြီး
  ''သွားကြမလား အချစ် ''
''ရှုး တိုးတိုး မေမေကြားသွားဦးမယ် ''
စိုးရိမ်စိတ်ဖြင့်ကြည့်နေသော ဝန်း
အခန်းငှားမည့်နေရာသို့ရောက်သော် ဘန်ဂလိုလေးနှစ်လုံးငှားလိုက်သည်  ညနေပင်စောင်းနေပီဖြစ်သောကြောင့် ဦးစိုးမြင်သည် ပြောလေသည်
  '' သွား သမီးတို့နှစ်ယောက် တစ်ခန်းထဲမှာ နားနေလိုက်တော့ ခုနစ်နာရီခွဲ ဟိုတယ်ရဲ့ စားသောက်ခန်းကိုလာခဲ့ တူတူစားကြမယ် ''
ဝန်းက ဦးစိုးမြင့် ပေးသည့်သော့ကိုယူပြီး
  ''ဟုတ်ကဲ့ လာခဲ့ပါမယ်''
ခန့် ဝန်းကိုအထုပ်တွေမသယ်စေပဲ သူသာသယ်လာလိုက်သည် ကိုယ့်ချစ်သူပင်ပန်းမည်မဟုတ်လား အထဲရောက်သော် ခန့်သည် အထုတ်များကိုချလိုက်ပြီး အိပ်ယာပေါတွင် ထိုင်လိုက်သည်
ချက်ချင်းပင် ထိုင်နေသောလူပေါသို့ ခွပီး လာထိုင်ပါလေသည်
'' ဝန်းရေ ပင်ပန်းလာပီလေ ''
''ဟင်အင်းအိပ်ချင်တယ် မဆင်းဘူး''
အသံတိုးတိုးလေးဖြင့်ပြောသောအခါ ခန််ရီလိုက်ပြီး
''ဟ ဟ တစ်နေကုန်အိပ်နေတာကို ကျုပ်ကိုအားနာပါဦး ''
''ဟင့်အင်း ဝန်းရဲ့ကောင်မလေးပဲကို ''
ပြောရင်း ဝန်း၏နူးညံ့သောနှုတ်ခမ်းပါးများသည် ခန့်လည်ပင်းပေါသို့ကျလာလေသည်
''အ့...  မလုပ်နဲ့ဝန်း မနေတတ်ဘူး ''
ဝန်း ဆက်စုပ်လိုက်နမ်းလိုက် လုပ်နေလေသည်
'' မလုပ်ပါနဲ့တော့ဆိုကွာ  ''
ဝန်းကိုလေးကိုမယူလိုက်ပီး အိပ်ယာပေါတင်စေသည်
'' ရေချိုးပြီးရင် ညစာသွားစားမယ် ''
ညရောက်သော်
''သမီးတို့ ဒီမှာ ''
နှစ်ယောက်သား စားပွဲတွင် လာထိုင်ပြီးသော်
''ကဲ သားကြ ကြိုက်သလောက် ''
ပုံမှန်ဆို ခန့် အသားတွေမစားသောကြောင့် အခက်တွေ့လေသည် 
''ခန့် စားလေ ဝန်းနွာပေးမယ် ''
ပုစွန်ကိုနွာလိုက်ပြီး ခန့်ပန်းကန်ထဲထည့်လိုက်သည်  ခန့်စားကြည့်လိုက်သောအခါ
'' ကောင်းလား ''
'' မဆိုးပါဘူးလေ ''
ညစာစား ပီးကြသောအခါ
''ကဲ စောစောဝင်အိပ်ကြ​တော့ သမီးတို့ ''
အခန်းထဲသို့ရောက်သော် ဝန်းအိပ်ယာပေါ လှဲရင်းနဲ့ပင် အိပ်ပျော်သွားဟန်တူသည်
သူ့ကောင်မလေးကို ကြည့်လိူက်ပီး စောင်ကိုအပေါတင်ပေးလိုက်သည် ပြီးနောက် မီးကိုလည်းမှိန်ကာ အပြင်သို့ထွက်လာခဲ့သည် တက်လိုပ်ကျလိုက် ဖြစ်နေသော ပင်လယ်ရေနှင့်အတူကမ်းစပ်တွင်ထိုင်နေလေသည် ပြီးပြည့်စုံသော လမင်းကြီးကလည်း သူ့ကိုအလင်းပြပြီး နွေးထွေးမှုပေးနေဟန်တူပါသည် ခန့်စီးကရက်ဘူးကိုထုတ်လိုက်ပြီး
တစ်ချက်ဖွာလိုက်သည်
   '' အမေ ကြားရလား အမေ့ကိုလွမ်းတယ် ပြီးတော့ အမေမှတ်မိသေးလား အရင်ကျောင်းကပွဲနေ့တုန်းကဝင်ကခဲ့တာလေ ''
နောက်ထပ်ဆေးလိပ် တစ်ကျိုပ်ဖွာလိုက်ပီး
''အဲ့တုန်းက အရာရာကအဓိပါယ်ရှိတယ်နော်
သမီး အရမ်းချစ်ရတဲ့လူ တစ်ယောက်တွေ့နေပီ
သမီးတို့က သာမန်မဟုတ်ဘူး မိန်းကလေးနှစ်ယောက် အမေနားလည်ပေးမယ်ဆိုတာ သမီးသိတယ် သူ့အတွက်ကြိုးစားပေးမယ်လို့ပြောနေပေမဲ့ သူအားငယ်ရမှာကြောက်တယ် သူ့ကိုတခါတလေ ဘေးနားမှာမထားချင်​တော့ဘူးအမေ သမီးနဲ့နေရင် သူ့ဘဝ ပျက်စီးသွားမှာကြောက်တယ် သူများ တွေကဲ့ရဲ့မှာကိုလည်း ကြောက်တယ်''
ပြောနေရင်းနဲ့ပင်ဆေးလိပ်တွေကို ထပ်ခါထပ်ခါဖွာနေသည် သူပြောတဲ့စကားတွေကိုနောက်ကတစ်ယောက်ယောက် နားထောင်နေခဲ့သည်ဆိုတာကို​တေ့ာ သတိထားမမိခဲ့ပါ
..................

My Stepsister Where stories live. Discover now