Part 9 ❤

5.2K 440 28
                                    

ဒီနေ့ holiday ဖြစ်တာကြောင့် လင်ဒါတို့က လျှောက်လည်ကြမယ်ဆိုလို့ မောင်မှာ အစောကြီးထကာ ပြင်ဆင်ပြီး မောင်တို့ ဆိုင်ရဲ့
လမ်းတစ်ဖက်ခြမ်းမှာ ရှိတဲ့ ခုံတန်းပေါ်ထိုင်ကာ စောင့်နေလိုက်သည်။ ဆယ်မိနစ်လောက်အကြာမှာတော့ လင်ဒါနဲ့ မာ့ခ်တို့ရောက်ရှိလာလေသည်။

"လင်ဒါ နင်နော် ပြောတော့ ကိုးနာရီ ဒေါင်ခနဲ ထိုးတာနဲ့ ရောက်စေရမယ်ဆို ဒီမှာ ဆယ်မိနစ်တောင်ကျော်နေပြီ "

လက်မှာ ပတ်ထားတဲ့ နာရီကို ပြကာ လင်ဒါကို ဟောက်လိုက်တော့ ရုပ်က စပ်ဖြီးဖြီးနဲ့ မောင့်နားကို ဝင်ထိုင်လေသည်။

"မောင်လ်ကလည်း ငါလည်း အလှတွေဘာတွေ ပြင်ရသေးတယ်လေ အာ့ကြောင့်နောက်ကျသွားတာ စိတ်မဆိုးပါနဲ့ Bff လေးက "

"သွားပါ ဘာမှ bff မဟုတ်ဘူး မသာမကြီး "

"What! !!!! မောင်လ် နင်နော် ငါ့ကို အဲ့လိုမပြောနဲ့ အဲ့စကားကြားရင် နင့်ငါ့ကို ဂျင်းထည့်သွားတဲ့ အချိန်ကို သတိရလွန်းလို့ 😡😡😡"

"ဟား..ဟား..ဟား..အဲ့တုန်းက ဘယ်ကောင်မလေးလည်းမသိပါဘူး အဲ့စကားကို ကြိုက်လွန်းလို့ ဆိုပြီး ပါးစပ်က မချပဲ ပြောနေလိုက်တာ 🤣🤣🤣"

"ခွေးကောင် 😠😠😠"

မောင်စလိုက်တာကြောင့်လင်ဒါတစ်ယောက် စိတ်ဆိုးဆိုးနဲ့ မောင့်ကို လိုက်ရိုက်နေလေသည်။ မောင်ကလည်း သူရိုက်တာ ဘယ်ငြိမ်ခံလိမ့်မလည်း ခုံတန်းကို ပတ်ပြီး ပြေးတာပေါ့... အဲ့ကိစ္စကို စဥ်းစားလိုက်တိုင်း မောင်အရမ်းရယ်ချင်သည်။ လင်ဒါတစ်ယောက်
မ.သာ.မ ဆိုတာကို အဓိပ္ပါယ်အမှန်မသိဘဲ ပါးစပ်က မချတမ်းပြောခဲ့ဖူးသည်။ နောက်တော့မှ သူ့အမရဲ့ သူငယ်ချင်းက မြန်မာလူမျိုးဖြစ်ပြီး လင်ဒါ ပြောတဲ့ စကားကို ကြားပြီး အဓိပ္ပါယ်ရှင်းပြလိုက်တော့ လင်ဒါတစ်ယောက် မောင့်ကို ကျောင်းရောက်ရောက်ချင်း လိုက်ရိုက်လေတော့သည်။

အဲ့ကိစ္စပတ်သတ်ပြီးတော့လည်း မောင့်ကို အစာမကြေ..ထိုစကားကို ကြားတိုင်း မောင့်ကို လိုက်ရိုက်လေသည်။ အခုလည်း လင်ဒါက လိုက်ရိုက်နေတာကြောင့် ခုံတန်းကို ပတ်ပြီးပြေးနေခိုက် မောင့်ခေါင်းကို ဘယ်ကလာမှန်းမသိတဲ့ ဗူးခွံလာမှန်တာကြောင့် မောင်ခဏတာ အီစလီဝေသွားလေသည်။

♥Baby tomboy ♥ Uni+ZawWhere stories live. Discover now