[Zawgyi]
လျှို့ဝှက်လေသော လိပ်ပြာ 🦋အပိုင်း (၄)
" ညအခါ
လ သာသာ
ကစားမလား
နားမလား... "သတိုးနှုတ်ခမ်းသားတွေ လှုပ်ခတ်သွားတာသာ မမြင်ရလျှင် ထိုကဗျာကို သတိုးဆိုက်ခေါင်လိုလူက ရွတ်ဆိုပြလိမ့်မည်ဟု ဇိုက် တခါမျှ မတွေးတောခဲ့ဘူးပေ။
" သတိုး... ခင်ဗျားကို ကြည့်ရတာ တမျိုးပဲ... ညဘက်ကြီး လအလင်းရောင်အောက်မှာ တခုခု ကစားဖို့ စိတ်ကူးနေတာလား..."
သတိုးဆိုက်ခေါင်ရဲ့ ခပ်စူးစူးအကြည့်တွေက ဇိုက်ရဲ့ ပြာလဲ့လဲ့မျက်ဆံအတွင်းရှိ နက်ရှိုင်းတဲ့နေရာအထိ ထိုးဖောက်ဝင်ရောက်ကြည့်ရှုရင်း တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့်။
" ဆိုက်ခေါင်... ဟေး... ကျွန်တော် စကားပြောနေတယ်လေ "
ဆိုက်ခေါင်ဟု ခေါ်ဆိုသတိပေးကာမှ ထိုလူကြီးက သတိပြန်ကပ်လာသူပမာ ဇိုက်ကို အပြုံးတစ်ခု တုံ့ပြန်ရင်း သူ့ညာဘက်လက်ကို ဇိုက်အနီးသို့ တဖြည်းဖြည်း ဆန့်ထုတ်၍ နောက်ဆုံး ဇိုက်ရဲ့မျက်လုံး အနီးတွင် ရုတ်တရက် ရပ်တန့်သွားလေပြီး...
" ဘာကြောင့် မင်းမျက်ဝန်းပြာက အထီးကျန်မှုတွေနဲ့ပြည့်နှက်နေရတာလဲ... ခံစားချက်မဲ့နေတဲ့ နှလုံးသားတစ်ခုနဲ့ ဘယ်လို့မျိုး အသက်ရှင်နေတာလဲ... "
ဇိုက်ရဲ့ သိုဝှက်သိမ်းဆည်းထားတဲ့ အရာတွေကို တစ်လွှာချင်းခွာချပြနေသလိုပါပဲ။
ဆိုက်ခေါင်ရဲ့စကားတွေကြောင့် ဇိုက် အတော်လေး အံ့အားသင့်ကာ ဝမ်းနည်းမှုကိုပါ တပြိုင်နက် ခံစားရရှိမိတဲ့အပြင် ဇိုက်တစ်ယောက် နေ့ရက်တိုင်း၌ ပျော်ရွှင်ချင်ယောင်ဆောင်နေရသော မိမိဘဝက မည်မျှ အထီးကျန်နေကြောင်း ပြန်သတိရမိသွားရဧ။်။
ဆို့တက်လာသော မျက်ရည်စတွေကို ဇိုက် မျက်တောင်တဖျက်ဖျက်ခတ်ရင်း အမြန်ဖယ်ရှားပစ်လိုက်သည်။
" ကျွန်တော်က ခင်ဗျားကို အားပေးဖို့လာခဲ့တာ... အခုတော့ တကယ်တမ်း ဝမ်းနည်းနေတာက ကျွန်တော့်ကိုယ်တိုင် ဖြစ်နေခဲ့တာပဲ... နှုတ်ဆက်တယ်ဗျာ... "
ဇိုက် ထိုစံအိမ်အတွင်းမှ အလျှင်အမြန်ပြေးထွက်ကာ ဆိုက်ခေါင်ကို ပြန်လှည့်မကြည့်မိရန် မနည်းကြိုးစားလိုက်ရဧ။်။