Unicode
လျှို့ဝှက်လေသော လိပ်ပြာ 🦋
အပိုင်း (၁၂)မိနစ်ပိုင်းမျှ အပြန်အလှန် စိုက်ကြည့်နေရာမှ သတိုးဆိုက်ခေါင်က စကားစပြောကာ အုံ့နွေးနွေးဖြစ်နေတဲ့ ဇိုက်တို့ကြားက လေထုအနေအထားကို ပြောင်းလဲလိုက်သည်။
" ဇိုက်... မင်းက သဘောထားကြီးတဲ့သူပဲ "
သတိုးဆိုက်ခေါင်ရဲ့ စကားကြောင့် ဇိုက် ရင်ထဲမှာ လှပ်ကနဲ ပျော်သွားမိပေမယ့် မျက်နှာက မပြုံးမိအောင် ထိန်းကာ...
" ကျွန်တော် သဘောထားကြီးတာ အခုမှ သိတာလား ပြောပါဦး " ဟု ခပ်တည်တည် မေးခွန်းထုတ်လိုက်တော့ သတိုးဆိုက်ခေါင်က ပြာပြာသလဲဖြင့် ...
" မဟုတ်ပါဘူး... သိတာ နည်းနည်းကြာပြီ အခုမှ ထုတ်ပြောဖြစ်တာ ... "
သတိုးအမူအရာကို ကြည့်ရင်း ဇိုက် ဟန်မဆောင်နိုင်တော့ဘဲ အားရပါးရ ရယ်မောမိသည်။
" ရပါပြီဗျာ ... အခုပြောလည်း နောက်မကျသေးပါဘူး "
သတိုးကပါ ဇိုက်နဲ့အတူ ပေ့ါပေ့ါပါးပါး ရယ်မောလာသည်။
အတူလျှောက်လှမ်းရင်း မဟော်ရာစံအိမ်အနီး ရောက်ရှိလာတော့ သတိုးဆိုက်ခေါင်က...
" ဇိုက် ... မင်း အဆင်ပြေရင် ... "
စကားပြောလက်စကို ရပ်တန့်လိုက်တာကြောင့် ဇိုက်က ...
" ခင်ဗျား ပြောရင်း ရပ်ပြန်ပြီ ... ပြောစရာရှိတာ ပြောဗျာ ... အမြဲ အဲလိုပဲ "
" ငါ မင်းကို ပြောစရာ ရှိတယ် ... ဒါပေမယ့် ဇိုက် စိတ်ထဲ အဆင်မပြေ ဖြစ်မှာစိုးလို့ပါ "
" အခုမှ ကျွန်တော့် စိတ်ခံစားချက်ကို အရမ်းတွေးပေးနေပါလား "
" ငါတို့ ညီအကိုနှစ်ယောက်ကြောင့် ဇိုက် စိတ်ညစ်ခဲ့ရတာ တွေးမိတိုင်း အားနာမိတယ် ... အခု ပြောမှာကလည်း နောင်ရိုး က ဇိုက်ဆီ စကားပါးလိုက်လို့ပါ "
သတိုးထံမှ နောင်ရိုး ဆီက စကားပါး လိုက်တယ်ဆိုတာကြောင့် ဇိုက် သိလိုစိတ် ပိုမို ပြင်းပြလာမိသည်။
" ဘာပြောလိုက်လဲ သတိုး "
" နောင်ရိုးက ဇိုက်ကို တွေ့ချင်တယ်လို့ ပြောပေးပါတဲ့ ... "