Baby Tomboy
Ep. 33
crown ရဲ့ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေတဲ့
အကောင်ပေါက်ကလေးကို ကြည့်ရင်း crown ရင်ထဲမှာ ကြညနူးမှုတွေအပြည့်နှင့်..မနေ့ညတုန်းကတော့ ကျားတစ်ကောင်လိုသူကပဲ ဦးဆောင်သွားပြီး အခုကျတော့ ယုန်ပေါက်စလေးပြန်ဖြစ်နေတဲ့ ပေါက်စ..crown ရဲ့ ရင်ဘတ်မှာလည်း ကိုက်ရာတွေအပြည့်နဲ့ပင်..
ချစ်ရတဲ့ ပေါက်စလေးရဲ့ မျက်နှာအစိတ်ပိုင်းတစ်ခုဆီကို ချစ်မြတ်နိုးစွာနဲ့ ဖွဖွလေး နမ်းလိုက်တော့ အင်းအင်းအဲအဲနဲ့ မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်ကာ နိုးလာလေသည်။အိပ်ချင်မူးတူးရုပ်လေးနဲ့ crown ကို ရင်ခွင်ထဲကနေ မော့အကြည့်၌ မနေ့ညကအကြောင်းကို ပြန်တွေးမိသွားလို့ ထင်ပါရဲ့.. မျက်နှာမှာ ချက်ချင်း ပန်းရောင်သန်းလာပြီး ဟိုဘက်ကို လှစ်ခနဲနဲ့လညှ့်သွားတဲ့ ပေါက်စ..
"ဟင်းဟင်း ရှက်နေတာလား ကိုယ့် babe လေးက မနေ့ညတုန်းကတော့ ဒီလိုပုံစံမဟုတ်ပါဘူး "
ညတုန်းကတော့ လုပ်ချင်ရာလုပ်ထားပြီး မိုးလင်းတော့ အရှက်သည်းနေတဲ့ ပေါက်စကို crown တစ်ယောက် စကာ နောက်ကနေ ဖက်လိုက်လေသည်။နှစ်ယောက်လုံး nacked body ဖြစ်တာကြောင့် crown ဖက်လိုက်တာနဲ့ နှစ်ယောက်သားရဲ့ အသားစိုင်တွေက ထိတွေ့လို့သွားလေသည်။
"ခင်ဗျားနော်..ဖယ်တော့ အဲ့လက်ကို ရေချိုုးခန်းထဲသွားရင်သွား မသွားရင် အဝတ်အစားတွေဝတ်တော့ အခုတော့ ဖက်ထားတဲ့လက်ကို ဖယ်ပေးအုန်း "
ဖက်ထားတဲ့ crown ရဲ့ လက်တွေကို ဇွတ်ဖယ်ချကာ crown ဘက်ကို မလှည့်ဘဲရှက်လွန်းတာကြောင့် တုန်ရီနေတဲ့ အသံလေးနဲ့ ပြောလာတဲ့ ပေါကိစကြောင့် ဆက်မစတော့ဘဲ ရေချိုးခန်းထဲကိုသာ
ဝင်လိုက်လေသည်။ရေချိုးခန်းတံခါးဖွင့်ကာ ဝင်သွားတဲ့အသံကြားမှ မောင့်မှာ မချင့်မရဲ
ဟိုဘက်လေးကို ခေါင်းလှည့်ကြည့်တော့ မမကို မမြင်ရ..သူမရှိတာသေချာတော့မှ ကုတင်အောက်မှာ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေကို မြန်မြန်ဝတ်ကာ မနက်စာစားဖို့အတွက် အောက်ထပ်က reception ဆီဖုန်းခေါ်၍ မနက်စာများလာပို့ပေးရန် မှာကြားပြီးနောက် မမရေချိုးပြီးမယ့်အချိန်ကို ကုတင်ပေါ်၌ ထိုင်စောင့်နေလိုက်လေသည်။
YOU ARE READING
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး