[Zawgyi]
လျှို့ဝှက်လေသော လိပ်ပြာ 🦋အပိုင်း (၅)
မိုင်းကိုင်စက္ကူလုပ်ငန်းကား ရှမ်းပြည်နယ်ဧ။် အထင်ကရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဟု ဆိုရပေမည်။
ကျယ်ဝန်းသော ခြံဝိုင်းအတွင်းတွင် ပျားပိတုန်းများနှယ် ကူးလာ လှုပ်ရှားနေကြသော အလုပ်သမများနှင့် နေလှန်းထားသော မိုင်းကိုင်စက္ကူချပ်များစွာက သတိုးရဲ့ စိတ်အာရုံကို အစွမ်းကုန် ဖမ်းစားထားနိုင်ဧ။်။
ဇိုက်က သူ့အရပ်သူ့နေရာကဲ့သို့ သွက်သွက်လက်လက်နဲ့ ခြံဝိုင်းထဲပြေးဝင်သွားတာကြောင့် အထုပ်များတပွေ့တပိုက်ဖြင့် သတိုးတစ်ယောက် ဇိုက်အနောက်သို့ မျက်ခြေမပြတ်အောင် လိုက်နေရတော့သည်။
နှစ်လိုဖွယ်ကောင်းသော ဥပတိရုပ်ရှိတဲ့ ဦးကြီးမြသန်းက ဇိုက်ကိုမြင်သည်နှင့် ဝမ်းပန်းတသာဆီးကြိုလျက်...
" ဇိုက်... သားလေးကို သတိရနေတာ... "
ခပ်စွာစွာကောင်လေး ဇိုက်က ယခုအခါ ကလေးငယ်လေးသဖွယ်ဖြစ်သွားရှာပြီး ဦးကြီးမြသန်းကို ခေါင်းတညိတိညိတ်လုပ်ပြရင်း...
" သားလည်း လာချင်နေတာကြာပြီ... ဒယ်ဒီက ဦးကြီးအတွက် အထုပ်တွေထည့်ပေးလိုက်တယ်... "
အထုပ်ဆိုသော အသံကြားသည်နှင့် သတိုးက အလိုက်တသိပင် မိမိလက်ထဲမှ အထုပ်များစွာကို ဦးကြီးမြသန်း မြင်သာအောင် လှမ်းပြပေးမိဧ။်။
" ဒါနဲ့ ဒီက လူငယ်လေးက ဘယ်သူတုန်း... "
သတိုးလက်ထဲက အထုပ်တွေကို ဇိုက်ကလှမ်းယူကာ အနီးအနားရှိ ကွတ်ပျစ်ပေါ် သွားတင်နေသည့်အခိုက် သတိုးက ဦးကြီးမြသန်းအား...
" ကျွန်တော့်က သတိုးဆိုက်ခေါင်ပါ ဦးကြီး... မစ္စတာရစ်ချက်က ဦးကြီးဆီက စာရွက်စာတမ်းတွေ အဆင်ပြေရင် ကျွန်တော့်နဲ့တပါတည်း ထည့်ပေးဖို့ မှာလိုက်လို့ပါ... "
ဦးကြီးက သူ့ရဲ့ခပ်တိုတိုမုတ်ဆိတ်စကို အသာပွတ်ကာ စဉ်းစားနေရင်းမှ သတိရသွားဟန်ဖြင့်...
" အော် အေးကွယ်... ဦးကြီး အမှတ်ရပြီ.... စာရွက်က လက်မှတ်ထိုးပြီးနေပြီ သွားယူချေဦးမယ်... ခဏစောင့်နေတုန်း ဇိုက်... သားရေ မင့်အကို့ကို မိုင်းကိုင်စက္ကူတွေ လိုက်ပြပေးလိုက်ဦးလေ..."