part- 11uni -zawgyi

1.7K 121 0
                                    

#uni

    မနက်သော် ခန့်တစ်ယောက်ကုပ်ချောင်းချောင်းဖြင့် ဝန်းအခန်းထဲသို့ဝင်သွားလေသည် ဆောင်းတွင်းရောက်နေပြီဆိုတော့ အေးသဖြင့် စောင်ထဲဝင်ပြီး ဝန်းရဲခါးသိမ်သိမ်လေးကိုတင်းကျပ်စွာ ဖက်ထားလိုက်သည်
'' ဟင်...... အိပ်နေတယ်လေကွာ ခန့် ''
ချွဲသောအသံလေးဖြင့်ပြန်ဖြေသည်
'' တူတူအိပ်ချင်လို့လေ ''
ထိုအခါ ဝန်းသူ့ဘက်ကိုလှည့်လိုက်ပြီး သူ့ရင်ခွင်ထဲကို ပြေးဝင်လိုက်သည် တင်းကျပ်စွာဖက်ထား
ကာ နဖူးလေးကိုခန့်နမ်းလိုက်သည်
'' ငါနင့်ကိုအရမ်းချစ်မိနေပြီထင်တယ်''
ခန့်ပြောလိုက်သောအခါ ဝန်း ခန့်နှုတ်ခမ်းသားလေးကို တစ်ချက်မော့နမ်းလိုက်သည်
''ပြွတ် ''
ပြီးနောက် ပြုံးပြီး ရင်ခွင်ထဲသို့ ပြန်ဝင်သွားသည်
ခန့်ကသူမကိုစချင်သဖြင့်
''တစ်ခေါက်ပဲလား ''
''ရှင်ကဘယ်နှခေါက်လောက်ယူချင်လို့လဲ ''
ဝန်းပြောသောအခါ ခန့်သည် ဝန်းနဲ့အကြည့်ချင်းမဆုံစေတော့ဘဲ ဝန်း ရဲ့ ခနကိုယ်ကိုကြည့်လိုက်သည်
'' မမိုက်ရိုင်းနဲ့ နော် ''
''ဟ ဟ ''
ခန့်ရီလေတော့သည်
''ဘာလဲရှက်နေတာလား ''
ဝန်းမျက်နှာတွေရဲတက်လာပြီး
'' တော်ပီကွာ မအိပ်တော့ဘူး ရေပဲချိုးတော့မယ်''
ဝန်းထမလို့အလုပ် ခန့်ကလက်ကိုဆွဲလိုက်ကာ
''တူတူချိုးကြမလား ''
ဝန်း ရင်ဘက်ကို တစ်ချက်တွန်းလိုက်ပြီး ထသွားလေသည်
''ဟေ့ဟေ့ ရေနွေးနဲ့စပ်ချိုးနော် ''
''အင်း သိပီ နင်လည်းရေ သွားချိုးတော့ ''
ခန့်အခန်းထဲ​​ပြန်သွားကာ ရေမိုးချိုးပြီး ဝန်းနှင့်
ထမင်းအတူတူစား​​ေနသည်
''ကြီး​လေး ထမင်းထပ်ထည့်ပေးပါဦး''
ခန့်ရဲ့ပြောသံပင် ဝန်းခန့်ကိုသာကြည့်နေသည်
''ကလေးတစ်ယောက်ကိုများ ချစ်မိတာလား ကလေးလေးကျနေတာပဲ အသဲယားလိုက်တာ''
စိတ်ထဲက ပြောနေသည်
''ဝန်း ပြီးပြီ သွားရအောင်''
ယနေ့ လေ့ကျင့်ရေး
ဆင်းရမည်ဖြစ်၍ ပျင်းနေခဲ့သည် ဆရာမက
''ဒီနေ့ နှစ်ချိန်လေ့ကျင့်ရမယ်နော် ကောင်းကောင်းလေ့ကျင့်ကြပါ''
ထို့နောက် ခန့် ဝန်းလေးကိုလှမ်းပြောလိုက်သည်
  '' လာ သွားလေ့ကျင့်ရအောင် ဝန်း ''
''ငါခေါင်းကိုက်နေသလိုလိုဖြစ်နေလို့ ''
ခန့်နဖူးကိုကိုင်လိုက်ပြီး
''ကိုယ်ကတော့အရမ်းမပူပါဘူး ဆေးသွားယူပေးမယ် ငါဆရာမကိုလည်း ပြောလိုက်မယ် ''
ခန့်ဆေးယူကာ တိုက်လိုက်ပြီး လေ့ကျင့်ရန်ထွက်
လာခဲ့သည်
လေ့ကျင့်နေစဥ် ဆရာမသည် ခန့်ကိုခေါလိုက်သည်

My Stepsister Where stories live. Discover now