Part 24 ♥

5.2K 386 15
                                    

Baby Tomboy

Ep. 24

X ပို့လိုက်တဲ့ CCTV မှတ်တမ်းတွေကို ကြည့်ပြီး ခိုးသွားတဲ့သူကိုတော့ သိရလေပြီ..ဒါပေမယ့် ဘယိသူ ဘယ်ဝါမှန်းမသိရ..mask နဲ့ ဦးထုပ်ကို အသေအချာတပ်ထားတော့ မျက်နှာမမြင်ရပေ..
သူ့ရဲ့ပုံကို copy ယူပြီး X ကို စုံစမ်းခိုင်းထားပေမယ့် အခုချိန်ထိ မသိရသေး....အခုနောက်ပိုင်း ပေါက်စရဲ့ လုံခြုံရေးကို ပိုပြီး တာဝန်ယူစောင့်ရှောက်ရတော့မည်။

သေချာပေါက် ပေါက်စကို မနာလိုပြီး လိုက်နှောင့်ယှက်နေတဲ့သူရှိနေတာတော့ သေချာပေါက်ပင်..ဒါကြောင့် ပေါက်စရဲ့အသွားအပြန်ကို
အဝေးကနေ လိုက်စောင့်ရှောက်ပြီး crown ကို အချိန်နဲ့တပြေးညီ သတင်းပေးဖို့ ပေါက်စနား ဘော်ဒီဂတ်နှစ်ယောက်ပို့ထားလိုက်လေသည်။ ပေါက်စကတော့ အဲ့ဒါကို သိပုံမရပေ..

........................

မကြာခင် Science Invention ပြိုင်ပွဲဟာ ကျင်းပတော့မည်ဖြစ်တာကြောင့် ပြိုင်ပွဲအတွက်ရွေးခံထားရတဲ့ မောင်တို့လေးယောက်မှာလည်း ကိုယ့်အလြပ်နဲ့ကိုယ်အလုက်ရှုပ်နေကြလေသည်။
မောင်နဲ့ ဘွားတော်ကတော့ ပြိုင်မယ့်အရာတွေအကုန်လုံး အကြမ်းပြီးနေပြီ.. အချောသတ်ဖို့ပဲ လိုတော့သည်။

မောင်က တင်ပြမယ့် fact တွေကို အသေးစိတ်ပြန်စစ်ဆေးပြီး
ဘွားတော်က စာတွေ power point တွေကို အပြီးသတ်အချောသတ်နေလေသည်။ ပြိုင်ပွဲ နီးလာတာကြောင့် မောင်နဲ့ ဘွားတော်နဲ့ အရင်ကလောက် စကားတောင်ကောင်းကောင်းမပြောဖြစ်..
အားတဲ့အချိန်တွေမှာလည်း လိုအပ်တဲ့ အချက်အလက်တွေ လိုက်ရှာနေရတာကြောင့် တစ် ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်ရင်တောင်
စာနဲ့ပတ်သတ်တာတွေပဲ ပြောဖြစ်တော့သည်။

တစ်နေ့လုံး လပ်တော့ထဲ ေခါင်းနှစ်ကာ လုပ်နေရတာကြောင့်
ကျောင်းဆင်းတော့ လူလည်း ခါးတွေတောင့်ကာ ခန္ဓာကိုယ်က ညောင်းညာ ကိုက်ခဲနေလေပြီ......Car parking ရောက်တော့ ဘွားတော်ရဲ့ ပြိုင်ကားအနက်ရောင်လေးက မောင့်ရှေ့ကို ရောက်လာလေသည်။ ကားထဲရောက်ပြီး ခါးပတ်ပတ်ပြီး တာနဲ့ ထိုင်ခုံကို အနောက်နည်းနည်း လှန်ချလိုက်ကာ အိပ်ဖို့ပြင်လိုက်လေသည်။ အိမ်ရောက်ရင်လည်း စာလုပ်ရမှာမို့ ရတဲ့အချိနိလေးကို အသုံးချကာ အိပ်ဖို့ပြင်နေခြင်းဖြစ်သည်။

♥Baby tomboy ♥ Uni+ZawNơi câu chuyện tồn tại. Hãy khám phá bây giờ