[Zawgyi]
လျှို့ဝှက်လေသော လိပ်ပြာ 🦋အပိုင်း (၁)
ညနေခင်း နေဝင်ရီတရော အချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဆိုက်ခေါင် ကျေးရွာအုပ်စုသို့ သတိုး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာဧ။်။
ကလေးဘဝက နေထိုင်ခဲ့ဖူးသော မဟော်ရာစံအိမ်ကြီးကို မျက်လုံးထဲ ပြန်လည်ပုံဖော်ကြည့်မိတော့ ဆုံးပါးသွားပြီဖြစ်တဲ့ဖေဖေ့ကို သတိရမိသွား၏။
ဖေဖေ ဆုံးပြီးကတည်းက မေမေ့ကို သဘောမကျကြသော အဖေ့ဆွေမျိုးတွေက သတိုး တို့သားအမိတွေကို ဒီစံအိမ်ကနေ နှင်ထုတ်ခဲ့တယ်။ ဒီကာလ တလျှောက် ခက်ခဲကျပ်တည်းစွာ ဖြတ်သန်းခဲ့ရတာမို့ ဘဝနာတဲ့ သတိုး စာကိုသာ အပတ်တကုတ် ကြိုးစားခဲ့၍ ပညာတော်သင်ဆု ရရှိခဲ့ပြီး ဘိလပ်အထိ ဆက်လက်ဆည်းပူးခွင့်ရခဲ့ဧ။်။ ယခုဆို သတိုး အသက် နှစ်ဆယ့်ခြောက်ထဲ ဝင်နေပြီဖြစ်တာကြောင့် စံအိမ်ကို မရောက်ဖြစ်တာ ဆယ်စုနှစ်ကျော်လေပြီ။
ကျောင်းပြီးပြီးချင်း မွေးရပ်ဇာတိနယ်မြို့လေးမှာ အထောက်တော်ရာထူး အပ်နှံခံရသည်က ကံကြမ္မာဧ။် တိုက်ဆိုင်မှု တစ်ရပ်လေလား....
ရှေ့တွင် မြင်တွေ့နေရသော တောင်ကုန်းကို ကျော်လျှင် ခံ့ညားထည်ဝါတဲ့ ဘိုးဘေးပိုင် မဟော်ရာစံအိမ်ကြီး တည်ရှိလေသည်။ ဘိုးဘိုးကြီးနဲ့ ကျန်ဆွေမျိုးသားရင်းများ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြသဖြင့် ထိုစံအိမ်ကြီးကို အမွေစား အမွေခံရလိုက်သူက သတိုးဆိုက်ခေါင် ဖြစ်ဧ။်။
တောင်ကုန်းကို ကျော်လွန်ပြီးချိန်တွင် သတိုး စီးနှင်းလာသော မြင်းလှည်းက ရုတ်တရက် ထိုးရပ်တန့်သွားသည်မို့ လှည်းနံဘေးရှိ ပြတင်းပေါက်ငယ်မှ ခေါင်းပြူထွက်လိုက်ရင်း...
" လှည်းဆရာကြီး လှည်းကို ဘာလို့ရပ်လိုက်တာတုန်း... "
လှည်းမောင်းသူ ဦးကြီးက သူ့အရှေ့မှ အညိုရောင်မြင်းကြီးရဲ့ တင်နှစ်ဖက်ကို နှင်တံဖြင့် ခပ်ဆတ်ဆတ်ရိုက်ကာ...
" ဟဲ့ ငညို သွားလေ သွား... " ဟု တဖွဖွ ပြောနေသည့်တိုင် မြင်းညိုကြီးက သတိုးတို့ မမြင်ရသော တစ်စုံတစ်ရာကို ထိတ်လန့်တုပ်လှုပ်နေသည့်အလား ရှေ့ဆက်သွားဖို့ကို အတင်းငြင်းဆန်လို့ နေဧ။်။
![](https://img.wattpad.com/cover/288711051-288-k521058.jpg)