Baby Tomboy
Ep. 31
ဒီနေ့ဟာ မောင်နဲ့ မမတို့ရဲ့ နှစ်နှစ်ပြည့် Anniversary day ဖြစ်သည်။ Christmas ကျောင်းပိတ်ရက်နဲ့ တိုက်တာကြောင့်
မောင်တို့ရဲ့ Anniversary ကို ဟာဝိုင်အီကျွန်းကို သွားလည်မယ်ဟု အစီအစဥ်ဆွဲထားတာကြောင့် မောင်တစ်ယောက် စောစောစီးစီးထကာ မနေ့ညက ထည့်ထားတဲ့ အဝတ်အစားအိတ်တွေကို သေချာပြန်စစ် ေနလေသည်။လိုအပ်တာတွေပါလာတယ်ဆိုတာသေချာမှ မမဆီဖုန်းဆက်ကာ အိမ်ကိုလာခေါ်ခိုင်းလိုက်တော့ နာရီဝက်လည်းကြာရော အိမ်ရှေ့ရောက်လာတဲ့ မမရဲ့ကား..အဝတ်အစားအိတ်ကိုကိုင်ကာ အိမ်ရှေ့ရောက်သည်အထိ မေမေက ဟိုမှာဂရုစိုက်ဖို့အကြောင်းတဖွဖွမှာနေလေသည်။
ငယ်ငယ်လေးကတည်းက မိဘမပါဘဲ ပထမဦးဆုံး ညအိပ်ခရီးထွက်ရမည့် မောင့်ကို မေမေတို့စိတ်ပူတာမဆန်းပေ..မေမေကငယ်ငယ်လေးကတည်းက မောင့်ကို အပြင်တောင်သိပ်မထွက်ခိုင်း..ခရီးတွေဘာတွေသွားရင်လည်း မေမေကမပါမနေကျဖြစ်လေသည်။
အခုတောင်မမပါတာမို့လို့ မေမေကခွင့်ပြုပေးခြင်းဖြစ်၏။ အခြားသူသာဆိုရင် လုံးဝခွင့်ပြုမှာမဟုတ်ပေ.."သမီးလေး မောင် ဟိုရောက်ရင် ရေတွေတအားမဆော့နဲ့ကြားလား ရေဆော့ပြီးရင်လည်း ချက်ချင်းရေပြန်ချိုး ရေစိုဝတ်ကြ၏ိနဲ့ နေပူထဲလဲ လျောက်မသွားနဲ့ အပူရှပ်မယ်ကြားလား "
"ဟုတ်ပါပြီ မေမေရယ် မေမေမနေ့ညကတည်းက ဒါတွေချည်းပြောနေတာ မမောဘူးလား ပြီးတော့ မမလည်း ပါတာပဲကို ""
"ဟုတ်ပါတယ် မေမေရယ် သမီးသူ့ကို သေချာဂရုစိုက်မှာပါ စိတ်မပူပါနဲ့နော် "
"အေးပါကွယ် သမီးလေး သရဖူပါလို့သာ မေမေ့မှာ လွှတ်ရတာ မဟုတ်ရင် ဒီကလေးကို မေမေကစိတ်ချတာမဟုတ်ဘူးကွယ့်..
"နောက်ဆုံးမမဝင်ပြောတော့မှပဲ မေမေ့ရဲ့ မှာတမ်းချွေတာ ပြီးဆုံးသွားလေသည်။ စိတ်ပူနေတဲ့ မေမေ့အား ဖက်လိုက်ပြီး
"စိတ်မပူပါနဲ့နော် မေမေ မောင်ဟိုရောက်ရင် ချက်ချင်းဖုန်းဆက်လိုက်ပါ့ယမ် Vedio Call လည်း ခေါ်လိုက်မယ်လေ ဟုတ်ပြီလား "
VOUS LISEZ
♥Baby tomboy ♥ Uni+Zaw
Roman d'amourကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး