Baby Tomboy
Ep. 36
ဂျာမနီမှာ တစ်ညနေပြီးသားနဲ့ လန်ဒန်သို့ပြန်လာခဲ့ကြလေသည်။ ကံကောင်းသည်က မောင်တို့ ဂျာမနီသွားခဲ့တာကို ဘယ်သူမှ မသိလိုက်ခြင်းပင်..အိမ်ပြန်ရောက်တာနဲ့ မမဒယ်ဒီ့ဆီကို အရင်ဝင်ကာ အဆင်ပြေကြောင်းပြောရသေးသည်။ အိမ်မှာ မောင်ဂျာမနီသွားတယ်ဆိုတဲ့ ကိစ္စကို မမဒယ်ဒီက လွဲပြီးဘယ်သူမှသိတာမဟူတ်ဘူးလေ...
အိမ်ရောက်တော့ ဟန်မပျက်နေလိုက်ပြီး ဂျာမနီသမ္မတကြီးပေးလိုက်တဲ့ လျှို့ဝှက်နဲ့ Email ဝင်လိုက်တော့ မောင့်ကို ပို့ထားတာဘာမှမရှိသေး...ဒါကြောင့် ကျောင်းက စာအနည်းငယ်လုပ်၍ မမအား ထမင်းစားဖို့ လှမ်း မက်ဆေ့ပို့ရသည်။ မဟုတ်ရင် မမတစ်ယောက် တစ်နေကုန်တစ်နေခမ်း ထမင်းစားမှာမဟုတ်တာကြောင့်ပင်..
မောင် ပို့ပြီး တစ်အောင့်လောက်ကြာတော့ ကုမ္မဏီက သူ့ရုံးခန်းထဲမှာ နေ့လည်စာစားနေတဲ့ ပုံလေးလှမ်းပို့လိုက်တဲ့မမ..မမက မောင့်စကားကို အဲ့လိုမျိုးနားထောင်တာ..သူ့ပုံလေးတွေကြည့်နေခိုက်
ကုမ္မဏီလာခဲ့ ဟူသော မက်ဆေ့ကြောင့် လုပ်လက်စ စာလေးတွေကို ခဏထားကာ မမကုမ္မဏီသို့ သွားဖို့ပြင်ရလေတော့သည်။ကုမ္မဏီရောက်တော့ အားလုံးဟာ တိတ်ဆိတ်လို့နေလေသည်။ အမှုဖြစ်တာကြောင့် ကုမ္မဏီလည်ပတ်မှုကို ခဏရပ်ဆိုင်းထားတာကြောင့် လုံခြုံရေးကလွဲလို့ တစ်ခြားဝန်ထမ်းတွေမရှိပေ..စာရွက်စာတမ်းတွေလည်း စုံစမ်းရေးက စစ်ဆေးဖို့အတွက် တစ်ချို့ဟာတွေ သိမ်းသွားတာကြောင့် အားလုံးဟာ ပြောင်ရှင်းလျက်..
CEO ရုံးခန်းရောက်တော့ ကုမ္မဏီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မစ္စအိန်ဂျလာက မောင့်က်ု မြင်တာနဲ့ ရုံးခန်းဘက်ကို လက်ညိုးထိုးပြလေသည်။ ရုံးခန်းထဲဝင်လိုက်တော့ တွေ့ပါပြီ..စာရွက်တွေကြားခေါင်းမြှုပ်နေတဲ့ မောင့်ရဲ့မမ..ကြည့်ရတာ မောင်ရောက်နေတာကို မသိသေးတဲ့ ပုံပဲ...
တိတ်တိတ်လေး နောက်ကနေ သိုင်းဖက်လိုက်တော့ မမက လန့်သွားပုံမပေါ်ပေ..
"သိနေတာလား "
"ကိုယ်ကဘယ်တော့မှ ကိုယ့်ကလေးလေးရဲ့ ကိုယ်သင်းနံ့ကိုမမေ့ဘူး လာ ပေါင်ပေါ်ထိုင် "
BINABASA MO ANG
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး