#uni
အိမ်ကိုပြန်ရောက်သော် ခန့်ခန့် ရေမိုးချိုးပြီး
အိပ်ယာပေါ လှဲနေလိုက်သည် ပြီးတော့ ဗိုက်ဆာသဖြင့် အောက်သို့သွားပြီး ကြီးလေးကိုတစ်ခုခု
လုပ်ခိုင်းထားသည်
'' ခန့်လေးရေ ခန့်ကိုကြည့်ရတာလည်း အပြုံး
အရယ်လေးဘာလေးလုပ်ပါလား လူဆိုတာက
အမြဲ တစ်ယောက်တည်းမနေရဘူးတဲ့ ''
ခန့်သူ့အဖေကို ပြန်ပြောချင်ကောင်းပြောနိုင်သည် ကြီးလေးကိုတော့ ဘယ်တော့မှ ပြန်ပြောမည် မဟုတ်ပါ ကြီးလေးသည် သူမကြိုက်တတ်သော ထမင်းနှင့် အရွက်ကြော်ကိုချပေးလိုက်သည် ဟုတ်သည် ခန့်သည် အသားတွေမစားတတ်ပါတခါတလေတော့ စားပေမဲ့ ဟင်းသီးဟင်းရွက်နှင့် အသီးများပင် အများဆုံးစားတတ်သည်
'' အဖေပြန်လာပြီ ''
အိမ်ရှေ့မှ သူ့အဖေ၏ခေါသံ ကိုကြားသည် ဦးစ်ုးမြင့်သည် သူ့သမီးစားနေသောနေရာတွင်ဝင်ထိုင်လိုက်ပြီး
'' သမီး နက်ဖြန် ညနေငါးနာရီ wedding နော် ''
ခန့်ကထမင်းကိုဆက်စားနေပြီး ဘာမှမပြောပါ
တော့ပါ
နောက်နေ့ wedding သို့ရောက်သော် ခန့်တစ်ခုခုဖြစ်နေခဲ့သည် ရေအမြန်သွားချိုးပြီး
အကျီအဖြူရောင်လက်တို အပေါက ကုတ် နဲ့
စတိုင်ဘောင်းဘီကိုသာ ဝတ်ထားသည်
ဒီ့နေ့ သူ့အမေနှစ်ပတ်လည်နေ့မလား
သူ့အမေအုတ်ဂူသို့အရင်သွားခဲ့သည် အနီရောင်ပန်းစီးလေးကိုပါ ကိုင်သွားခဲ့သည် ထို့နောက်ပန်းစည်းကို အုတ်ဂူပေါသို့ တင်လိုက်ပြီး
'' ကောင်းကောင်းရှိတယ်မလား နောက်ဘဝကျရင် ခန့် အမေ့ဗိုက်ထဲဝင်လို့ရတယ်မလား ခန့် အမေအဖြစ်ပဲ ပြန်မွေးဖွားလာပေးပါ''
အရမ်းကြီးဝမ်းနည်းနေတဲ့ပုံစံမဟုတ်ပေမဲ့
ဒီလိုလေးပဲ ခန့်သည်အေးအေးဆေးဆေးရုပ်လေးပင်
wedding တွင် လူအများကြီးမဟုတ်ပါ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုသာ ခေါသောကြောင့် အများအစားမရှိနေခဲ့ပါ ခန့် စားပွဲဝိုင်းတစ်ခုတွင်ဝင်ထို့နေလိုက်သည် ထို့နောက် ဝင်လာမည့်တံခါး ပွင့်သွားသည် ပထမဆုံးထွက်လာသော မိန်းကလေးကိုကြည့်ပြီး ခန့် မင်သက်သွားခဲ့ရသည် အရာရာ
ကတောက်ပနေသလိုပင် ဟုတ်သည် သူမသည် မြဝန်းပင် ထို့သို့တွေးမိသည်ကို ခန့်ကိုယ့်ကိုကိုယ်
သတိထားမိတော့ ချက်ချင်း အကြည့်လွှဲလိုက်သည် နှလုံးတွေကအရမ်းခုန်နေခဲ့သည် အကြောင်းရင်း မဲ့စွာဖြင့် ထို့နောက် ဦးစိုးမြင့်နှင့်
ဒေါ ဆွေတင့်သည် လိုက်ပီး မိတ်ဆက်နေသည်
'' ဟာ သူငယ်ချင်းကြီး မတွေ့ရတာတောင်ကြာပြီနော် ''
'' အေး ဟုတ်ပါ့ကွာ မင်းကလည်း ''
ခန့်အရမ်းကြီး မွန်းကျပ်သလိုခံစားရသဖြင့်
အပြင်သို့ထွက်လာခဲ့သည် နောက်က အသံချိုချို
လေးဖြင့်ခေါတာ ကြားလိုက်သည်
'' ခန့် နင်ပြန်တော့မလို့လား ''
ခန့်လည်း စကားကဘယ်လိုပြောထွက်လို့ထွက်သွားမှန်းပင်မသိ ပုံမှန်ဆို ပြန်မပြောတတ်ဘူးမလား
'' မပြန်သေးပါဘူး လူများသလိုခံစားရလို့ ''
ထို့နောက် အိမ်သို့ ခန့် အရင် ပြန်လာ ခဲ့လိုက်သည် ခန့် သူမအဖေကိုတော့ ဘာမှမပြောချင်တော့ပ သူ့အမေနှစ်ပတ်လည်တောင် မေ့သွားခဲ့ပီလေ သူမဘာဆိုဘာမှ ထပ်မစွပ်ဖက်ချင်တော့သလို ဝင်လည်းဝင်မပါချင်တော့ပါ ရှေ့လျောက် ကိုယ့်လမ်း ကိုယ်လျောက်ဖို့သာ စီစဥ်ထားသည်
YOU ARE READING
My Stepsister