[Zawgyi]
သတိုးဆိုက်ခေါင်
နောင်ရိုးဆိုက်ခေါင်
မေရီခက်
🦋🦋🦋🦋
Su Yi Han 🍀
[Unicode]
🦋 လျှို့ဝှက်လေသော လိပ်ပြာ 🦋" ကျွန်တော်က ဘိလပ်ပြန် ဆိုပေမယ့် အင်္ဂလိပ် အလိုတော်ရိ တော့ မလုပ်နိုင်ဘူး... နောက်တခါ ဒီစကားမျိုး ပြောထွက်လာရင် ဦးကြီးဖြစ်နေရင်တောင် ကျွန်တော် သည်းခံနေမယ် မထင်နဲ့..."
သတိုးဆိုက်ခေါင်
" လိပ်ပြာနက် တောင်ပံတွေကို တစစီခြွေချ ဖျက်စီးပစ်ရုံနဲ့ ဒီကျိန်စာက လွတ်မြောက်မယ် ထင်ရင် မင်းမှားလိမ့်မယ်... ဟား ဟား "
နောင်ရိုးဆိုက်ခေါင်
" စပ်စုတာမဟုတ်ပါဘူး... ဒယ်ဒီက ခင်ဗျားကြီး အဆင်ပြေလား သတင်းမေးကြည့်ပါဆိုလို့ ... "
" ဘာလဲ... ကျွန်တော့်ပုံစံက ခင်ဗျားကို အခက်တွေ့စေလို့လား ဆိုက်ခေါင်... "ဇိုက် (Zide)
" ဟင့်အင်း မသွားရဘူး ကိုကိုကြီး... ဖေဖေ့ကို မုန်းရင်တောင် ရီ့ ကိုတော့ မမုန်းလိုက်ပါနဲ့နော်... "
မေရီခက်
🦋🦋🦋🦋
* ကိုလိုနီခေတ်ကို အခြေခံထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးတစ်ပုဒ် မကြာခင် တင်ပေးတော့မှာပါ...
* ပယ်ဖျက်ဖို့မလွယ်ကူသော ကျိန်စာသင့်နေရှာတဲ့ မဟော်ရာ စံအိမ်ကြီးထဲက ဆိုက်ခေါင်တို့ ညီအကို။
* အခြားသူတွေနဲ့ မတူလို့ အမြဲရှောင်ဖယ်ခြင်းခံခဲ့ရတဲ့ ဇိုက် ဆိုတဲ့ လူငယ်လေးအတွက် တွယ်တာစရာ ရင်ခွင်တစ်စုံ ပေါ်ပေါက်လာပေမယ့်... ဒါက ကံကောင်းခြင်း ဟုတ်ရဲ့လား...
* ညီအကိုနှစ်ဦးကြားမှ ကြမ္မာမုန်တိုင်းထဲ မမျှော်လင့်ပဲ ရောက်ရှိသွားရတဲ့ ဇိုက် တယောက် ဒီဆန်းကြယ်မှုတွေကို ဘယ်လို ဖြတ်ကျော်သွားမလဲ ဆိုတာ လျှို့ဝှက်လေသော လိပ်ပြာ ဇာတ်လမ်းအား အဆုံးထိ စောင့်မျှော်အားပေး ဖတ်ရှု့ပေးကြပါနော်... *
Su Yi Han 🍀