[Zawgyi]
လျှို့ဝှက်လေသော လိပ်ပြာ 🦋အပိုင်း (၃)
ဇိုက်အကြည့်တွေကို တဖက်ကလူကြီး မျက်နှာလွှဲပစ်လိုက်မယ်မှန်း ကြိုတွေးထားပြီး ဖြစ်ဧ။်။
လူအတော်များများထံမှ ဇိုက်ရဲ့ ပြာလဲ့လဲ့မျက်ဆံအရောင်ကို မနှစ်သက်သော၊ ထူးဆန်းသော တုံ့ပြန်မှုနဲ့ ဇိုက် အသားကျနေခဲ့တာ ကြာလှပေါ့။
သို့သော် ဆိုက်ခေါင်ထံမှ တုံ့ပြန်မှုတွင် အရင်ကလူတွေနဲ့ မတူညီသော အတွေးအမြင်ရှိသည်ဟု ဇိုက် ခံစားမိလိုက်ရသည်။
သတိုးဆိုင်ခေါင်က တောင်တန်းတွေဘက်ကို လက်ညှိုးညွှန်ပြရင်း...
" ခက်ငယ် အိမ်က ဒီနေရာနဲ့ နီးပြီလား... ဇိုက် "
ဇိုက် ခေါင်းအသာညိမ့်ပြလိုက်ပြီးနောက် မိမိအရှေ့ကနေ ခပ်သွက်သွက်လေး ခြေလှမ်းကျယ်ကြီးနဲ့လျှောက်နေသူ သတိုးအနောက်သို့ နောက်ကျ မကျန်ရစ်အောင် ထက်ကြပ်မကွာ လှမ်းလျှောက်လိုက်တော့ဧ။်။
မမ မေရီက အထောက်တော် သတိုးဆိုက်ခေါင်နဲ့ ဟိုးအရင်ကတည်းက အလွန် ရင်းနှီးသိကျွမ်းနေသူပီပီ ဒီလူကြီးကို မမက မြင်သည်နှင့် ဝမ်းသားအားရဖြင့် ပြေးဖက်ရှာလေသည်။
မမရဲ့နှုတ်ကလည်း " ကိုကိုကြီး " ဟု ချစ်စနိုးခေါ်ဆိုနေသေးဧ။်။
သတိုးဆိုက်ခေါင် က မမ မေရီရဲ့ ပခုံးလေးကို အသာပုတ်ပေးလိုက်ပြီး သူ့အား တွယ်ဖက်ထားသော မမရဲ့လက်ဖြူဖြူသွယ်သွယ်လေးတွေကို အသာဖယ်ရှားကာ...
" ခက်ငယ်... ညီမလေးကို သတိရနေတာ " ဟုဆိုလေတော့ မမ မျက်နှာမှာ နှစ်သက်ခြင်းအရိပ်အယောင်တွေက ဖုံးမရအောင် ထင်ရှားပေါ်လွင်လွန်းလှသည်။
မမ ပြုံးနေရာမှ အနောက်မှာရပ်ကြည့်နေတဲ့ ဇိုက်ကို အခုမှ သတိထားမိသွားပြီး...
" ဟယ်... ဇိုက်... ကိုကိုကြီးကို လိုက်ပို့ပေးတာလား ငါ့မောင်က သိပ်ကူညီတတ်တာပဲ... "
" ကျွန်တော့်လည်း မမနဲ့ မတွေ့တာကြာလို့ ကြုံတုန်း လိုက်ပို့ပေးတာပါ..."
မမ မေရီက ကျွန်တော်နဲ့ သတိုးဆိုက်ခေါင်ကို ဧည့်ခန်းထဲဝင်ထိုင်ဖို့ပြောတာမို့ ဇိုက်လည်း မမ စိတ်တိုင်းကျ ကျွန်းကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
![](https://img.wattpad.com/cover/288711051-288-k521058.jpg)