Part 16 ❤

5.5K 377 14
                                    

Baby Tomboy

Ep. 16

အာ...သေချင်တယ် သေချင်တယ်..ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ ကိုယ့်ရဲ့ မျက်နှာကြီးကို ကြည့်ပြီး စားပွဲခုံနဲ့ နဖူးနဲ့သာ အကြိမ်ကြိမ်ဆောင့်မိနေတော့တယ်..J & T ကျောင်းရဲ့ Queen
နဲ့ ပထမနှစ် ထူးချွန်ကျောင်းသားလေး Khoon Sat Mg Mg
တို့ရဲ့ အချစ်ဇာတ်လမ်း ဆိုတဲ့ ခေါင်းစဥ်ကြီး နဲ့ ကျောင်းရဲ့ page
မှာတက်နေတဲ့ မောင်နဲ့ ဟိုဘွားတော်ရဲ့ နေ့လည်ကန်တင်းက ပုံတွေ..

မနေ့ကတည်းက ကျောင်းရဲ့ page မှာ  မောင်တို့နှစ်ယောက်ရဲ့ သတင်းတွေက ပလူကိုပျံနေတာပဲ..အပေါ်ဆွဲလည်း ဒီသတင်း အောက်ဆွဲလည်း ဒီသတင်း.. ကြာလာတော့ ဖုန်းကို ပစ်ပေါက်ချင်စိတ်တွေပေါ်လာလေသည်။ ဒါပေမယ့် နှမြောပြီး မပစ်ရဲလို့သာ...

ကျောင်းပြန်လာကတည်းက ဘေးနားကနေ တဖွားမှ မခွာဘဲ မေးခွန်းတွေကြီး မေးနေတဲ့ လင်ဒါမကို မနည်း ပြန်ခိုင်းလိုက်ရသည်။ သူမေးတဲ့မေးခွန်းတွေလည်း မောင်မဖြေချင်တော့..အခုချိန်မှာ မောင့်ကို ဖြစ်ချင်တဲ့ဆန္ဒတစ်ခုပြောပါဆိုရင် လူတွေမရှိတဲ့နေရာလေးမှာ ခဏလောက်သွားနေချင်သည်။

မနက်ဖြန်ကျောင်းတက်ရင် ဘာတွေဖြစ်လာအုန်းမလဲဆိုတာ မောင်တွေးလေ တွေးလေ စိတ်ညစ်ရလေဖြစ်သည်။ သေချာတာတစ်ခုကတော့ မနက်ဖြန်ကစပြီး မောင့်ဘဝကတော့ ဟိုဘွားတော်ဆီမှာ
ရေတိမ်နစ်မယ့်ကိန်းတော့ မြင်ယောင်နေသည်။

"တောင် "

ဖုန်းဆီက noti ကြောင့် လင်ဒါမလားလို့ကြည့်လိုက်တော့ မာရီဖြစ်နေလေသည်။ အဲ..မာရီဆိုမှ သတိရတယ်..ဟုတ်သားပဲ ဒီနေ့ မောင့်ကြောင့်ဟိုဘွားတော်နဲ့မာရီတောင် ရန်ဖြစ်မလို ဖုစ်ခဲ့သေးတယ်...
မာရီကိုတောင်းပန်မယ် တောင်းပန်မယ်နဲ့ မေ့နေတာ..

Mari - မောင် အဆင်ပြေရဲ့လား
Mg - ပြေပါတယ် မာရီ မောင်လေ နေ့လည်ကကိစ္စနဲ့ပတ်သတ်ပြီး တောင်းပန်ချင်နေတာ မာရီလိုင်းတက်တာနဲ့အတော်ပဲ

Mari - တောင်းပန်စရာမလိုပါဘူး မောင်ရဲ့ ဒါပေမယ့်လေ တို့တစ်ခုလောက်တော့ မေးချင်တယ် မောင်နဲ့ crown နဲ့က တစ်ကယ်ချစ်သူတွေလား
Mg - မဟုတ်ပါဘူး မာရီ အဲ့တစ် ယောက်စကားယုံမနေနဲ့ နေ့လည်က သူ့ဟာသူ မောင့်ကို အတင်းအကျပ် သူ့ရည်းစားအဖြစ်သတ်မှတ်သွားတာ သူနဲ့မောင်ကဖြင့် ဘာမှမဆိုင်ဘူးရယ်

♥Baby tomboy ♥ Uni+ZawWhere stories live. Discover now