Baby Tomboy
Ep. 14
ဟိုတစ်ယောက်ထွက်သွားပြီးကတည်းက မောင့်မှာ အခုချိန်ထိ ကြောင်တောင်တောင်နဲ့ကြောင်ခဲ့တုန်း..တွက်နေတဲ့ ပုစ္ဆာတွေလည်း အကုန်လုံး အမှားတွေ..ဒီတစ်ယောက်နဲ့ ငါသေချင်တယ်..
ဟိုနေ့ကမှ တွေ့တဲ့ဟာကို အခုရည်းစားစကားပြောသွားတဲ့ သူ့ကို ဘယ်လိုမှ နားမလည်နိုင်ပါ..အထူးသဖြင့် သူဟာ crown ဖြစ်နေလို့ ပိုတောင် မယုံကြည်နိုင်သေး..မောင်ကြားတာတော့ သူက တော်တော်လေးကို အေးပြီး ချေတတ်တဲ့သူပါ အခုမောင်တွေ့နေရတဲ့သူဟာ ကြားဖူးတဲ့ crown နဲ့ နည်းနည်းလေးမှ မဆင်..လူစားထိုးလိုက်သလားတောင်မှတ်ရသည်။
ဘာပဲဖြစ်ဖြစ် သူ့အကြောင်း မတွေးတော့တာပဲကောင်းပါတယ်..crown အကြောင်းကို စိတ်ထဲက ထုတ်ကာ စာပြန်တွက်မယ်လုပ်နေခိုက် ဖုန်းက တက်လာတဲ့ noti ကြောင့်ကြည့်လိုက်တော့ အမမာရီယာက လာ hi ခြင်းဖြစ်သည်။
Mari - Hi
Mg. - hi ပါ ခဗျ
Mari - ဘာလုပ်နေလည်း
Mg - စာကြည့်နေတာ အမ မာရီယာ
Mari - ဟုတ်လား တို့နှောင့်ယှက်သလိုများဖြစ်သွားလား
Mg - မဖြစ်ပါဘူး အမမာရီယာရဲ့ မဟူတ်လည်း ခဏနေ နားတော့မလို့လုပ်နေတာMari - ဒါဆို စကားပြောကြရအောင်
Mg - ဟုတ်
Mari - အရင်ဆုံး တို့ကို အမမာရီယာ လို့ အရှည်ကြီးမခေါ်ပါနဲ့လား
Mg - အမ်...ဘယ်လိုခေါ်ရမလည်းဟင် 🤔🤔🤔မေးစေ့လေးကို လက်လေးနဲ့ ပွတ်နေတဲ့ emoji လေးပို့လာတဲ့ မောင်ကြောင့် မာရီယာ အရမ်းအသည်းယားလာသည်။ ထိုကလေးလေးက လူသာမက အပြုအမူတွေကပါ ချစ်ဖို့ကောင်းနေတာ..
Mari - ဘယ်လိုခေါ်ချင်လည်း
Mg - အခုအကောင့်နာမည်အတိုင်း မာရီလို့ ခေါ်မယ်လေ အဆင်ပြေလား
Mari - အင်း.မဆိုးဘူး ကောင်းတယ်
Mg - 😅😅😅ထိုနေ့ညက အမမာရီယာနဲ့ စကားပြောနေတာနဲ့ပင် အချိန်ကုန်ခဲ့လေသည်။ ဟိုဘွားတော်အကြောင်းတော့ သတိမရတော့..
မနေ့ညက မာရီ နဲ့စကားပြောနေတာကြောင့် အိပ်ယာဝင်နောက်ကျခဲ့လေသည်။ အိပ်ချင်နေသေးတာကြောင့် မုန့်စားဆက်းချိန်လေး အိပ်မလို့လက်နှစ်ဖက်ပေါ် ခေါင်းခုနေတုန်း ဘေးနားကနေ အလောတကြီးနဲ့ လူကို လာနိုးလေသည်။
BINABASA MO ANG
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး