Baby Tomboy
Ep. 19.
"အဲ့တော့ နင်ဘယ်လိုလုပ်မယ်လို့စဥ်းစားထားလဲ "
"အော် ငါသိနေရင် နင့်ခေါ်ပါ့မလား မသိလို့ နင့်ဆီ အကြံညဏ်တောင်းတာပေါ့ "
နေ့လည်က ကိစ္စကို လင်ဒါ့အားပြောပြပြီး စိတ်ဆိုးသွားတဲ့ ဟိုတစ်ယောက်ကို ဘယ်လိုပြန် ချော့ရမလဲဆိုတာ သူ့ဆီအကူအညီတောင်းပါရဲ့..သူက ကိုယ်ကို ဘာပြန်လုပ်မလဲလို့မေးနေတော့ စိတ်ပေါက်ပြီလေ..
"မောင်လ် နင်ပြောသလိုဆိုရင် နင့်ဘက်က နည်းနည်းတော့လွန်သွားတယ်ဟ နင်မကြိုက်ရင်လည်း တိုးတိုးသာသာပြောလို့ရတဲ့ဟာကို
နင်က စီနီယာနှစ်ယောက်ရှေ့မှာ အော်လိုက်တော့ သေချာပေါက်ရှက်သွားမှာပဲ ""အေးလေ အဲ့တာကြောင့် သူ့ကို ဘယ်လိုပြန်တောင်းပန်ရမလဲ နင့်ကိုမေးနေတာပေါ့ "
"ဒါနဲ့ နေပါအုန်း နင့်ကို မေးပါအုန်းမယ် စိတ်မဝင်စားဘူးလို့ ပြောနေတဲ့နင်က ဘာလို့ သူ့ကို သွားတောင်းပန်ချင်နေရတာလဲ သူဘာသာသူ စိတ်ဆိုးသွားတော့ သူလဲ နင့်နားရှေ့လျှောက်မကပ်တော့ဘူးလေ
နင့်အတွက်ပိုကောင်းတာပေါ့ မဟုတ်ဘူးလား ""မဟုတ်ဘူးလေဟာ..ဟို..ဟို...ငါ..ငါက "
လင်ဒါပြောတာ ဟုတ်သားပဲ.. သူ့ဘာသူစိတ်ဆိုးလို့မက ဘာပဲဖြစ်ဖြစ်ငါနဲ့မှ မဆိုင်တာ ..ဒါကို ငါကဘာလို့ စိုးရိမ်နေရတာလဲ..
"မောင်လ် နင်နော် မှန်မှန်ပြော crown ကို စိတ်ဝင်စားနေတာမလား "
"ဘာ..ဘာလို့စိတ်ဝင်စားရမှာလဲ ဒီကိစ္စက ငါ့ဘက်က လွန်သွားတယ်ထင်လို့ပါနော် ငါ့မေမေက ကိစ္စတစ်ခုမှာ ကိုယ့်ဘက်က မှားသွားခဲ့ရင် ချစ်ချစ်မုန်းမုန်း ပြန်တောင်းပန်ရမယ်လို့ မှာထားလို့ပါ
""ဟုတ်ပါပြီ ဟုတ်ပါပြီ မားမား tomboy လေးရယ် နားရွက်တွေလည်း ရဲနေပြီ မရှက်ပါနဲ့တော့ ငါက ဒီတိုင်းစလိုက်တာပါ "
"ya.. လင်ဒါ နင်နော် 😠😠"
မျက်နှာကြီးနီပြီး ရှက်နေတဲ့ မောင်လ်ဟာ ဒေါသထွက်နေပေမယ့်လည်း ချစ်ဖို့ကောင်း နေလေသည်။ မောင်လ်က ဒေါသထွက်နေတဲ့အချိန်နဲ့ ရှက်နေတဲ့အချိန်ဆို အရမ်းချစ်ဖို့ကောင်းသည်။ ဒီလိုတွေ ချစ်ဖို့ကောင်းနေတာကြောင့် ကျောင်းရဲ့ အချေဘုရင်မ ရေခဲတုန်းနှလုံးသားကို ပိုင်ဆိုင်ထားတယ်လို့ နာမည်ကြီးတဲ့ စီနီယာ crown
က သဲသဲလှုပ်ဖြစ်သွားတယ်ထင်ပါရဲ့..အခုလည်း အမြဲ ချေမိုးနေတတ်တဲ့ အချေဘုရင်မကို သူက ပြန်ချေရုံတင်မကပဲ ပြန်တောင်အော်လာတယ်တဲ့လေ..သူမို့လို စီနီယာ crown ကို အော်လာရဲတယ်လို့..ဟိုကသူ့ကို အရမ်းချစ်မှန်းသိလို့ ဆိုးလာတဲ့ မောင်လ်ရယ်ပါ..အဲ့နေရာမှာ မောင်လ်မဟုတ်ဘဲလတစ်ခြားသူသာဆိုလို့ကတော့ ဒီအချိန်မှာ သေချာပေါက် ခေါင်းနဲ့ ကိုယ်နဲ့ မြဲမှာမဟုတ်..
ESTÁS LEYENDO
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး